YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 4

လိုချင်တပ်မက်မှုကြောင့် သွေးဆောင်ဖျားယောင်းခံရခြင်း

အပြစ်ရဲ့ အရင်းအမြစ်က ဒီအလိမ်အညာတွေနဲ့စတယ်:ဘုရား‌ကမကောင်းမြတ်ဘူး၊ သူ့ကို ယုံကြည်လို့မရပါ၊ သူက ကျွန်တော်တို့ကို ချုပ်ကိုင်ထားတယ်။ ဒီလှည့်ဖျားမှုက ယနေ့တိုင်ရှိနေတာဖြစ်တယ်။ အဲ့တာကမဆိုးရွားသေးဘူးဆိုရင် ဧဝကဲ့သို့ ကျွန်တော်တို့ရဲ့ သဘာဝဆာငတ်နေမှုဟာ ဒီအလိမ်အညာတွေနဲ့ ပေါင်းစည်းသွားကြတယ်။ ဘုရားနဲ့ ကျွန်တော်တို့ကို ခွဲခွာစေဖို့ ဒီလိုလှည့်ဖျားခြင်းတွေ စာတန်မာရ်နတ်လိုအပ်တယ်။


ဧဝက အသီးကို မြင်ခဲ့ပြီး ဆွဲဆောင်မှုရှိပြီး အရမ်းကောင်းမယ့်ပုံဘဲလို့ ထင်ခဲ့တယ်။ ဉာဏ်တော်ပွင့်လင်းခြင်း၊ အသိဉာဏ်ကြွယ်ဝခြင်းနှင့် တန်ခိုးတော်များရရှိမယ်ဆိုပြီး သူမ ဖျားယောင်းခံလိုက်ရတာဖြစ်တယ်။သင် ဘုရားကဲ့သို့ဖြစ်မည် သူမတော့ သွားပြီဘဲ!


သင်‌ရော ဘယ်လိုလဲ။ သင့်ရဲ့ အကန့်အသတ်ရှိသော ဉာဏ်ရည်နဲ့ အမြင်အာရုံကြောင့် ဘယ်နကြိမ် လှည့်ဖျားခြင်းခံရပြီးပြီလဲ။ ထိုမေးခွန်းနဲ့ သင့်ကို စိတ်ဓာတ်ကျအောင်ပြောဆိုနေခြင်းမဟုတ်ပေမယ့် သတိပေး‌‌နေတာဖြစ်တယ်။ မိတ်ဆွေ ထိုကဲ့သို့ ဖြစ်လာရန် မလိုအပ်ပါ။


ဘုရားသခင်အသံတော်နဲ့ ချိတ်ဆက် အသက်ရှင်နေခြင်းက သူ၏ လမ်းပြမှုကို လိုက်နာလျှောက်လှမ်းခြင်းဖြင့် သူ့ကို ဂုဏ်ပြုရန်ဖြစ်တယ်။ ဂုဏ်တော်ချီးမွမ်းပါ၊ ကျေးဇူးတော်ချီးမွမ်းပါ၊ ‌သင်နဲ့ အတူပါရှိတယ့် အတွက်ကြောင့် အချိန်တိုင်းချီးမွမ်းပါ။ ဒီလိုမျိုး သန့်ရှင်းသော ချိတ်ဆက်ခြင်းက အခြေအနေတိုင်းမှာ ကျွန်တော်တို့ ယုံကြည်ခြင်းကို သူ့ထံ ထားရှိခြင်းနှင့် ကျွန်တော်တို့ စိတ်နှင့် နှလုံးသားကို ဖျားယောင်းသွေးဆောင်မည့် အရာများမှ နားတွေ၊ မျက်စိတွေပိတ်ထားခြင်းဖြစ်တယ်။


ဒီကမ္ဘာဟာ ကျွန်တော်တို့ နေရာမဟုတ်သလို သင့်‌နေရာလဲမဟုတ်ပါ။ ကယ်တင်ရှင်ကို စိတ်ရှည်သည်းခံခြင်းဖြင့် ယုံကြည်သောသူတိုင်းကို ကောင်းကင်သစ်နှင့် မြေကြီးအသစ်က စောင့်ကြိုနေပါတယ်။‌ လေတိုက်ရာ လမ်းကြောင်းတိုင်းကို ကျွန်တော်တို့ လိုက်ရန်မလိုအပ်ပါ။ ကောင်းသောအရာတွေ မရမှာကို စိတ်ပူနေစရာမလိုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အတွက် ထာဝရ ဆုကျေးဇူးက စောင့်ကြိုနေလို့ဖြစ်တယ်။ နောက်ပြီး ဘုရား တပါးတည်းသာလျှင် ကောင်းမွန်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက် လုံလောက်တယ်၊ ပြည့်စုံတယ်၊ အရာအားလုံးဖြစ်တယ်။


ဖခင်မည်းတော်ကိုတောင်းလျှောက်ပါ: ကျွန်တော့်နှလုံးသား ကိုယ်တော့်အတွက်ဖြစ်စေဖို့ ကျွန်တော်သိရမယ့်အရာ သို့မဟုတ် လုပ်ရမယ့်အရာရှိပါသလား။


ယနေ့အတွက်သီချင်း:“Clear the Stage” by Jimmy Needham

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။