YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 5

နားမထောင်ခြင်း လက္ခဏာများ



အာဒံနဲ့ ဧဝက ဘုရားကို အရင်ဆုံးသိရှိကြသူများဖြစ်တယ်။ သူတို့ နောက်မျိုးဆက်တွေနဲ့ မိသားစုဝင်တွေက ဘုရားကို သိရှိကြတယ်။ နှစ်တွေတဖြည်းဖြည်းကြာလာသောအခါ လူတော်တော်များများက ဘုရားကို သူတို့၏ ထောက်ပံ့သူအဖြစ် ကျေးဇူးမတင်သည့်အပြင် ဂုဏ်မပြုလာကြတော့ပါ။ အပြစ်တရား တိုးလာခဲ့ပြီ။



အပြစ်တော်တော်များများက ပင်မအပြစ်တရားတခုစီက လာတယ်: ဘုရားရဲ့ အမှန်တရားကို နားမထောင်ဘဲ အလိမ်အညာတွေကို နားထောင်ခြင်းဖြစ်တယ်။ ဘုရားကို ကောင်းမြတ်သောအရာများ ပေးကမ်းသူလို့ ကျွန်တော်တို့ အသိအမှတ်မပြုတော့အခါ ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ မမြင်ရတော့ပါ။ ကျွန်တော်တို့ ပညာရှိစွာ မတွေးတတ်တော့ပါ။ အမှန်တရားကို နားထောင်ဖို့ ကျွန်တော်တို့ ငြင်းပယ်လာကြတယ်။ ရောမအခန်းကြီး ၁မှာ ဒီအမှန်တရားကို ဖော်ပြထားတယ်။



ဒီမှာ ဝမ်းနည်းစရာကောင်းသော အရာကိုပြောပြမယ်:အမှန်တရားကို နားထောင်ဖို့ ငြင်းပယ်ခြင်းက ဘုရားကို ငြင်းပယ်ခြင်းဖြစ်တယ်။ ခရစ်ယာန်တွေအနေနဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို အမှန်တရားအနေနဲ့ လက်ခံထားကြတယ်။ဒါပေမယ့် အလိမ်အညာတွေ နားမထောင်ဖို့ လိမ်ညာမှုတွေကို နားလည်သဘောပေါက်ပြီး ငြင်းဆန်ရန် ကျွန်တော်တို့ နားတွေကို ပိတ်ထားရပါမယ်။ ဘုရားရဲ့ အသံတော်ကို နားထောင်ရပါမယ်။



သမ္မာတရားကို ငြင်းပယ်သူများက အခြားသူများကို ၎င်းတို့၏လှည့်ဖြားမှုထဲသို့ ဆွဲငင်လေ့ရှိသည့် ဝမ်းနည်းစရာအချက်ဖြစ်ကြောင်းယနေ့ကမ္ဘာဦးကျမ်းတွင် ကျွန်တော်တို့ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီမေးခွန်းတွေကို သင်စဥ်းစားကြည့်ပါ။ ဘုရားစကား သင်နားမထောင်ရင် ဘယ်သူက ပိုအန္တရာယ်ရှိပါသလဲ။ သင့်ဇနီးလား။ သင့်သူငယ်ချင်းတွေလား။ သင့်အလုပ်ရှင်လား။ သင့်သားသမီးတွေလား။ ဘုရားသင့်ကို သာသနာပြုလိုတယ့် သူစိမ်းတယောက်လား။



ယခုအချိန်မှာ သင်ဆုတောင်းရင်း နားထောင်လို့ရအောင် ကျွန်တော် စာရေးနေတာရပ်လိုက်ပါတော့မယ်။



ဖခင်မည်းတော်ကို တောင်းလျှောက်ပါ:ကျွန်တော် ယုံကြည်နေသော အလိမ်အညာတွေကို ဖော်ပြပေးပါလား။



ယနေ့အတွက် သီချင်း:“No Other Name” by Hillsong Worship

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။