YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 1

ဘုရားသခင်၏အသံတော်ကြားနာခြင်း

ယောဘကဲ့သို့ ကျွန်ုပ်လည်း နေ့စဉ်အစာအဟာရထက် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လမ်းပြမှုကို ပိုမိုတန်ဖိုးထားတောင့်တလိုချင်ပါတယ်။ သင်ရော...။ ဟေရှာယအနာဂတ္တိကျမ်းမှာ သွန်သင်ထားသကဲ့သို့ ကျွန်မလျှောက်သင့်တဲ့လမ်းကိုနောက်ကနေပြောပြပေးမယ့်အသံတော်ကို ကြားနာနိုင်ချင်ပါတယ်။


သို့သော်လည်း ဘုရားးသခင်ရဲ့ အသံတော်ကို အဘယ်ကဲ့သို့ ကြားနိုင်ပါမည်နည်း။ ထို့အပြင် ဘုရားသခင်ဟာ အမှန်တကယ်ဘဲ စကားပြောနေပါရဲ့လား။ နှလုံးသွင်းဆင်ခြင်ကြည့်ပါ။ ဘုရားသခင်ဟာ ဆက်သွယ်ပြောဆိုသူတဦးဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုခြင်းအမှုအရာကို သူဖန်ဆင်းတော်မူခဲ့ပါတယ်။ ဆိုလိုသည်မှာ ဘုရားသခင် အမှန်ဘဲ စကားပြောတော်မူပါတယ်။ ကျွန်ုပ်တို့လည်း သူ့ရဲ့အသံတော်ကို ကြားနာနိုင်စွမ်းရှိပါတယ်။ ပြန်လည်တုံ့ပြန်ပြောဆိုနိုင်စွမ်းလည်း ရှိကြပါတယ်။ ဘုရားရှင်ဟာ ဆက်လက်စကားပြောဆိုနေဆဲဖြစ်ပါလျှင် ကိုယ်တော်ရဲ့အသံတော်ကို သိရှိနိုင်ဖို့ရန် အစွမ်းရှိသမျှ ကြိုးစားအားထုတ်လုပ်ဆောင်သင့်ပြီး နာခံသင့်ပါတယ်။ နာခံခြင်းအမှုဟာ အလွန်အရေးတကြီး လိုအပ်ချက်တခုဖြစ်သော်လည်း စစ်မှန်သော ပြောဆိုဆက်သွယ်မှုအတွက် အကြီးအကျယ် ချို့တဲ့နေသောအရာ မကြာခဏ ဖြစ်နေတတ်ပါတယ်။


ရှေးဦးစွာ ဘုရားသခင် ကျွန်ုပ်တို့ကို စကားပြောသောနည်းလမ်းအချို့ကို လေ့လာကြည့်ကြပါစို့။


ဘုရားသခင်ဟာ နှုတ်ကပတ်တော်မြတ်အားဖြင့် စကားပြောတော်မူပါတယ်။ ကျွန်ုပ်တို့အတွက် ကိုယ်တော်ရဲ့ အလိုတော်နှင့် အစီအစဉ်များကို ဘုရားသခင်ဟာ နှုတ်ကပတ်တော်မြတ်အားဖြင့် ဖွင့်ပြထားပြီးဖြစ်ပါတယ်။ နှုတ်ကပတ်တော်ဖတ်ရှုကာ အချိန်ကိုအသုံးပြုခြင်းသည် ကိုယ်တော့်ထံမှ တိုက်ရိုက်ကြားနာခံယူနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။


ဘုရားသခင်ဟာ တီးတိုးပြောဆိုသံဖြင့် စကားပြောတော်မူပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ဝိဉာဏ်အတွင်းသို့ မကြာမကြာ ညင်သာစွာ ပြောဆိုတတ်ပါတယ်။ အိပ်မက်ရူပါရုံများပေးခြင်းဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့ရဲ့ အခြေအနေများမှတဆင့်သော်လည်းကောင်း လမ်းညွှန်မှုပေးတတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အတွေးစိတ်ကူးများကိုလည်း ကိုယ်တော်ရဲ့အစီအစဉ်များသို့ လမ်းညွှန်ပြသတတ်ပါတယ်။


ဘုရားသခင်ဟာ ကိုယ်တော့်ရဲ့လူများအားဖြင့် စကားပြောတော်မူပါတယ်။ တခါတရံ အခြားသော ခရစ်ယာန်များမှတဆင့် ကျွန်ုပ်တို့အတွက် ကိုယ်တော့်ရဲ့ စိတ်နှလုံးသားကို ဖော်ပြပြောဆိုတော်မူပါတယ်။ ၎င်းသည် တိုက်တွန်းခွန်အားပေးခြင်း၊ သွန်သင်ပြင်ဆင်မှုပေးခြင်း၊ သို့မဟုတ် လမ်းညွှန်ပြသမှုပေးခြင်း စသည့် ပုံစံများဖြင့် ဖြစ်တတ်ပါတယ်။


ကျွန်မရဲ့ ဆုတောင်းချက်ကတော့ ဤတိုတောင်းသော ခုနှစ်ရက်တာ ဖတ်ရှုခြင်းအစီအစဉ်အားဖြင့်၊ ဆန့်ကျင်ကန့်ကွက်မှုကိုရှောင်ရှားပြီး ကိုယ်တော်ရဲ့ အသံတော်အပေါ် အာရုံစိုက်နားထောင်ရန် နှိုးဆော်ကာ၊ သင့်ရဲ့စိတ်နှလုံးကို အပြည့်အဝ တိုက်တွန်းသွေးဆောင်ဖို့ရန် ချစ်တော်မူသောဘုရားသခင်၏နှလုံးသားမှ တန်းတန်းမတ်မတ်သွန်သင်ပါမည်အကြောင်း ဖြစ်ပါတယ်။


အဖဘုရားသခင်ထံတောင်းလျှောက်ပါ။ ။ ပိုကောင်းသော နာခံသူတဦးဖြစ်စေရန် မည်သည့်အရာကို အကျွန်ုပ် လုပ်ဆောင်ရန် လိုအပ်ပါသနည်း။


ယနေ့အတွက် ဝတ်ပြုသီချင်းအကြံပြုချက်။ ။ Kim Walker-Smith သီဆိုချီးမွမ်းထားသည့် “Yield My Heart”


ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။