YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ

Beginning A Relationship With Jesus

7 ၏ နေ့ 7

"အခု ဘာလဲ"



ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် ယေရှု၌ တည်ရှိခြင်းပင်ဖြစ်သည်။ ပိုမိုရှင်းလင်းစွာ ပြောဆိုပါက ကိုယ်တော်အထဲ၌ တည်နေခြင်း နှင့် ကိုယ်တော်၌ နေမြဲနေခြင်း အသက်တာ ဖြင့် စတင်ရသည်။ အဘယ်သို့ ဆိုလိုသနည်း။ သင်သည် သင်၏စိတ်နှလုံး၊ အစွမ်းသတ္တိ ရှိသမျှ ဆက်ဆံမှုထဲသို့ ယူဆောင်လာခြင်းဖြင့် ကိုယ်တော်နှင့် သင်၏ဆက်ဆံရေးထဲမှာ ကြီးထွားမှုရှာဖွေခြင်းကို ဆိုလိုသည်။ (မာကု ၁၂:၃၀၊ လုကာ ၁၀:၂၇)။



ယေရှုခရစ်တော်နှင့် ဆက်ဆံရေး၌ တည်နေရမည့်နည်းလမ်း ငါးခုမှာ



အခြားသောခရစ်ယာန်များနှင့်ဆက်ဆံရေး၌



အသင်းတော်သည် ယေရှုနှင့် ဆက်ဆံရေးတစ်ခုထဲသို့ ဝင်ရောက်လာသော လူစုဖြစ် သည်။ ထို့ကြောင့် သူတို့သည် ယေရှုခရစ်အားဖြင့် ခွင့်လွှတ်ခြင်းခံရ၍ ယေရှုအတွက် အသက်ရှင်လိုသောသူများ ဖြစ်ကြသည်။ ယေရှုနှင့်ဆက်ဆံရေးတစ်ခုထဲမှာ ကြီးထွားခြင်း သည် အသင်းတော်တစ်ခုထဲမှာ တည်ရှိခြင်းအားဖြင့် အကူအညီရပါသည်။ အသင်းတော်ထဲမှာပင် အခြားသော ယုံကြည်သူများနှင့်ရော၊ ကျွန်ုပ်တို့ သင်ယူမည့်နေရာ၊ ကြီးထွားမည့်နေရာ၊ မေးခွန်းများမေးမည့်နေရာ၊ အစေခံ၍ ဘုရားသခင်ကို အတူတကွ ကိုးကွယ် ဝတ်ပြုခြင်းကို ရှာဖွေမည့်နေရာပင် ဖြစ်ပါသည်။



ကျမ်းစာကို ဖတ်ရှု၍ သင်ယူခြင်းအားဖြင့် ဘုရားသခင်၏လမ်းညွှန်မှု၌



ယေရှုခရစ်တော်နှင့်သင်၏ဆက်ဆံရေးကြီးထွားလာသည်နှင့် သင်သည် ကျမ်းစာ အကြောင်းသာ၍ စတင်သင်ယူလာပါလိမ့်မည်။ ကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး မိမိကိုယ်ကို ထင်ရှားပြသည့် အရေးကြီးဆုံးသော နည်းလမ်းများထဲမှ တစ်ခု ဖြစ်၍ သူ၏အလိုတော်နှင့် ဘဝအတွက် ပုံစံကို ကျွန်ုပ်တို့အား ပြသတော်မူသည်။ ကျမ်းစာကို သင်သည် ပို၍ နားလည်လာလေ၊ ဘုရားသခင်အကြောင်း သင်သည် ပို၍ သိရှိလာလေ ဖြစ်မည်။



အစေခံခြင်းအားဖြင့် လက်တွေ့လုပ်ဆောင်ရာ၌



ကိုးကွယ်ခြင်းသည် ဘုရားသခင်၏အံ့ဩဖွယ်ရာ၊ ကျေးဇူးတင်ခြင်းနှင့် ကြည်ညိုဦးထိပ် ထားခြင်းကို ရည်ရွယ်သည့်ဖော်ပြမှု ဖြစ်ပါသည်။ ကိုးကွယ်ခြင်းသည် တစ်ဦးတည်း လုပ်နိုင်သလို ထောင်ပေါင်းများစွာနှင့်အတူ ခန်းမကြီးထဲမှာလည်း လုပ်ဆောင်နိုင်ပါသည်။ အသင်းတော်အဆောက်အဦးတစ်ခု သို့မဟုတ် တောတောင်ကွင်းပြင်မှာလည်း နေရာယူနိုင်သည်။ ကိုးကွယ်ခြင်းသည် ဘုရားသခင်ထံ စစ်မှန်၍ ရိုးသားသော ဖော်ပြမှုပင် ဖြစ်ပါသည်။



သင်သည် ဤအစီအစဉ်ကို နှစ်သက်သည်ဆိုပါက ဤအကြောင်းအရာပါသည့် မှစာအုပ်တစ်အုပ်လုံးကို ရယူ လိုပါလိမ့်မည်။ ဤနေရာကို ကလစ်နှိပ်ပါ

နေ့ 6

ဤအစီအစဉ်အကြောင်း

Beginning A Relationship With Jesus

သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David Dwight၊ Nicole Unice နှင့် David C Cook တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/start_here/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။