YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ

Beginning A Relationship With Jesus

7 ၏ နေ့ 2

"မေးခွန်းများ



ဆက်ဆံရေးနယ်ပယ်တွင်ထူးချွန်သူများသည်အများအားဖြင့်မကြာခဏအကောင်းဆုံးမေးခွန်းတချို့မေးသူတွေဖြစ်ကြပါသည်။ ဤနေရာတွင် ဘုရားသခင်သည်ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါသည်။



ဘုရားသခင်၏နက်နဲသိမ်မွေ့သောမေးခွန်းအချို့ကိုကြည့်ပါ။



သင်သည်အဘယ်မှာရှိသနည်း။ (ကမ္ဘာဦး 3: 8-9)



ဘုရားသခင်သည်သမ္မာကျမ်းစာအစမှစတင်၍သူ၏စရိုက်လက္ခဏာကို သူနှင့် အာဒံ၊ ဧဝတို့၏ကြားတွင်ရှိသော ယုံကြည်စိတ်ချခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ နေ့စဉ်ထိတွေ့သည့်ဆက်ဆံရေးအားဖြင့်ပြသခဲ့ပါသည်။



ကမ္ဘာဦး 3 တွင် အာဒံနှင့်ဧဝ ဘုရားသခင်စကားကိုနားမထောင်ဘဲ ဘုရားမပါတဲ့ဘဝမှာနေထိုင်ဖို့ရွေးချယ်တာကို ဖတ်ရပါတယ်။ ဆက်ဆံရေးပျက်ဆီးသွားတဲ့အချိန်မှာ ဘုရားသခင်က အာဒံနဲ့ ဧဝ ကိုလာရှာပါတယ်။ ဘုရားက သူတို့ ၂ယောက်ကို အရှက်ခွဲဖို့၊ ဒဏ်ခတ်ဖို့လာတာမဟုတ်ဘဲ ပျက်ဆီးသွားတဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့လာတာပါ။



ဘုရားသခင်ကသင့်ဘဝကိုလမ်းညွှန်နေတယ်လို့ခံစားရပြီဆိုရင် သင်ဟာလည်း ဘုရားသခင်ရှာနေတဲ့လူတစ် ယောက်ဖြစ်လို့ သင့်အနေနဲ့သူ့ကိုသိပြီးသူနဲ့ရင်းနှီးကျွမ်းဝင်လာမှာပါ။



သင် ဘာလိုချင်သလဲ။ (ယောဟန် 1: 35-39)



ယောဟန် ၁ မှာ သခင်ယေရှုကလူတစ်ချို့ကို ဘုရားသခင်ရဲ့မေးခွန်းလိုမေးတာတွေ့ရပါတယ်။ သင်တို့ဘာလိုချင်သလဲ လို့သူတို့ကိုမေးပါတယ်။ (ယောဟန် 1:38)



အဲဒီလူတွေက မေးခွန်းကိုမဖြေဘဲ သခင်ယေရှုကို သင်ဘယ်မှာနေသလဲ ဆိုပြီးကြောင်းအရာကိုပြောင်းလဲပြောဆိုကြပါတယ်။ သခင်ယေရှုက လိပ်စာတိအကျပြောပြတာထက် လာပြီးကြည့်ပါ (ယော 1:39) ဆိုပြီးဖြေခဲ့ပါသည်။ အဖြေကိုတိုက်ရိုက်ပေးခြင်းထက် ဖိတ်ခေါ်မှုကိုပေးခဲ့ပါတယ်။



မကြာခဏဆိုသလို ဘုရားသခင်ကကျွန်တော်တို့ကို "ငါမင်းနဲ့အတူရှိချင်တယ်" လို့ပြောနေတဲ့အချိန် ကျွန်တော်တို့က ဘုရားသခင်ကို "ဘုရားသခင်ဆီကတစ်ခုခုလိုချင်တယ်" လို့ပြောနေတတ်ကြတယ်။

ငါဘယ်သူလို့ထင်လဲ (မဿဲ 16: 13-15)



ခရစ်ယာန်ဘာသာဆိုတာ ဒီနေရာမှာစတင်လာပါတယ်။ အဲဒီမေးခွန်းကိုဖြေတဲ့သင့်အဖြေ က

သင့်အစဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုကိုဘယ်လိုမြင်သလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိရတဲ့အချိန်ဖြစ်လို့ပါ။ ကံကောင်းစွာနဲ့ သခင်ယေရှုကသူ့အကြောင်းကိုသူဘယ်လိုပြောပြထားသလဲဆိုတာကို ယော 10:16၊ ယော 10:11 နဲ့ ယော 8:58 တို့မှာဖော်ပြထားပါတယ်။



ဒီပြောကြားချက်တွေဟာ သခင်ယေရှုက သူမည်သူမည်ဝါဖြစ်တယ်ဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ဖြေခဲ့တဲ့အရာများထဲကတစ်ချို့ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှုကဒီနေရာမှာပဲရပ်မသွားဘဲ ပိုပြီးတော့ထဲထဲဝင်ဝင် ပြောဆိုမှုတွေပြုလုပ်ပါတယ်။



ဒါကို သင်ယုံကြည်ပါသလား (ယောဟန် 11: 25-26)



သခင်ယေရှုက ကိစ္စတော်တော်များများကို ထဲထဲဝင်ဝင်ပြောဆိုမှုတွေပြုလုပ်ပါတယ်။ သူက သူ့နောက်လိုက်တွေကို "မင်းကရော - ငါ့ကိုဘယ်သူလို့ထင်ပါသလဲ" ပြီးတော့ မာသကိုလည်း ယော 11:25-26 မှာ "မင်းရော

ယုံသလား" ဆိုပြီးမေးခဲ့ပါတယ်။



သခင်ယေရှုက ဒီတူညီတဲ့မေးခွန်းတွေကိုကျွန်တော်တို့ကိုမေးနေပါယ်။ ဒီမေးခွန်းတွေကိုဖြေကြားနေခြင်းဟာလည်း ဘုရားနဲ့ကိုယ်နဲ့ဆက်ဆံရေးမှာ ဘုရားနဲ့သမ္မာတရားကိုရှာခြင်းမှာတစိတ်တဒေသအဖြစ်ပါဝင်နေပါတယ်။ ပပြီးတော့ သမ္မာတရားကိုရှာခြင်းကသခင်ယေရှုနဲ့အစပြုပါတယ်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Beginning A Relationship With Jesus

သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David Dwight၊ Nicole Unice နှင့် David C Cook တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/start_here/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။