YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ

Beginning A Relationship With Jesus

7 ၏ နေ့ 4

ကမ်းလှမ်းမှု



ခရစ်ယာန်ယုံကြည်ခြင်း၏ ထူးခြားသောရှုတောင့်များမှတစ်ခုမှာ ယေရှုနှင့်ဆက်ဆံရေးသည် အမြဲလိုလို ကမ်းလှမ်းမှုတစ်ခု ဖြစ်ခြင်းပင်ဖြစ်သည်။ မည်သည့်အခါမျှအတင်းအကျပ် မပြုပါ။



တစ်ခါက လူငယ်တစ်ဦးသည် ယေရှုထံသို့ပြေးလာပြီး ထာဝရအသက်ကို အမွှေရရန် မည်သည့်အရာများ လုပ်ဆောင်ရမည်နည်းဟု မေးမြန်းခဲ့သည် (မာကု ၁၀:၁၇-၂၂)။ ယေရှုသည် ပြုမြဲရှိသည့်အတိုင်း ကိုယ်တော်သည် ထိုသူအား မိမိကိုယ်တိုင် ရှင်းလင်းစွာ မြင်တွေ့စေရန် အခွင့်ပေးသည့် ပြောဆိုဆွေးနွေးခြင်းကို အသုံးပြုခဲ့သည်။



ထိုကြောင့် ယေရှုသည် စိတ်အားထက်သန်သော ဤလူငယ်ကို မေးခွန်းတစ်ခုပင် မမေးခဲ့ပါ။ သူသည် ယုဒလူမျိုး၏ပညတ်တရားများကိုသာ စတင် စာရင်းပြုစုသဖြင့် လူငယ် သည် "ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ထိုအရာများအားလုံး ကျွန်ုပ် လိုက်လျှောက်ပါသည်" ဟုကြားဖြတ် ပြောဆိုခဲ့သည်။ သို့သော် နောက်ဖြစ်သည့်အရာမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ မာကု ၁၀:၂၁ တွင် "ယေရှုသည် သူ့ကို စိုက်ကြည့်၍ ချစ်တော်မူသည်" ဟုဖော်ပြ ထားသည်။



ယေရှုကြည့်တော်မူသည်။ သူသည် တရားဒေသနာဟောခြင်းမပြုပေ။ လက်ညိုးဖြင့်လည်း မထိုးပေ။ ထိုသို့ပြုမည့်အစား ကိုယ်တော်သည် ထိုလုလင်ကို စေ့စေ့ကြည့်ရှု၍ ထိုလုလင်အပေါ်မှာ ကိုယ်တော်၏စိတ်နှလုံးတစ်ခုလုံး အာရုံစိုက်မှုအပြည့် ထားရှိကာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် သူ့ကို ဖိတ်ခေါ်နေသည်။



ယေရှုချစ်တော်မူသည်။ ကြည့်ရှုခြင်းမှာ ချစ်ခြင်းကို ဖွံ့ဖြိုးစေပါသည်။ လုလင်၏ စည်းမျဉ်းဥပဒေသများကို တင်းကျပ်စွာ စောင့်စည်းမှု သို့မဟုတ် အံ့ဩဘွယ်သော လုပ်ရပ်များကြောင့် မဟုတ်ပါ။ ယေရှုသည် မိမိကိုယ်တော်တိုင်တည်ရှိခြင်းအတွက် သူ့ကို စိုက်ကြည့်၍ ချစ်တော်မူသည်။



လုလင်သည် အမှန်ပင် ယေရှု၏သဘောထားကို နှစ်သက်၍ ကောင်းသော ရွေးချယ်မှုတစ်ခုပြုလုပ်လိုသည်မှာ ထင်ရှားပါသည်။ သို့သော် ယေရှုက ဆက်ဆံရေးတစ်ခု အတွက် ကမ်းလှမ်းမှု ပြုလိုက်သောအခါ နာခံမှုအပြည့်ရှိခဲ့သည့်အကြောင်းအရ သူသည် လုပ်ဆောင်ခဲ့မည်။ "သွား၍ သင်၏ဥစ္စာရှိသမျှတို့ကို ရောင်း၍ ဆင်းရဲသားတို့အား ပေးလော့။ ထိုသို့ပြုသော် သင်သည် ကောင်းကင်ဘုံ၌ အမွှေဘဏ္ဍာရရှိလိမ့်မည်။ ထို့နောက် လာပါ။ ငါ့နောက်သို့လိုက်လော့" (မဿဲ ၁၉:၂၁)။



ယေရှုသည် ထိုလုလင်ကို ကြည့်ရှု၍ ချစ်တော်မူသောအခါ ထိုသူ၏စိတ်နှလုံးအမှန်ကို ထုတ်ဖော်ပြရန် မည်သည့်အရာ တောင်းဆိုရမည်ကို ကိုယ်တော် သိတော်မူသည်။ အမွှေဥစ္စာအကြောင်း အသုံးပြုခြင်းအားဖြင့် ထိုလူတစ်ဦးသီးသန့်အတွက် နှလုံးသားအရေးကို ယေရှုက အတည့်အလင်း ဖော်ပြပေးခဲ့ခြင်းဖြစ်သည်။



ထိုကြောင့် ယေရှုသည် သူ့ကို စေ့စေ့ကြည့်၍ သူ့ကို ချစ်တော်မူသည်။ ပြီးနောက် သူ့ရှေ့တွင် ဆက်ဆံရေးအတွက် ရွေးချယ်စရာတစ်ခုကို ချပေးတော်မူသည်။ သို့သော်လည်း လုလင်သည် အဝေးသို့ ထွက်သွားသည်။ ဤသည်မှာ ဘုရားသခင်၏ အံ့ဩဘွယ်ရာ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီတို့နှင့် ဆက်ဆံရေးတစ်ခုအပေါ်မှာ အခွင့်အာဏာရှိသမျှကို စွဲကိုင်တော်မူသည်။ သို့ပါလျက်နှင့် အံ့ဩစရာပင် ကျွန်ုပ်တို့အား ဟုတ်ကဲ့ သို့မဟုတ် ဟင့်အင်း ဟု ပြောဆိုရန် လွတ်လပ်မှုကို ပေးထားပါသည်။



တစ်ခါတစ်ရံ လူတို့သည် "ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးနှင့် ဆက်ဆံရေးတစ်ခု ကို တည်ဆောက်လိုသည်ဆိုပါက ကျွန်ုပ်တို့ အသင့်ရရှိစေရန် အဘယ်ကြောင့် ကြိုတင် မစီစဉ်ထားသနည်း? ဟူ၍ပြောဆိုကြသည်။ သို့သော် ချစ်ခြင်းမေတ္တာသည် ကြိုတင်စီစဉ်၍ မရနိုင်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် ယေရှုကို ဟုတ်ကဲ့ဟူ၍ လက်ခံရန်၊ ခရစ်ယာန်တစ်ဦီးဖြစ်လာရန် အတင်းအကျပ် စည်းရုံးခံရပါက ဤသည်မှာ ဘုရားသခင်၏သဘောသဘာဝ နှင့် ခရစ်ယာန်ယုံကြည်မှု၏အဓိကဦးတည်ချက်နှင့် ဆန့်ကျင်ပါလိမ့်မည်။ ယေရှုအဓိကအားဖြင့် ကမ်းလှမ်းသည်မှာ အသန့်ရှင်းဆုံးသော ချစ်ခြင်းမေတ္တာပုံစံ ဖြစ်သည့် ချစ်ခြင်းမေတ္တာပေါ်မှာ အခြေခံပါသည်။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Beginning A Relationship With Jesus

သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David Dwight၊ Nicole Unice နှင့် David C Cook တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/start_here/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။