YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ

Beginning A Relationship With Jesus

7 ၏ နေ့ 1

စည်းမျဉ်းများ နှင့် ဆက်ဆံရေး ဆန့်ကျင်



အကယ်၍ သင်သည် ခရစ်ယာန်ယုံကြည်မှု၏ အဓိပ္ပာယ်တစ်ခုကို အမြန်ရှာဖွေသည်ဆိုပါက "ယေရှု၏ဆုံးမဩဝါဒများနောက် လိုက်ခြင်းအကြောင်း" သင်သည်လိုက်ရှာရပါလိမ့် မည်။ မှန်ပါသည် ခရစ်ယာန်ယုံကြည်မှုသည် ယေရှု၏ဩဝါဒများနောက်သို့ လိုက်ခြင်း အကြောင်း ဖြစ်ပါသည်။ ပြဿနာမှာ လူအများပိုင်းသည် "ယေရှုနောက်လိုက်ခြင်း" ကို "စည်းမျဉ်းနောက်လိုက်ခြင်း" ဟူသည့် အတွေးသို့ ပြောင်းလဲတတ်ကြသည်။ ထိုအရာသည် အဓိကအချက်မဟုတ်ပါ။



ယေရှုကို သိကျွမ်းခြင်းသည် စည်းမျဉ်းများမဟုတ်ဘဲ ဆက်ဆံရေးအတွက် ဖြစ်သည်ဟူသည့်အချက်ကို ကျမ်းစာပုံဝတ္ထုက ရှင်းလင်းစွာ ပြပါသည်။ ဘုရားသခင်သည် ကျမ်းစာအားဖြင့် မိမိကိုယ်တော်တိုင် အကြောင်း ပြောပြထားသည်ကို သင်သည် စတင်စူးစမ်းလေ့လာရာ၌ ချစ်ခင်ခြင်း ခံရသော၊ ကိုယ်တော်နှင့် ဝန်ခံအပ်နှံသော ဆက်ဆံရေးသည် အဓိက ကျသောအရာဖြစ်ဪေကာင်း သင်ရှာတွေ့ပါလိမ့်မည်။



ဩဝါဒကို လိုက်လျှောက်ခြင်း ဟူသော ခရစ်ယာန်ယုံကြည်မှု၏ အဓိကအတွေးအမြင် ဖြစ်သည်ဟုဆိုရာတွင်၊ အိမ်ထောင်၏အဓိကအတွေးအမြင်သည် သင်၏အိမ်သားများနှင့် အတူတကွ ကုန်ကျမှုများကို မျှဝေရန်ဖြစ်သည်ဟု ဆိုခြင်းနှင့် အလားတူပါသည်။ ကြီးမားသော ချစ်ခြင်းပုံဝတ္ထုတစ်ခုထဲမှာ ကျွန်ုပ်တို့ မျှော်လင့်သောအရာ အတိအကျ ဖြစ်မည် မဟုတ်ပါ။



စည်းမျဉ်းများနှင့် ဆက်ဆံရေးဆန့်ကျင်သည့်ရှုတောင့်သည် ခရစ်ယာန်ယုံကြည်မှုကို အခြားသော ဘာသာတရားများမှ ကွဲပြားခြားနားစေသော အကြီးစားခွဲခြားမှု ဖြစ်ပါသည်။ ဘာသာတရားများစွာတို့သည် အကျင့်သီလများးနှင့် တင်းကျပ်သော ယုံကြည်မှုများအားဖြင့် ကောင်းသောသူ ဖြစ်နိုင်သည် ဟု သွန်သင်ကြပါသည်။ ခရစ်ယာန်ယုံကြည်မှုသည် ခြားနားသောနေရာမှ စတင်ပါသည်။



ကနဦးအချိန်မှစ၍ ယေရှု၏နောက်လိုက်များသည် စည်းမျဉ်းလိုက်လျှောက်ခြင်း သို့မဟုတ် သူတော်ကောင်းဖြစ်ခြင်းကြောင့် ထင်ရှားခဲ့ခြင်းမဟုတ်ပါ။ စွဲမြဲရမည့်အရာ - ဖော်ပြရန်ထိုက်တန်သည့်အရာ - မှာ သူတို့သည် ယေရှုနှင့်အတူတကွ ရှိခဲ့ခြင်း ဟူသော အမှန်တရားတစ်ခု၌သာ တည်ပါသည် (တမန်တော် ၄:၁၃)။ ယေရှုကို သူတို့ဝန်ခံခြင်း မဟုတ်၊ ယေရှု၏အကျင့်သီလ နောက်လိုက်ခြင်းမဟုတ်ဘဲ သူတို့သည် သခင်နှင့်အတူ ရှိခဲ့ကြခြင်းပင်ဖြစ်ပါသည်။



ယေရှုနှင့်အတူရှိခြင်းသည် ဤလူတို့ကို ကျမ်းစာက ခေါ်ဆိုသည့် "ပညာမတတ်၊ သာမည လူများ" အဖြစ်မှ ရဲရင့်သော၊ သတ္တိရှိသော ခေါင်းဆောင်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်ပါသည်။ ကိုယ်တော်နှင့်အတူ ရှိခြင်းတည်းဟူသော ဆက်ဆံရေးထဲသို့ ယေရှုသည် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သောအခါ ထိုအမှန်တရားကိုပင် ကျွန်ုပ်တို့ကို ပေးကမ်းခြင်း ဖြစ်ပါသည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Beginning A Relationship With Jesus

သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David Dwight၊ Nicole Unice နှင့် David C Cook တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/start_here/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။