Psalms 7
7
1အကျွန်ုပ်၏အရှင်ဖြစ်သော ဘုရားရှင်၊ ကိုယ်တော်ထံတွင် အကျွန်ုပ်သည် ခိုလှုံပါ၏။ အကျွန်ုပ်အား လိုက်လံညှဉ်းဆဲကြသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို ကယ်တင်၍ လွတ်မြောက်စေတော်မူပါ။ 2ထိုသို့ ကယ်တင်တော်မူခြင်းမရှိလျှင် သူတို့သည် အကျွန်ုပ်အား ကယ်တင်မည့်သူမရှိသည့် အရပ်သို့ ဆွဲခေါ်သွားကြပြီး ခြင်္သေ့များကဲ့သို့ အကျွန်ုပ်အား အပိုင်းပိုင်း ကိုက်ဖြတ်ကြလိမ့်မည်ဖြစ်၏။ 3အကျွန်ုပ်၏အရှင်ဖြစ်သော ဘုရားရှင်၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုတို့အား ပြုခဲ့သည်ဆိုပါလျှင် တစ်နည်းအားဖြင့် အကျွန်ုပ်၏လက်ထဲ၌ မတရားသည့်အမှု ရှိခဲ့သည်ဆိုပါလျှင် 4အကျွန်ုပ်နှင့် သင့်မြတ်သောသူအပေါ်တွင် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ ပစ္စည်းဥစ္စာအား အကြောင်းမဲ့လုယူခဲ့သည်ဆိုပါလျှင် 5ရန်သူများသည် အကျွန်ုပ်အား လိုက်၍မီကာ သတ်ဖြတ်နိုင်ကြပြီး အကျွန်ုပ်၏အား မြေပေါ်တွင် ပစ်ထားကြပါစေ။ 6အို ဘုရားရှင်၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသူတို့၏ ဒေါသကို တားဆီးတော်မူပါ။ ကိုယ်တော်သည် နိုးထတော်မူလျက် အကျွန်ုပ်အား ကူညီမစတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းအား စီမံတော်မူပြီဖြစ်၏။ 7လူအပေါင်းတို့အား ကိုယ်တော်၏ ပတ်ပတ်လည်တွင် စုရုံး၍ ဝန်းရံစေပြီးနောက် ထိုသူတို့ထက် မြင့်သောအရပ်မှ သူတို့အား အုပ်ချုပ်တော်မူပါ။ 8အို ဘုရားရှင်၊ ကိုယ်တော်သည် လူအပေါင်းတို့အား တရားစီရင်တော်မူသော အရှင်ဖြစ်ပါ၏။ အကျွန်ုပ် အပြစ်ကင်းသည်ကို ထောက်ထားငဲ့ညှာ၍ အကျွန်ုပ်အား မျက်နှာသာပေး၍ တရားစီရင်တော်မူပါ။ 9အပြစ်ဒုစရိုက်ပြုကြသည့် ဆိုးယုတ်သောသူတို့၏ မကောင်းမှုများအား တားဆီးပေးတော်မူပါ။ သို့သော် ဖြောင့်မတ်သောသူတို့အား ကောင်းကျိုးကို ပေးသနားတော်မူပါ။ ဖြောင့်မတ်တော်မူသော ဘုရားရှင်သည် လူတို့၏ အကြံအစည်များနှင့် လိုအင်ဆန္ဒများကို စစ်ဆေးတော်မူပါ၏။ 10ဘုရားရှင်သည် ငါ့အား ဒိုင်းလွှားသဖွယ် ကာကွယ်စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စိတ်နှလုံးဖြောင့်မှန်ကြသူတို့အား ကယ်တင်တော်မူ၏။ 11ဘုရားရှင်သည် ဖြောင့်မတ်စွာတရားစီရင်တော်မူသည့် အရှင်ဖြစ်တော်မူ၍ အပြစ်ဒုစရိုက်ပြုသူတို့အား အစဉ်ပြစ်ဒဏ်ချမှတ်တော်မူ၏။ 12အကယ်၍ လူတို့သည် နောင်တရခြင်းမရှိကြလျှင် ဘုရားရှင်သည် ဓားတော်ကိုသွေးတော်မူ၍ လေးတော်ကိုတင်ကာ ချိန်ရွယ်ထားလိမ့်မည်။ 13သေစေတတ်သော လက်နက်တို့ကိုလည်း ထိုသူတို့အတွက် ပြင်ဆင်တော်မူ၍ မီးမြားတို့ကိုလည်း ထိုသူတို့အပေါ်သို့ ချိန်ရွယ်ထားလိမ့်မည်။ 14အပြစ်ဒုစရိုက်သမားများသည် မကောင်းမှုပြုရန်အတွက် မည်သို့စဉ်းစားကြံကြသည်ကို ကြည့်ကြလော့။ 15သို့သော် သူတို့သည် မြေတွင်းကို နက်စွာတူးကြ၍ မိမိတို့တူးထားသည့် တွင်းများထဲသို့ပင် ကျကြ၏။ 16သို့ဖြစ်၍ သူတို့သည် မိမိတို့ပြုသည့် မကောင်းမှုကြောင့် အပြစ်ဒဏ်ခံကြရ၏။ မိမိတို့ပြုသည့် အကြမ်းဖက်မှုများကြောင့် ဒဏ်ရာရကြ၏။ 17ဘုရားရှင်သည် တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည် အမြင့်မြတ်ဆုံးသော ဘုရားဖြစ်တော်မူသော အရှင်အား သီဆိုချီးမွမ်းပါမည်။
Iliyochaguliwa sasa
Psalms 7: TPV-RV
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: