YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခရစ္စမတ်အကြိုနေ့များ - ခရစ်တော်ကြွလာတော်မူလိမ့်မည်နမူနာ

Advent: Christ Is Coming!

91 ၏ နေ့ 16

ဖယောင်းတိုင်ရှိလျှင် ထွန်းပါ။

ကျွန်ုပ်တို့သည် မေရှိယအဖို့ စောင့်နေသည်။
ယနေ့၊ မိမိ၏အသက်တာဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းကို မည်သို့ထင်ရှားစေခဲ့သနည်း။

ကျမ်းချက်ကို ဖတ်ပါ။
ဒါဝိဒ်နှင့် ဘုရားသခင်၏ ပဋိညာဉ်
(၂ရာ၊ ၇:၈-၁၇)

ဘုရားသခင်ကို ချီးမွမ်းပါ။

မိမိ၏အသက်တာဖြင့် ကိုးကွယ်ပါ။
ဒါဝိဒ်၏မိသားစုမှ ထာဝရဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။ မိတ်ဆွေ၏ ဘဝသည် ဘုရင်ယေရှုအဖို့ မိမိချစ်ခြင်းမေတ္တာကို ဖော်ပြပါသလား။ မိသားစုဝင်တစ်ဦးစီက ယေရှုကိုဝတ်ပြုခြင်း မည်သို့မြင်ကြောင်းကို အလှည့်ကျပြောပြပါ။

ဆုတောင်းခြင်းဖြင့် ကိုးကွယ်ပါ။
ဘုရားသခင်ကို ဝန်ခံ၍ ချစ်မြတ်နိုးလျက် ကျေးဇူးတော်ကို ချီးမွမ်းစေရန် သမ္မာကျမ်းစာကို အသုံးပြုပါ။

ဓမ္မသီချင်းဖြင့် ကိုးကွယ်ပါ။
အနန္တတန်ခိုးရှင် ချီးမြှောက်ကျေူးကို သီဆိုပါ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Advent: Christ Is Coming!

Thistlebend Ministries စီရင်ခဲ့သော ဖတ်ရှုဝတ်ပြုအစီစဉ်သည် မိမိမိသားစု (သို့) တစ်ဦးချင်းစီအဖို့ ဖြစ်ပြီး၊ မေရှိယကို ချီးမွမ်းစေခြင်းငှာ ကျွန်ုပ်တို့၏နှလုံးကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာအဖို့ ခရစ်တော်ကြွလာခြင်း၏အနက်ကို အထူးအလေးထားပါသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်စေဖို့ စီရင်ထားပါသည်။ မိတ်ဆွေတို့အဖို့ မိမိခမည်းတော်၏ အစဉ်အမြဲတည်သော ပဋိညာဉ်မေတ္တာတော်ကို သိမြင်စေဖို့၊ ဤလမ်းညွှန်ချက်ကို အသုံးပြုခြင်းဖြင့် မိမိမိသားစုအဖို့ ထာဝရအမှတ်တရများ ဖြစ်စေလိမ့်မည်။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ www.thistlebendministries.org သို့ ကြည့်ရှုနိုင်ပါသည်။