YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:1-10

ဟေရှာယ 11:1-10 JBMLE

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊ ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။ တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။ တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။ နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။ ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။