ခရစ္စမတ်အကြိုနေ့များ - ခရစ်တော်ကြွလာတော်မူလိမ့်မည်နမူနာ

ခရစ္စမတ်အကြိုနေ့များသည် ကမ္ဘာတစ်ဝန်းရှိ ကျင်းပသော (၄) ပတ်ကြာ မျှော်လင့်စောင့်စားသောပွဲတော် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်၊ ပရောဖက်ပြုထားသော မေရှိယကို ကြည့်ရှုခံယူစေဖို့ ကျွန်ုပ်တို့၏စိတ်နှလုံးကို ပြင်ဆင်ထားသောအချိန်ဖြစ်သည်။ အရှင်ယေရှုဘုရား၏ အပျိုစင်မွေးဖွားခြင်း၊ အသက်တာ၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျွန်ုပ်တို့၏ သားသမီးများအား သင်ကြားစေသည့်အချိန် ဖြစ်သည်။ ယခုအချိန်တွင် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပြန်လည်ဆွဲယူလျက် ကိုယ်တော်ပြုတော်မူသောအရာများကို ပြန်လည်တွေးတောစေပြီး ကိုယ်တော်၏ ဘုန်းတော်ထင်ရှားခြင်းအတွက် မျှော်လင့်ခြင်းနှင့် အဆင်သင့်ဖြစ်နေသော နှစ်သစ်သို့ ကျွန်ုပ်တို့အား တွန်းပို့နိုင်ပါစေ။
ဖယောင်းတိုင်ရှိလျှင် ထွန်းပါ။
ကျွန်ုပ်တို့သည် မေရှိယအဖို့ စောင့်နေသည်။
မိိမိမိသားစုအား ခရစ္စမတ်အကြိုနေ့များကို ရှင်းပြပြီး ဤအချိန်အတွက် မိမိအစီအစဉ်ကို နေ့စဉ်ပြုလုပ်ပါ။ အမြင့်ဖယောင်းတိုင်ရှိလျှင် ၎င်းဖယောင်းတိုင်ပေါ်တွင် အထစ် (၂၅) ခု (သို့) အမှတ်အသားပြုလုပ်ပြီး အမှတ်အသားတစ်ခုစီ၏ဘေးတွင် နံပါတ် (၁-၂၅) ကို ရေးပါ။ ညနေတိုင်း ဖယောင်းတိုင်ကို မီးထွန်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သီးသန့် (သို့) မိသားစုနှင့်အတူ ဖတ်ရှုပါ။
ကျမ်းချက်ကို ဖတ်ပါ။
ဖန်ဆင်းသောအရာများနှင့် လူနှင့် ဘုရားသခင်၏ ပဋိညာဉ်
(က၊ ၁:၂၇-၂၈၊ ၂:၁၆-၁၇။ ယေ၊ ၃၃:၁၉-၂၂)။
ဘုရားသခင်ကို ချီးမွမ်းပါ။
မိမိ၏အသက်တာဖြင့် ကိုးကွယ်ပါ။
ဘုရားသခင်သည် သူ၏ပဋိညာဉ်ကတိတော်များကို အမြဲစောင့်ရှောက်တော်မူသည်။ သူ၏စကားတော်သည် သစ္စာစကား ဖြစ်ပါသည်။ ကိုယ်တော်ကို ယုံကြည်ပါသလား။
မိမိစကားကို သတိထားပါ။ မိမိကတိများကို တည်ပါသလား။
မိတ်ဆွေ၏စကားသည် မုသားကင်းသောစကား ဖြစ်ပါသလား။
ဆုတောင်းခြင်းဖြင့် ကိုးကွယ်ပါ။
ဘုရားသခင်ကို ဝန်ခံ၍ ချစ်မြတ်နိုးလျက် ကျေးဇူးတော်ကို ချီးမွမ်းစေရန် သမ္မာကျမ်းစာကို အသုံးပြုပါ။
ဓမ္မသီချင်းဖြင့် ကိုးကွယ်ပါ။
ဝေနေယျသတ္တဝါအပေါင်းကျူးကို သီဆိုပါ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

Thistlebend Ministries စီရင်ခဲ့သော ဖတ်ရှုဝတ်ပြုအစီစဉ်သည် မိမိမိသားစု (သို့) တစ်ဦးချင်းစီအဖို့ ဖြစ်ပြီး၊ မေရှိယကို ချီးမွမ်းစေခြင်းငှာ ကျွန်ုပ်တို့၏နှလုံးကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာအဖို့ ခရစ်တော်ကြွလာခြင်း၏အနက်ကို အထူးအလေးထားပါသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်စေဖို့ စီရင်ထားပါသည်။ မိတ်ဆွေတို့အဖို့ မိမိခမည်းတော်၏ အစဉ်အမြဲတည်သော ပဋိညာဉ်မေတ္တာတော်ကို သိမြင်စေဖို့၊ ဤလမ်းညွှန်ချက်ကို အသုံးပြုခြင်းဖြင့် မိမိမိသားစုအဖို့ ထာဝရအမှတ်တရများ ဖြစ်စေလိမ့်မည်။
More
ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ www.thistlebendministries.org သို့ ကြည့်ရှုနိုင်ပါသည်။