သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

တတိယနေ့၊ လုံခြုံသောအနာဂတ်ကို ရှိစေဖို့ မိမိပိုက်ဆံကို စုကြပါစို့
ဒေဝါလီခံခြင်းသည် ကျွန်တော်အတွက် နိုးကြားမှုတစ်ခု ဖြစ်ခဲ့ပါသည်။ စည်းစိမ်းချမ်းသာကို ရရှိခံစားခဲ့ပေမဲ့ စည်းကမ်းမရှိသောကြောင့် အားလုံးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်၊ ပိုက်ဆံပြန်ရစေဖို့ ပိုမိုကောင်းသောနည်းလမ်းဖြင့် ကြိုစားအားထုတ်ရပါလိမ့်မည်ဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုခဲ့သည်။
ထိုအချိန်မှာ၊ ကျွန်တော်သည် ချမ်းသာသူများ အကျင့်ဓလေ့များကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါသည်။ လူတစ်ဦးသည် ချမ်းသာချင်လျှင် ချမ်းသာသောလူ၏ လုပ်နည်းနှင့် ဉာဏ်ပညာကို စေ့စေ့လေ့လာလျက် သင်ယူရမည်ဖြစ်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကျွန်တော်သည် သန်းကြွယ်သူဌေးများနှင့် ဘီလျံနာများနှင့်အတူ အချိန်ပေးခဲ့ပါသည်။ သူတို့၏ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ထိန်းသိမ်းနည်းကို နားလည်ဖို့ ကြိုးစားခဲ့သည်။ ၎င်းရှာဖွေခြင်းတွင်၊ (သု၊ ၂၁း၁၀) ၏ နိယာမသည် မှန်ကန်သော သမ္မာတရားဖြစ်သည်ဟု သဘောပေါက်သွားခဲ့သည်။ ပညာရှိများသည် အရေးပေါ်အခြေအနေအတွက် ပိုက်ဆံစုပြီး၊ အရေးအပေါ်တစ်ခုကို ကြုံသောအခါ သူတို့၏ ပိုက်ဆံသည် လုံလောက်ပါသည်။ သို့သော်၊ မိုက်သောသူများသည် ပိုက်ဆံကို ရသောအခါ ချက်ချင်းဖြုန်းတီး၍ ဆင်းရဲ့ခြင်းသို့ ရောက်တတ်ကြပါသည်။
ဥမမာ၊ ချမ်းသာသည့်ပုဂ္ဂိုလ်တော်တော်များများသည် ဆင်းရဲဟန်ရှိသည်ဟု ကျွန်တော်တွေ့ခဲ့ပါသည်။ ထိုသူဌေးများသည် ဂုဏ်ပကာသနကို မပြုဘဲ သာမညပုဂ္ဂိုလ်အနေနှင့် အသက်ရှင်ကြပါသည်။ သူဌေးတချို့သည် ဆင်းရဲသောသူကဲ့သို့ အသက်ရှင်ကြသည်။ အကယ်၍၊ ထိုပုဂ္ဂိုလ်များသည် ၎င်းနည်းလမ်းများဖြင့် အသက်ရှင်ကြသော်လည်း ဆင်းရဲဒုက္ခနှင့် လွတ်ကြသည်။ ကြွယ်ဝချမ်းသာသူတို့သည် ဉာဏ်လမ်းကို ဆက်လက်လျှောက်ကြပါသည်။
အကယ်စင်စစ်၊ သူကြွယ်တို့သည် ပိုက်ဆံစုအလေ့ ရှိကြပါသည်။ မလိုအပ်သော လောကီစည်းစမ်းဥစ္စာကို လျှောက်မဝယ်ဘဲ မိမိပိုက်ဆံကို သစ္စာရှိရှိ စုကြပါသည်။ မိမိငွေကို ပိုမိုတိုးပွားစေဖို့ ရင်းနှီးမြှပ်နှံကို လုပ်ကြပါသည်။ သူတို့သည် အနာဂတ်အတွက် လုံခြုံခြင်းကို ဖန်တီးရန် အမြဲတွေးနေကြသည်။
သို့သော်၊ လူတော်တော်များများသည် ဒေဝါလီခံခဲ့သည့် ကျွန်တော်လိုပါပဲ ဖြစ်နေကြသည်။ မိမိပိုက်ဆံကို စုစေဖို့ စည်းကမ်းမရှိကြပေ။ ချမ်းသာခြင်းသို့ ရောက်သောလမ်းကို မလျှောက်ဘဲ ဆင်းရဲခြင်းသို့ ရောက်သောလမ်းကို လျှောက်တတ်သည်တကား။
မိမိဘတ်ဂျက်တွင် ဘုရားသခင်၏ ဂုဏ်တော်ကို ဦးစားပေးဖို့ရန် အလှူငွေကို ရှေ့ဦးစွာ စာရေးရမည်ဖြစ်သည်။ ဒုတိကအရာသည် စုဆောင်းငွေ ဖြစ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကို ပိုက်ဆံမပေးမီ ကိုယ်တိုင်ပေးချေစေလိုပါသည်။
ပညာရှိသူများသည် ပိုက်ဆံကို စုကြတတ်သည်။ ပိုက်ဆံစုခြင်းသည် သမ္မာကျမ်းစာရှိ အလွန်ရှင်းလင်းလှသော သမ္မာတရားတစ်ခု ဖြစ်ပါသည်။ မိတ်ဆွေ၏ လက်ရှိရောက်သော ငွေကို မစုဆောင်းဘဲ မလိုအပ်သောအရာများကို လျှောက်ဝယ်တတ်သောအလေ့ရှိလျှင် မိတ်ဆွေသည် လူမိုက်တစ်ယောက် ဖြစ်ပါသည်။ ဤဆုံးမစကားသည် မိတ်ဆွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နေပါက၊ ကျွန်တော်ကို မပြစ်မတင်ပါစေနှင့်။ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းစကားသည် ထာဝရဘုရားသခင်၏ ဆုံးမစကားတော်ပင် ဖြစ်ပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
