YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 2

ဒုတိယနေ့၊ ကြိုတင်ကြံစည်ခြင်း အနုပညာ

ကျွန်တော်တို့သည် ခရစ်ယာန််များအနေနှင့် ရည်ရွယ်ချက်ရှိရှိ အသက်ရှင်ရမည်ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်ယာန်များသည် ကြိုတင်ကြံစည်သောသူများ ဖြစ်ကြပါသည်။ ရည်ရွယ်ချက်မရှိသောအသက်တာသည် အဓိပ္ပာယ်မရှိသောအသက်တာနှင့် တူပါသည်။ အဓိပ္ပာယ်ရှိသောအသက်တာကို ရရှိခံစားစေဖို့ ကြိုတင်ကြံစည်ခြင်း အနုပညာကို သေချာစွာ လေ့လာကြပါစို့။

(လု၊ ၁၄း၂၈-၃၀) တွင်၊ အရှင်ယေရှုဘုရားသည် ဤနိယာမအကြောင်း မိန့်တော်မူခဲ့ပါသည်။ သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော (လု၊ ၁၄း၂၈)။ တိုက်မတည်ဆောက်နိုင်ခြင်းအားဖြင့် ထိုသူတစ်ယောက်၏ မောဟကို ထင်ရှားစွာ ပြသပါလိမ့်မည်။

အရှင်ယေရှုဘုရား၏ တပည့်ဖြစ်ခြင်းအကြောင်းသင်ကြားခြင်း (ကြိုတင်ကြံစည်ခြင်းနှင့် ဘတ်ဂျက်ဆွဲခြင်း) သည် ငွေရေးကြေးရေးနှင့်လည်း စပ်ဆိုင်ပါသည်။ ကြိုတင်ကြံစည်ခြင်းသည် အောင်မြင်မှု၏ အဓိကသော့ချက် ဖြစ်ပါသည်။ ကိုယ်ရေးကိုယ်တာငွေကြေးအတွက်၊ ဘတ်ဂျက်တစ်ခုဆွဲခြင်းဖြင့် မိမိဝင်ငွေထက်ငွေကို ကြည့်ရှုလျက် ထိန်းချုပ်နိုင်ပါသည်။

မိတ်ဆွေသည် မိမိငွေကို အားနာစရာ မလိုပါဘူး။ မိမိငွေကို နိုင်ရမည်ဖြစ်သည်။ မိမိငွေကို ကောင်းကောင်းသုံးနိုင်ဖို့ ကောင်းသောဘတ်ဂျတ်တစ်ခုကို ဆွဲကြပါစို့။

အစမှာ၊ မိမိဝင်ငွေအားလုံးကို ရေတွက်ပြီး မိမိဘဝအတွက် အကျိုးပေးစေသော ဘတ်ဂျက်တစ်ခုကို ဆွဲလိုက်ပါ။ မိမိလက်ရှိ ကျပ်တစ်ခုစီတိုင်းတွင် ရွည်ရွယ်ချက်နှင့် အလုပ်တစ်ခု ရှိရမည်ဖြစ်သည် - စုဆောင်းငွေကိုလည်း မမေ့ပါစေနှင့်။ ဤဘက်ဂျစ်၏ ရွည်ရွယ်ချက်မှာ မိမိဝင်ငွေနှင့် ထွက်ငွေတို့ကို အကိုက်ဖြစ်အောင် ဖြစ်ပါသည်။ အကိုက်မဖြစ်ပါက၊ အကိုက်ဖြစ်အောင် မိမိဘက်ဂျစ်ကို ပြန်လည်ပြုပြင်စီရင်လိုက်ပါ။

သို့သော်၊ ယုံကြည်သူအနေနှင့် လျစ်လျူမရှုနိုင်သော ဘတ်ဂျက်ရေးဆွဲခြင်း၏ အခြားအစိတ်အပိုင်းတစ်ခု ရှိသေးသည်။ မိမိစီမံခန့်ခွဲသောငွေသည် မိမိ၏ ပိုက်ဆံမဟုတ်ဘူး။ ၎င်းငွေသည် ဘုရားသခင်၏ ပိုက်ဆံ ဖြစ်ပါသည်။ ထို့ကြောင့်၊ ဤငွေ၏ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူသည်။

လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏ဟု ရှောလမုန်မင်းကြီး စီရင်ရေးထားခဲ့သည် (သု၊ ၁၆း၉က)။ ကျွန်တော်တို့အားလုံးသည် ၎င်းသုတ္တံစကားကို နားလည်သဘောပေါက်ပါသည်။ ကျွန်တော်တို့အားလုံးသည် မျှော်လင့်ချက်များ၊ အိပ်မက်များ၊ စိတ်ဆန္ဒများနှင့် ဆုကျေးဇူးများတို့ကို ရှိကြပါသည်။ သို့သော်လည်း သူ၏ ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏ သု၊ ၁၆း၉ခ)။ ထို့ကြောင့်၊ ကိုယ်ပြုသောအမှုတို့ကို (အကြံစည်များနှင့် ဘက်ဂျစ်များ) ထာဝရဘုရား၌ အပ်လော့။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com