သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

ဆဋ္ဌမနေ့၊ အောင်မြင်ခြင်း၏ အဓိကသော့ချက်
နှစ်သစ်ကူးနေ့တိုင်းမှာ မိမိအသက်တာကို ပြောင်းလဲစေဖို့ လူတော်တော်များများ စိတ်အဓိဋ္ဌာန်ပြုလေ့ ရှိကြပါသည်။ သို့သော်၊ (၁) ပတ်လောက်ကြာပြီးမှ ၎င်းစိတ်အဓိဋ္ဌာန်ကို မေ့သွားပြီး ပြောင်းလဲမှုကို သိပ်ရှိကြပေ။
ဥပမာ၊ လူတစ်စုံတစ်ယောက်က၊ ကျွန်တော်သည် ဝိတ်ကို လျော့ပြီး ချမ်းသာသောသူတစ်ယောက်ဖြစ်မည်ဟု စိတ်အဓိဋ္ဌာန် ပြုသည်။ သို့သော်၊ ထိုသူသည် ဝိိတ်ကို တတ်ပြီး ပိုမိုဆင်းရဲလာကြပါသည်။
အကယ်၍ ၎င်းစိတ်အဓိဋ္ဌာန်များကို ဘယ်တော့မှမပြည့််စုံနိုင်ဘူး။ ကျွန်တော်တို့၏ ဇာတိပကတိစိတ်နှင့် လောဘကြီးသော စိတ်ဆန္ဒများကို မငြင်းဆိုနိုင်သောကြောင့် ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြသည်။ ဘာကြောင့် ကျွန်တော်တို့၏ စိတ်အဓိဋ္ဌာန်ကို ပြည့်စုံအောင် မလုပ်နိုင်ကြသလဲ။ အကယ်၍၊ မိမိစိတ်အဓိဋ္ဌာန်များကို သူတစ်ပါးအား မဖော်ပြဘဲ တမင်ဝှက်ထားကြသည်။
မိမိစိတ်အဓိဋ္ဌာန်ကို ပြည့်စုံစေဖို့၊ မိမိစိတ်အဓိဋ္ဌာန်ကို သူတစ်ပါးအား ဖော်ပြကြပါစို့။ ၎င်းအမှုသည် တိုင်ပင်ခြင်းဟု ခေါ်ပါသည်။ ၎င်းသည် မိမိစိတ်အပြောင်းအလဲအတွက် အစွမ်းထက်ဆုံး တွန်းအားတစ်ခု ဖြစ်သည်။ (သု၊ ၁၅း၂၂) တွင်၊ ရှင်ဘုရင်ရှောလမုန်သည် လူများအားလုံးကို တိုင်ပင်သောသူများကို ရှိစေဖို့ တိုက်တွန်းနိုးဆော်ခဲ့သည်။ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏ဟု သူသိခဲ့သည်။ လူသည် အထူးထူးအပြားပြား ကြံစည်တတ်သည်။ သို့ရာတွင်၊ တိုင်ပင်ခြင်းမရှိလျှင် ၎င်းကြံများကို မထနိုင်ချေ။
သို့သော်ငြားလည်း တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်သည်။ သူတစ်ပါး၏ အကြံဉာဏ်ကို နားထောင်လိုသော စေတနာစိတ်ရှိသောအခါ နောင်လာမည့် အမှုကိစ္စများနှင့် အနိဋ္ဌာရုံများကို ပယ်ရှားတတ်သည်။
သို့ရာတွင်၊ အကြံပြုချက်တိုင်းကို လိုက်နာရမည်လို့ မဆိုလိုပါဘူး။ အဓိက၊ မိမိအတ္တကို လျှော့ပြီး ခပ်သိမ်းသောအရာကို မသိကျွမ်းဘူးဟု ဝန်ခံလျက် သူတစ်ပါး၏ အကြံဉာဏ်ကို နားတောင်ဖို့ စေတနာရှိရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ခေါင်းမာသောသဘော မရှိဘဲ နှိမ့်ချသောစိတ်သဘောသာ ရှိရမည်။
မိတ်ဆွေသည် ဘယ်သူကိုယုံကြည်ပါသလဲ။ မိမိမိသားစုဝင်များ၊ ဓမ္မမိတ်ဆွေများ၊ သင်းအုပ်ဆရာများ၊ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးသည် မိမိ၏ ငွေကြေးမေးခွန်းများအတွက် တိုင်ပင်သောသူများအဖြစ် ထမ်းဆောင်နိုင်ပါသည်။ မိမိငွေးကြေးပန်းတိုင်များသို့ ရောက်စေဖို့၊ စိတ်ချယုံကြည်သောသူများကို ရှာဖွေကြပါစို့။
ဆုံးရှုံးခြင်းသို့ ရောက်တတ်သော မှားသောလမ်း၌ မလျှောက်ပါစေနှင့်။ တိုင်ပင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ သမ္မာတရားတစ်ခု ဖြစ်သည်။
ငွေကြေးကို ကိုင်တွယ်ရာတွင် ခက်ခဲလှသော်လည်း သတင်းကောင်းမှာ မိတ်ဆွေသည် တစ်ယောက်တည်း လုပ်ဖို့ မလိုပါ။ ငွေကြေးအတွက် စိတ်အေးစေမှုတက္ကသိုလ်သည် သမ္မာကျမ်းစာ၌ မှုတည်သော အစီစဉ်ဖြစ်ပြီး မိမိငွေကြေးကို သမ္မာတရားလမ်းဖြင့် အသုံးပြုနည်းကို ဖော်ပြထားပါသည်။ မိမိကြွေးမှ လွတ်မြောက်၍ မိမိပိုက်ဆံကို ဉာဏ်ပညာရှိရှိ စီရင်ပြီး စတင်စုလျက်နှင့် အသုံးပြုလိုက်ပါ။ ပိုမိုသိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်လိုက်ပါ။ daveramsey.com/fpu
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
