YouVersion လိုဂို
ရှာရန် အိုင်ကွန်

စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း၊ ဂျွန်ပိုက်ပါနှင့်အတူ ဝတ်ပြုခြင်းများနမူနာ

Finding Real Happiness: Devotions with John Piper

3 ၏ နေ့ 3

ကျွန်တော်ကြေကွဲနေတယ့် ခံစားချက်ဖြင့် နိုးထလာခဲ့သော မနက်ခင်းများရှိတယ်။အားငယ်အားနည်းခြင်းဖြစ်တယ်။ အဲ့အရာက မရေရာမသေချာဖြစ်တယ်။ ခြိမ်းခြောက်မှုတစ်စုံတစ်ရာမှမရှိပါ။ ဘယ်သူမှအားနည်းချက်မရှိပါ။ တခုခုမှားယွင်း‌တော့မှာဖြစ်ပြီး ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတယ့် ပုံဖော်လို့မရတယ့် အတွေးသက်သက်ဖြစ်တယ်။

ဝေဖန်တာများရင်ဖြစ်လေ့ရှိတယ်။ အများကြီးမျှော်လင့်ထားသောအရာများက ကြန့်ကြာမှု ကြီးပြီး နှောင့်နှေးမှုများတယ်လို့ ထင်ရတယ်။

လွန်ခဲ့သောနှစ်ပေါင်း၅၀လောက်က မနက်ခင်းများကို ပြန်ကြည့်တယ့်အခါမှာ သခင်ယေရှု ကျွန်ုပ် ဘဝကို ဘယ်လိုစောင့်ရှောက်ပေးခဲ့လဲဆိုတာကို အံ့အားသင့်တယ်။ ကျွန်တော့် အမှုတော်မြတ်ရောပါတယ်။ စိတ်ကျဥ်းကြပ်ခြင်းမှ‌ ရှောင်ပြေးဖို့ ဖျား‌ယောင်းသွေးဆောင်ခြင်းက ဘယ်တော့မှ မနိုင်ခဲ့ဘူး၊ အခုထိလည်း အနိုင်မရသေးပါ။ ဒီအရာက အံ့ဩဖို့ကောင်းတယ့် အတွက်ကြောင့် ကျွန်တော် ဘုရားကို ကိုးကွယ်တာဖြစ်တယ်။

ကြောက်ရွံ့ခြင်းထဲမှာ နစ်မြှုပ်နေခြင်း သို့မဟုတ် တံလျှပ်ကဲ့သို့ မသေချာသော စိမ်းစိုနေသောနေရာဆီ ပြေးထွက်သွားမည့် အစား သူက အကူအညီ‌‌‌အော်ပြီးတောင်းဖို့ အတွက် လှုံ့ဆော်စေခဲ့ပြီး တိကျသော ကတိတော်နဲ့ အဖြေပေးခဲ့တယ်။

ဥပမာပေးရရင်။ဒီအချိန်အတောတွင်းမှာဖြစ်ခဲ့တာပါ။ ကျွန်တော် စိတ်ကြေကွဲစွာနဲ့ နိုးထလာခဲ့ပါတယ်။ အားနည်းတယ်။ အားငယ်တယ်။ "ကိုယ်တော် ကျွန်တော့်ကို ကူညီပေးပါ၊ ကျွန်ုပ် ဘယ်လိုဆုတောင်းရမှန်းမသေချာတော့ပါ။"ဟူ၍ ကျွန်တော်ဆုတောင်းခဲ့တယ်။

နာရီပိုင်းအကြာမှာ ကျွန်တော် ဇာခရိကျမ်းကို ဖတ်ခဲ့တယ်၊ကျွန်တော် ငိုကြွေးအကူအညီတောင်းခဲ့တာကို ရှာဖွှေနေတာဖြစ်တယ်။ အဖြေရခဲ့တယ်။

သင်သည် ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။(ဇာခရိ ၂း၄-၅)

‌ယေရုရှလင်မြို့တောင် မကာရံနိုင်‌အောင် ဘုရားလူတွေအတွက် ချမ်းသာကြွယ်ဝခြင်းနှင့် ကြီးပွားခြင်း ရှိမှာဖြစ်တယ်။ "လူ သတ္တဝါ တိရိစ္ဆာန်"တို့အလွန်များသောကြောင့် ယေရုရှလင်မြို့ဟာ အကာအရံမရှိတယ့် ရွာငယ်များသကဲ့သို့ တိုင်းပြည်အနှံ့ ပျံနှံ့သွားမှာဖြစ်တယ်။

ချမ်းသာကြွယ်ဝမှုက ကောင်းတယ် ဒါပေမယ့် ကာကွယ်မှုရော

ဇာခရိ ၂း၅မှာ ဘုရားပြောတယ့် အတိုင်းဘဲ" ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည်"။ဟုတ်ပါတယ်။ ဒါပါဘဲ။ ထိုအရာက ကတိတော်ဖြစ်တယ်။ "ငါလုပ်ပေးမည်"ဆိုသော ဘုရားဖြစ်တယ်။ ကျွန်တော်လိုအပ်နေတာ ဒါပါဘဲ။

နောက်ပြီး အကာအကွယ်မဲ့သော ယေရုရှလင် ရွာများအတွက် မှန်ကန်တယ်။ ဘုရားသားဖြစ်တယ့် ကျွန်ုပ် အတွက်မှန်ကန်တယ်။ ဘုရားသခင်က"ကျွန်တော့် ပတ်လည်က မီးမြို့ရိုးဖြစ်မှာဖြစ်တယ်"။ ဟုတ်ပါတယ်။ သူဖြစ်မှာဖြစ်တယ်။ သူဖြစ်ခဲ့တယ်။ နောက် သူဆက်ဖြစ်နေဦးမှာဖြစ်တယ်။

ပို၍ကောင်းလာပါတယ်။ ကြောက်ရွံ့ဖွယ်ရာကောင်းသော မီးမြို့ရိုးထဲမှာ" ထိုမီးထဲမှာ ငါသည် ဘုန်းတော်ဖြစ်သည်"ဟူ၍ ဘုရားကပြောသည်။ ဘုရားက သူ၏မီးအကာအရံကို ကျွန်ုပ်တို့ကို ဘယ်တော့မှ‌ မတင်းတိမ်ပါ။ သူရဲ့ စိတ်ချမ်းမြေ့ဖွယ် မျက်မှောက်တော်ကို ပေးမှာဖြစ်တယ်။

"သင် စိတ်ကြေကွဲပြီးနိုးလာခဲ့ရင် လုပ်ရမည့်အရာ"

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Finding Real Happiness: Devotions with John Piper

ဘုရားသခင်က ကျွန်တော်တို့အတွက် များစွာ လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ ဘုရားရဲ့ ကြီးမြတ်ခြင်းကို ခံစားရဖို့ မိမိကိုယ်ကို ‌ရှေ့ထုတ်ရမှာ ဖြစ်တယ်။ ဤ (၃) ရက်တာ ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်မှာ ဆရာဂျွန်ပိုက်ပါက ယေရှု၏ ‌ချစ်ခြင်းမေတ္တာတော်ပြခဲ့တယ့်လုပ်ရပ်များထက် ကျော်လွန်ပြီး ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာတော် ရည်မှန်းချက်ပန်းတိုင်ကို မြင်လာစေရန် စာဖတ်သူတွေကို တိုက်တွန်းပေးတာဖြစ်တယ်။

More

We would like to thank John Piper and Desiring God for providing this plan. For more information, please visit: www.desiringgod.org