YouVersion လိုဂို
ရှာရန် အိုင်ကွန်

စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း၊ ဂျွန်ပိုက်ပါနှင့်အတူ ဝတ်ပြုခြင်းများနမူနာ

Finding Real Happiness: Devotions with John Piper

3 ၏ နေ့ 1

သင့်ကိုယ်သင် ဆန်းစစ်ပါ။ သင့်စိတ်နေသဘောထားက ဘာလဲ။ ဘုရားရဲ့ အခွင့်အာဏာ၊ အကြံအစည်တော်နှင့် ဘုရားနဲ့ သင်စတင်ပါသလား။ သို့မဟုတ် သင့်စိတ်ဆန္ဒ၊ သင့်အခွင့်အရေးနှင့် သင့်ကိုယ်သင် စတင်ပါသလား။

ခရစ်တော်၏သေခြင်းကို သင်ကြည့်သောအခါ ဘာဖြစ်သွားသလဲ။ မိမိကိုယ်ကို ‌လေးစားမှုရရှိရန် ဤအံ့မခန်းမြင့်မြတ်သောအမှုတေ်ကို ဘာသာပြန်ခြင်းမှ သင့်ဝမ်းမြောက်ခြင်းသည် အမှန်တကယ်ပင် တိုးမြင့်လာသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ရုန်းထွက်ပြီး ဘုရားသခင် ဘုန်းတော်နှင့် သူ၏သားတော် ဘုန်းအသရေအတွက် ယေရှုဘုရား၏ သေခြင်းတရားက အနက်ရှိုင်းဆုံးနှင့် ဘုရားသခင်၏ အနန္ဒ ဂုဏ်အသရေကို အရှင်းလင်းဆုံးကြွေးကြော်ခြင်းဖြစ်တာကြောင့် သင် အံ့ဩခြင်း၊ ကြောက်ရွံရိုသေခြင်း၊ ကိုးကွယ်ခြင်းတို့နှင့် ပြည့်နှက်နေပါသလား။

ဤသည်မှာ မျှော်လင့်ခြင်းအတွက် အပြည့်အ၀အာမခံချက်ပေးနိုင်သော ကြီးမားသောရည်မှန်းချက်အုတ်မြစ်ဖြစ်သည်။ နောက်ဆုံးတော့ ကျွန်ုပ်ရဲ့ အကန့်အသတ်ရှိသော လုပ်ဆောင်ရည်နှင့် တန်ဖိုးကြောင့်မဟုတ်ဘဲ ထိုက်တန်လှသော ဘုရားရဲ့ အနန္ဒ ‌ဖြောင့်မတ်ခြင်းတရား‌မှာ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ သေချာခိုင်မာတယ်။နာမတော်၏ ဘုန်းအသရေကို ထောက်မ၍ သက်သေပြရန် ဘုရားသခင်၏ မယိမ်းယိုင်သော သစ္စာတရားဖြစ်တယ်။

ဒီအချက်ပေါ် သင်ရပ်တည်ဖို့ ကျွန်တော် သင့်ကို စိတ်နှလုံးအကြွင်းမဲ့ မေတ္တာရပ်ခံတယ်။ သင့်ဘဝကို ဒီအရာပေါ်မှာ အခြေခံပါ။ သင့်မျှော်လင့်ခြင်းကို ဒီအရာမှာ အခြေချထားပါ။ ပျက်စီးယိုယွင်းနေသော ဤလောကကြီးရဲ့ အတွေးအခေါ်များမှ သင်လွတ်မြောက်လိမ့်မယ်။ နောက်ပြီး သင်ဘယ်တော့မှ မလဲကျတော့ပါ။

ခရစ်တော်ထဲ၌ ဘုရားသခင်ကို ချီးမြောက်ခြင်းက သင့်ဝမ်းမြောက်ခြင်းဖြစ်ပါက ထိုဝမ်းမြောက်ခြင်းက ဘယ်တော့မှမကျရှုံးပါ။

“ခရစ်တော်က ကျွန်ုပ်တို့အတွက် သို့မဟုတ် ဘုရားအတွက် အသေခံပေးတာလား”

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Finding Real Happiness: Devotions with John Piper

ဘုရားသခင်က ကျွန်တော်တို့အတွက် များစွာ လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ ဘုရားရဲ့ ကြီးမြတ်ခြင်းကို ခံစားရဖို့ မိမိကိုယ်ကို ‌ရှေ့ထုတ်ရမှာ ဖြစ်တယ်။ ဤ (၃) ရက်တာ ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်မှာ ဆရာဂျွန်ပိုက်ပါက ယေရှု၏ ‌ချစ်ခြင်းမေတ္တာတော်ပြခဲ့တယ့်လုပ်ရပ်များထက် ကျော်လွန်ပြီး ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာတော် ရည်မှန်းချက်ပန်းတိုင်ကို မြင်လာစေရန် စာဖတ်သူတွေကို တိုက်တွန်းပေးတာဖြစ်တယ်။

More

We would like to thank John Piper and Desiring God for providing this plan. For more information, please visit: www.desiringgod.org