YouVersion လိုဂို
ရှာရန် အိုင်ကွန်

စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း၊ ဂျွန်ပိုက်ပါနှင့်အတူ ဝတ်ပြုခြင်းများနမူနာ

Finding Real Happiness: Devotions with John Piper

3 ၏ နေ့ 2

ယေရှုကိုယုံကြည်သူများက ဘုရားအတွက်အရေးကြီးသည်(ကျွန်တော်တို့က သူ၏သတို့သမီး‌ဖြစ်သည်)။ သူကျွန်တော်တို့ကို အရမ်းချစ်တာကြောင့် ကျွန်တော်တို့ရဲ့တန်ဖိုး‌တွေကို ဘုရားဖြစ်လာဖို့ သူခွင့်ပြုမှာမဟုတ်ပါ။

ဘုရားသခင်က ကျွန်တော်တို့အတွက်များစွာလုပ်ဆောင်ပေးတယ်(မွေးစားခြင်း)၊ဒါပေမယ့် သူရဲ့ ကြီးမြတ်မှုကို ခံစားရစေရန် ကျွန်တော်တို့ကိုယ်တိုင်ရုန်းထွက်နိုင်ဖို့ သူလုပ်ဆောင်နေတာဖြစ်တယ်။

သင့်ကိုယ်သင် ဆန်းစစ်ပါ။ ယေရှုသင်နဲ့ အချိန်ယူရင် သင့်ဘေးကခုန်မှာ သူထိုင်ပြီး" မင်းကိုတကယ်ချစ်တယ်"လို့ပြောရင် ဘုရားနဲ့အချိန်ယူခဲ့မှု အ‌ပေါ် သင်ဘယ်အရာကို တနေ့လုံးအာရုံစိုက်မလဲ။

ကျွန်တော့်အမြင်မှာ ‌တရားဟောချက်တွေ၊ ဓမ္မသီချင်းတွေက အဖြေအမှားတာတွေပေးတတ်ကြတယ်။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးသော ဝမ်းမြောက်ခြင်းကို ကျွန်တော်တို့အချစ်ခံရခြင်းဆိုသော ထပ်တလဲလဲဖြစ်ပေါ်လာသော ခံစားချက်ထဲမှာ ရှိလောက်တယ်ဆိုတယ့် ယူဆချက်ကို ထို တရားဟောချက်တွေ၊ ဓမ္မသီချင်းတွေက ချန်ထားခဲ့ကြတယ်။ " ကိုယ်တော် ကျွန်ုပ်ကို ချစ်တယ်၊ ကိုယ်တော် ကျွန်ုပ်ကို ချစ်တယ်"။ ဒီအရာက ဝမ်းမြောက်ခြင်းဖြစ်တယ်။ ဒါပေမယ့် အမြင့်များမဟုတ်ပါ၊ အာရုံစူးစိုက်မှုမဟုတ်ပါ။

"ကျွန်တော်အချစ်ခံရတယ်" ဆိုတယ့်စကားက အဘယ်အရာကို ပြော‌နေတာလဲ။ ဘာကိုဆိုလိုချင်တာလဲ။ "အချစ်ခံရတယ်ဆိုတာ" ဘာကိုပြောချင်တာလဲ။

ယေရှုကိုတနေကုန် ကြည့်ပြီး "ကိုယ်တော်ဟာ အံ့ဩဖွယ်ကောင်းတယ်။ ကိုယ်တော်ဟာ အံ့ဩဖွယ်ကောင်းတယ်။" ပြောဆိုနေခြင်းထဲမှာ အမြင့်မြတ်ဆုံးသော ခရစ်‌တော်ချီးမြှောက်သော ဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်တယ်မဟုတ်လား။

  • ကိုယ်တော်က အခက်ခဲဆုံးသောမေးခွန်းကိုဖြေပြီး သူ၏ဉာဏ်ပညာတော်သည် အံ့ဩဖွယ်ကောင်းသည်။
  • သူက အရည်ယိုဆင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဒဏ်ရာကို တို့ထိပြီး သူ၏ ကရုဏာတရားက အံ့ဩဖို့ကောင်းတယ်
  • ဆေးဘက်ဆိုင်ရာ စစ်ဆေးခန်းမှာ သေနေတယ့်အမျိုးသမီးတယောက်ကို သူကရှင်ပြန်ထမြောက်စေပြီး သူ၏တန်ခိုးတော်က အံ့ဩဖို့ကောင်းတယ်။
  • နေ့ဘက်မှာဖြစ်နိုင်တယ့်အရာတွေကို ပြောပြီး သူ၏ဗျာဒိတ်တော်က အံ့အားသင့်ဖို့ကောင်းတယ်။
  • ငလျင်လှုပ်နေတာတောင် သူအိပ်ပျော်နေပြီး သူ၏အကြောက်တရားကင်းမဲ့ခြင်းက ‌အံ့အားသင့်ဖို့ကောင်းတယ်။
  • ‌"အာဗြဟံမဖြစ်မှီ ငါဖြစ်၏"ဟု သူပြောခဲ့ပြီး သူ၏စကားလုံးများက အံ့ဩဖို့ကောင်းသည်။
  • သူနှင့်အတူလျှောက်လှမ်းပြီး ကျွန်တော်မြင်နေတယ့်အရာတွေအပေါ် လုံးလုံးလျားလျားအံ့အားသင့်ရပါ။

    သူ၏ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့အားလုံးအတွက် သူလုပ်ကိုလုပ်ရမယ်ဆိုတယ့် စိတ်အားထက်သန်မှုမဟုတ်လား(ကျွန်ုပ်တို့အတွက်သူအသေခံပေးခဲ့တာအပါအဝင်)ဒါကြောင့် သူမီးရှို့ဖျက်စီးတာခံရမှာမဟုတ်ဘဲ ကျွန်တော်တို့က သူ့ကို အံ့အားသင့်ရမှာ။ ပြန်လည်ရွေးနုတ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ခွင့်လွှတ်‌ခြင်း၊ တရားမျှတခြင်း၊ ပြန်လည်သင့်မြတ်ခြင်း တို့ကဖြစ်မှရမှာ။ ၎င်းတို့သည်ချစ်ခြင်းမေတ္တာကိုလုပ်ဆောင်ခြင်းဖြစ်သည်။

    ဒါကြောင့် ကျွန်တော် သင်းအုပ်ဆရာတွေ၊ ဓမ္မဆရာတွေကို တိုက်တွန်းနေတာဖြစ်တယ်။ ခရစ်တော်၏မေတ္တာအားဖြင့် လူတွေကို ကိုယ်တော်၏ချစ်ခြင်းမေတ္တာ ပန်းတိုင်ဆီသို့ အရောက်ပို့‌ပါ။

    ဒါပေမယ့်ထို ချစ်ခြင်းမေတ္တာလုပ်ဆောင်ခြင်းရဲ့ ပန်းတိုင်ကတော့ ကျွန်ုပ်တို့က သူနဲ့အတူပါရှိပြီး သူရဲ့ အံ့ဩဖွယ် ဘုန်းတော်ကို မြင်တွေ့ရဖို့နှင့် အံ့အားသင့်နေဖို့ဖြစ်တယ်။ ထိုအချိန်အခိုက်အတန့်တွေမှာ မိမိကိုယ်ကိုမေ့သွားပြီး ဘုရားကိုမြင်ပြီးခံစားလာရတယ်။

    ဒါကြောင့် အမှုတော်ဆောင်များနှင့် ဓမ္မဆရာ ဆရာမများကို ကျွန်တော် တိုက်တွန်းနေတာဖြစ်တယ်။ လူတွေကို ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ဘုရား၏ချစ်ခြင်းမေတ္တာပန်းတိုင်ဆီသို့ တွန်းပေးပါ။ အကယ်၍ ရွေးနုတ်ကယ်တင်ခြင်း၊ နှစ်သိမ့်အားပေးခြင်း၊ ခွင့်လွှတ်ခြင်း၊ တရားမျှတမှုရှိခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်း တို့က ယေရှု၌မွေ့လျော်ခြင်းကို မယူဆောင်ဘူးဆိုရင် ထိုအရာတွေက ချစ်ခြင်းမေတ္တာမဟုတ်ပါ။

    ဒီအရာပေါ်မှာအာရုံစိုက်ပါ။‌ထိုအရာကို ယေရှုဆုတောင်းခဲ့လို့ဖြစ်တယ်။

    ယေရှု သင့်ကို ချစ်‌မှာကို အဘယ်ကြောင့် စိတ်လှုပ်ရှားရပါသနည်း။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Finding Real Happiness: Devotions with John Piper

ဘုရားသခင်က ကျွန်တော်တို့အတွက် များစွာ လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ ဘုရားရဲ့ ကြီးမြတ်ခြင်းကို ခံစားရဖို့ မိမိကိုယ်ကို ‌ရှေ့ထုတ်ရမှာ ဖြစ်တယ်။ ဤ (၃) ရက်တာ ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်မှာ ဆရာဂျွန်ပိုက်ပါက ယေရှု၏ ‌ချစ်ခြင်းမေတ္တာတော်ပြခဲ့တယ့်လုပ်ရပ်များထက် ကျော်လွန်ပြီး ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာတော် ရည်မှန်းချက်ပန်းတိုင်ကို မြင်လာစေရန် စာဖတ်သူတွေကို တိုက်တွန်းပေးတာဖြစ်တယ်။

More

We would like to thank John Piper and Desiring God for providing this plan. For more information, please visit: www.desiringgod.org