YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

(၂၁) ရက်တာ အစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 5

အစာရှောင်ခြင်းကို လျှို့ဝှက်စွာလုပ်ရမည်မဟုတ်သလော။ ဤခရီးစဉ်ကို သင်နှင့်အတူအစာရှောင်ကြမည့် အဖွဲ့နှင့်စတင်နိုင်ပါသည်။ ကျမ်းစာထဲတွင်ဖော်ပြထားသည့် အစာရှောင်ခြင်းအတော်များများသည် အာဏာရှိပုဂ္ဂိုလ်တို့က တစ်ဖွဲ့လုံးအတူတကွပါဝင်ကြရန် ဖိတ်ခေါ်သော စုပေါင်းအစာရှောင်ခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ယေရှုမိန့်တော်မူသောစကား၏ အဓိကအချက်ကို ဆင်ခြင်စဉ်းစားပါ။ အစာရှောင်ခြင်းနှင့်ပတ်သက်၍ သင်ပြောသောစကားတို့၏ နောက်ကွယ်မှ စိတ်သဘောထားများမှာ မည်သို့နည်း။ အခြားသူတို့ကို အားပေးရန်ပြောသလား၊ အားပေးထောက်ခံမှု ရယူရန်ပြောသလား။ သန့်ရှင်းသည်၊ ဝိညာဉ်သဘောရှိသည်ဟူ၍ ထင်မြင်စေလိုသော လျှို့ဝှက်ချက်အချို့ရှိပါသလား။ ထိုမေးခွန်းများ၏အဖြေကို ဘုရားသခင်နှင့်သင် နှစ်ဦးတည်းကသာသိပါသည်။ အစာရှောင်ခြင်းအတွက် သင့်စိတ်သဘောထားတို့ကို ဖွင့်ပြပေးပါရန် ဘုရားသခင်ထံဆုတောင်းပါ။ စိတ်နှလုံးတွင် မာနမိုးတိမ်မဖုံးစေဘဲ လိုအပ်သော အားပေးမှုကိုရယူနိုင်မည့်နည်းလမ်းများအတွက်လည်း တောင်းလျှောက်ပါ။

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြေ...

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.

ဆက်စပ်နေသောအစီအစဉ်များ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။