သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းနည်းနမူနာ

အတူတကွ ဆုတောင်းသောမိသားစုသည် စည်းလုံးလှသည်
ဘုရားသခင်၏ ဘုန်းတော်အတွက် စီမံကိန်းတစ်ခုခုကို မအောင်မြင်လျှင် စိတ်ပျက်ခြင်းသို့ ရောက်လွယ်လှပါသည်။ လူတိုင်းအား သမ္မာကျမ်းစာကို ရရှိစေဖို့ ဆုတောင်းသောအစီစဉ်သည် ထိုနည်းလည်းကောင်းပါပဲ။ ကောင်းကောင်းဆုတောင်းစေဖို့ လုံ့လဝီရိယနှင့် ဇွဲသတ္တိတို့ကို လိုအပ်ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် လောကီသားများကဲ့သို့ ပျင်းရိသောသဘော ရှိကြပါသည်တကား။ ဤအစီစဉ်၏ ဆုတောင်းအလေ့များကို ပြုလုပ်နေပါသလား။ သစ္စာရှိရှိ ဆုတောင်းနေပါသလား။
သတင်းကောင်းက၊ တစ်ယောက်တည်းသာ ဆုတောင်းဖို့ ဘုရားသခင် အလိုရှိတော်မမူ။
စစ်မှန်သောယုံကြည်သူများနှင့် ဘာသာရေးသမားများ၏ ဆုတောင်းပတ္ထနာပြုခြင်းကို လုံးဝမတူညီကြပေ။ စစ်မှန်သောယုံကြည်သူများသည် သုံးပါးတစ်ဆူ ဖြစ်တော်မူသော ဘုရားသခင်ထံ ဆုတောင်းသောအခါ၊ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် ဝိညာဉ်တော်ဘုရားတို့၏ ထာဝရမိတ်သဟာယဖွဲ့ခြင်းထံသို့ ဝင်စားရသောအခွင့်ကို ရရှိခံစားပါသည်။ (ယော၊ ၁၇း၅၊ ဟေဗြဲ၊ ၉း၁၄)။ အရှင်ယေရှုဘုရားသည် တစ်ပါးတည်း ဆုတောင်းသောအချိန် မရှိသလို၊ ကျွန်တော်တို့သည်လည်း တစ်ယောက်တည်းသာ ဆုတောင်းသောအချိန် မရှိချေ။ တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့ (မ၊ ၁၈း၁၉)။ သမ္မာကျမ်းစာရှိ ပုဂ္ဂိုလ်များအားလုံးသည် ကိုယ့်ဘာသာကိုယ် မနေဘဲ တစ်လုံးတစ်ဝတည်းဖြစ်လျက် အတူတကွ အမှုတော်မြတ်ကို ဆောင်ရွက်ခဲ့ကြပါသည်။ မောရှေ၏ တဲတော်နှင့် ရှောလမုန်၏ ဗိမာန်တော်မှစ၍ ကနဦးတမန်တော်များ၏ အိမ်အသင်းတော်များတိုင်အောင် ယုံကြည်သူများသည် ဝိညာဉ်မိသားစုအနေနင့် စည်းစည်းလုံးလုံး ဆုတောင်းခြင်းကို ပြုကြပါပြီ။
ယခုခေတ်ယုံကြည်သူအတွက် ဤအမှုအရာသည် မပြောင်းလဲပါဘူး။
ဘုရားသခင်သည် မိတ်ဆွေအဖို့ ဆုတောင်းသောမိသားစုကို ပြုပြင်စီရင်တော်မူပြီ။ ဤဆုတောင်းသောမိသားစုသည် မိမိပကတိမိသားစုကို ဖြစ်ကောင်းဖြစ်နိုင်လို၊ မိမိဝိညာဉ်မိသားစုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်တော်တို့အဘသည် မိတ်သဟာယဖွဲ့သောဘုရား ဖြစ်တော်မူသည်။ နာမ်ဝိညာဉ်ဘုရားသခင်သည် မိတ်ဆွေနှင့်အတူ ရှိတော်မူသောကြောင့် မိတ်ဆွေသည် တစ်ယောက်တည်း ဆုတောင်းပြုသည် မဟုတ်ပါ။
ဆုတောင်းအလေ့ (၅)၊ သူတစ်ပါးနှင့် ဆုတောင်းလိုက်ပါ။
ဤအစီစဉ်၏ အနောက်ဆုံးနေ့တွင်၊ မိမိဆုတောင်းသောမိသားစုကို ဖော်ပြနိုင်မည့်အကြောင်း ဘုရားသခင်ထံ ဆုတောင်းပါ။ အစမှာ၊ လူအနည်းငယ်ကိုသာ ခေါ်ပါ။ မိမိရင်းနီးသော အမျိုးတစ်ယောက် (သို့) ဓမ္မမိတ်ဆွေတစ်ယောက်ကို ခေါ်ပါ။ လူ (၂-၃) ယောက်ကို လောက်ပါသည်။ ပတ်စဉ်တွေ့လျက် အတူတကွ ဆုတောင်းပါ။ (၅) မိနှစ် လောက်ပါသည်။ တစ်ယောက်နှင့် တစ်ယောက်အတွက် အရင်ဆုတောင်းပြီး လူတိုင်း သမ္မာကျမ်းစာကို ရရှိစေဖို့ ဆုတောင်းကူပေးပါ။ လာမည့် နှစ် (၂၀၃၀) မှာ၊ သမ္မာကျမ်းစာကင်းသော လူမျိုးစု (၂၀၀၀) တို့ကို မိမိမိခင်ဘာသာစကားဖြင့် ဘာသာပြန်သော သမ္မာကျမ်းစာများကို ရရှိစေဖို့ အထူးဆုတောင်းပေးပါ။ အခမဲ့ဆုတောင်းလမ်းညွှန်ကို ရယူလိုပါက၊ အောက်ပါလင့်ကို နှိပ်၍ ဝင်ရောက်ကြည့်ရှုလိုက်ပါ။
ကျွန်တော်နှင့်အတူ ဆုတောင်းပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။ ဘုရားသခင်သည် မိတ်ဆွေကို သာ၍အသုံးပြုပါစေ။ ကျွန်တော်တို့သည် မိတ်ဆွေနှင့်အတူ လက်တွဲလျက် လူတိုင်းအတွက် သမ္မားကျမ်းစာရှိရေးနှင့် သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းပေးနိုင်ဖို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
www.prayforzero.com/youversion
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာသည် မိမိအသက်တာကို ပြောင်းလဲစေခဲ့ပါသလား။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကို ခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏ (ဆာ၊ ၁၁၉း၅၀)။ သမ္မာကျမ်းစာသည် မိမိဘာသာစကားဖြင့် မရှိလျှင် ဘယ်လိုအသက်ရှင်နိင်မလဲ။ ယနေ့၊ လူ (၁) ဘီလီယံကျော် ဤပြဿနာကို ရင်ဆိုင်နေဆဲ ဖြစ်ပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ နှုတ်ကပတ်တော်ကို ဖတ်ရှုလျက် နှုတ်ကပတ်တော်ကို မရသေးသောသူများအဖို့လည်း ဆုတောင်းပတ္ထနာပြုရမည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
