သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းနည်းနမူနာ

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ဇီဝအသက်ကိုမှုတ်ခြင်း
ဘုရားသခင်၏ နှုတ်ကပတ်တော်တရားသည် ကျွန်တော်တို့ရှူသောလေထက် သာ၍အရေးကြီးပါသည်။
ကျွန်တော်တို့၏ အားနည်းလှသော သင်္ခါရကိုယ်ခန္ဓာအကြောင်းကို စဉ်းစားဖူးပါသလား။ သိပ္ပံပညာအရ၊ လူ့ခန္ဓာကိုယ်သည် အသက်ရှူမဝသည့်အခါ မိနစ်ပိုင်းအတွင်း အနိစ္စသို့ ရောက်တတ်သည်ဟု ဆိုကြပါသည်။ မိနစ်ပိုင်းအတွင်း မိမိအသက်ဝိညာဉ်ကို ဆုံးရှုံးနိုင်ပါသည်တကား။
သို့ရာတွင်၊ မိမိအသက်ဝိညာဉ်ကို တကယ်ဆုံးရှုံးနိုင်ပါသလား။
သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် (ရော၊ ၁ဝး၉) တည်းဟူသော သမ္မာကျမ်းစာရှိ ကတိတော်မြတ်ကို ယုံကြည်စွဲလမ်းလျှင် မိမိအသက်ဝိညာဉ်ကို အဆုံးရှုံးနိုင်ပေ။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏ (၁တိ၊ ၂း၄)။
ယနေ့၊ လူအပ်စုပေါင်း (၂၀၀၀) ကျော်သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မေတ္တာတော်ကို ဖော်ပြထားစေသော ဧဝံဂေလိတရားကို ဖတ်ရှု (သို့) ကြားနာအခွင့် မရှိကြပေ။
ဘုရားသခင်၏ စိတ်နှလုံးကြေကွဲခြင်းကို ကိုယ်တိုင်းခံစားနေပါသလား။ သတင်းကောင်းက၊ မိတ်ဆွေသည် ဤအမှုကို ပါဝင်၍ ထိရောက်စွာ ကူညီပေးနိုင်ပါသည်။ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏ (တ၊ ၁၇း၂၈က)။ ဤလောကကြီးကို ဖန်ဆင်းသောမှုသောအရှင်သည် မိတ်ဆွေ၌ ကျိန်းဝပ်တော်မူသောကြောင့် မိတ်ဆွေသည် ဤလောကကြီးကို ပြောင်းလဲစေတတ်ပါသည်။
ဆုတောင်းအလေ့ (၂)၊ အသက်ရှုဆုတောင်းခြင်းကို ပြုပါ။
ထာဝရသမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် အသက်ရှုဆုတောင်းခြင်းကို ပြုပါ။ တစ်နေ့လုံးတွင်၊ ရှူထုတ်သောအခါ၊ တိုတောင်းပြီး အမှတ်ဖွယ်လွယ်သော ဆုတောင်းချက်တစ်ခုကို ဆုတောင်းလိုက်ပါ။ မိမိအသက်ရှူခြင်းအားဖြင့် အသက်ရှူခြင်းထက် ပိုမိုရေးကြီးသော နှုတ်ကပတ်တော်တရားအတွက် ဆုတောင်းပါ။ ဥပမာ၊ အရှင်ယေရှုဘုရား၊ ကိုယ်တော်သည် တစ်ပါးအမျိုးသားတို့၏ လိုအပ်နေသော ကယ်တင်ရှင် ဖြစ်တော်မူ၏။ သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များကို အလျင်အမြင် ဘာသာပြန်နိုင်မည့်အကြောင်း ကောင်းကြီးပေးတော်မူပါ။ တိုင်းနိုင်ငံများတို့ကို မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူပါ။ (၈၉) နိုင်ငံများရှိ သမ္မာကျမ်းစာကင်းသော လူမျိုးများအဖို့ ပိုမိုဆိုတောင်းစေဖို့ အပေါ်ရှိ ဗီဒီယိုကို ကြည်ရှုကြပါစို့။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာသည် မိမိအသက်တာကို ပြောင်းလဲစေခဲ့ပါသလား။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကို ခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏ (ဆာ၊ ၁၁၉း၅၀)။ သမ္မာကျမ်းစာသည် မိမိဘာသာစကားဖြင့် မရှိလျှင် ဘယ်လိုအသက်ရှင်နိင်မလဲ။ ယနေ့၊ လူ (၁) ဘီလီယံကျော် ဤပြဿနာကို ရင်ဆိုင်နေဆဲ ဖြစ်ပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ နှုတ်ကပတ်တော်ကို ဖတ်ရှုလျက် နှုတ်ကပတ်တော်ကို မရသေးသောသူများအဖို့လည်း ဆုတောင်းပတ္ထနာပြုရမည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်
