သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းနည်းနမူနာ

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
လောကုတ္တရာအဟာရ
လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။
အရှင်ယေရှုဘုရားသည် အရာရာ၌ သမ္မာတရားနှင့်အညီ အသက်ရှင်တော်မူခဲ့ပါသည်။ သူသည် လောကီအဟာရထက် လောကုတ္တရာအဟာရကို ပိုမိုအလေးထားတော်မူခဲ့ပါသည်။ သမ္မာကျမ်းစာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အစာကို ကြိမ်ပေါင်းများစွာ ချိတ်ဆက်ပေးပါသည်။ ပရောဖက်ကြီး ရှင်ယေဇကျေလသည် ဘုရားသခင်၏ စာလိပ်ကို စားခဲ့သည်ကို အောက်မေ့သတိရလိုက်ပါ (ယေ၊ ၃း၃)။ သူ့အတွက် ဘာအရသာရှိခဲ့သလဲ။
သူ့ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုပါသည်။
(ဆာ၊ ၁၁၉) သည် ဘုရားသခင်၏ စုံလင်လှသော နှုတ်ကပတ်တော်မြတ်အကြောင်းကို ထိမိစွာ ဖော်ပြထားပါသည်။ နှုတ်ကပတ်တော်တရားကို ဆာငတ်သောသူများနှင့် သမ္မာကျမ်းစာကို မရသေးသောသူများ၏ အကျိုးကို ရရှိစေဖို့၊ သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းကြပါစို့။ မိတ်ဆွေ၏ ဆုတောင်းခြင်းသည် သန်းပေါင်းများစွာသောလူတို့အား စစ်မှန်သော လောကုတ္တရာအဟာရကို ကျွေးမွေးသော သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ဇွဲသတ္တိတို့ကို ပေးပါလိမ့်မည်။
ဆုတောင်းအလေ့ (၃)၊ ထမင်းမစားမီ ဆုတောင်းလိုက်ပါ။
ခရစ်ယာန်တိုင်းသည် ထမင်းမစားမီ ကျေးဇူးတော်ကို ချီးမွမ်းအလေ့ ရှိကြပါသည်။ ယနေ့၏ လှုံဆော်ဓမ္မစာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လောကီအစာ၏ ချိတ်ဆက်မှုကို ဖော်ပြထားပါသည်။ ယခု၊ ထမင်းမစားမီ၊ သမ္မာကျမ်းစာဘာသာပြန်အဖွဲ့များအတွက် ဆုတောင်းအလေ့ကို ရှိစေပါ။ ထမင်းမစားမီ၊ သမ္မာကျမ်းစာကို နေ့ညမပြက် ဘာသာပြန်နေသော သူတော်ကောင်းများအဖို့ နှလုံးပါလျက် ဆုတောင်းပေးလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာသည် မိမိအသက်တာကို ပြောင်းလဲစေခဲ့ပါသလား။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကို ခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏ (ဆာ၊ ၁၁၉း၅၀)။ သမ္မာကျမ်းစာသည် မိမိဘာသာစကားဖြင့် မရှိလျှင် ဘယ်လိုအသက်ရှင်နိင်မလဲ။ ယနေ့၊ လူ (၁) ဘီလီယံကျော် ဤပြဿနာကို ရင်ဆိုင်နေဆဲ ဖြစ်ပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ နှုတ်ကပတ်တော်ကို ဖတ်ရှုလျက် နှုတ်ကပတ်တော်ကို မရသေးသောသူများအဖို့လည်း ဆုတောင်းပတ္ထနာပြုရမည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
