YouVersion လိုဂို
ရှာရန် အိုင်ကွန်

လူတိုင်းအတွက် သမ္မာကျမ်းစာနမူနာ

Bible for All

3 ၏ နေ့ 3

ဘုရားသခင်၏ အဆုံးမရှိကရုဏာတော်နှင့် မဟာကျေးဇူးတော်တရားကို သိကျွမ်းသွားသောအခါ၊ ကောင်းသောအကျင့်ကို ကျင့်ကြပါလိမ့်မည် (ယာ၊ ၂း၂၁-၂၂)။ ကိုယ်တော်ဘုရား၏ ကောင်းမြတ်ခြင်းနှင့် နိစ္စထာဝရသဘောကို သိကျွမ်းသောအခါ၊ အခြားယုံကြည်သူများကို နှုတ်ကပတ်တော်တရားအား ရရှိစေခြင်းငှာ ကြိုးစားအားထုတ်လိုသော စေတနာစိတ်ကို ပေါ်လာပါလိမ့်မည် (မ၊ ၂၈း၁၉-၂၀)။ သမ္မာကျမ်းစာသည် ဤလောကကြီးကို ပြောင်းလဲစေနိုင်သော တန်ခိုးကို ပါပါသည်။ ကျွန်တော်တို့၏ စိန်ခေါ်မှုမှာ၊ ကမ္ဘာတစ်ဝန်းရှိ မိသားစုတိုင်း၏ အိမ်များတွင် သမ္မာကျမ်းစာတစ်အုပ်ကို ရှိစေရန် ဖြစ်သည်။

ဤအမှုကို ဘယ်လိုလုပ်နိုင်မလဲ။

ကမ္ဘာတစ်ဖက်ခြမ်းရှိ ယုံကြည်သူတစ်ဦးထံ သမ္မာကျမ်းစာကို ဓမ္မဒါနအနေနှင့် ဘယ်လိုပေးလှူနိုင်မလဲ။

အကယ်၍၊ သမ္မာကျမ်းစာရှားပါးမှုကို အဆုံးသတ်စေဖို့ ကိုယ့်ဘာသာတစ်ယောက်တည်း မလုပ်နိုင်ပေ (ယော၊ ၁၇း၂၃)။ ပထမအဆင့်က ဆုတောင်းပတ္ထနာပြုခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာကို မပိုင်သေးသော ယုံကြည်သူများအဖို့ အလွန်ဝမ်းနည်းခြင်း၊ မိမိစိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိစေဖို့ ဆုတောင်းလိုက်ပါ။ ဒုတိယအဆင့်က၊ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် ကျွန်တော်တို့အထဲ၌ ကြွယ်ဝစွာ တည်နေလျက် စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေဖို့ ဖြစ်ပါသည် (ရော၊ ၁၂း၂)။ ကျွန်တော်တို့သည် အရှင်ယေရှုဘုရားနှင့် မိတ်သဟာယဖွဲ့လျှင် မိမိစေတနာကို တိုပွားလျက် ကောင်းသောအကျင့်ကို သာ၍ကျင့်ကြပါလိမ့်မည်။

တတိယအဆင့်က၊ ကမ္ဘာတစ်ဝန်းရှိ သမ္မာကျမ်းစာရှားပါးမှုကို အဆုံးသတ်စေဖို့ ဘယ်လိုပါဝင်နိုင်မလဲဟု စတင်လေ့လာလိုက်ပါ။ ကျွန်တော်တို့သည် မယုံကြည်သူများထံ သွား၍ ဧဝံဂေလိတရားကို ဝေငှသင့်သလို၊ ယုံကြည်သူများထံ သွား၍ သမ္မာကျမ်းစာရှားပါးမှုအကြေင်းကို ဝေငှသင့်ပါသည်။ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ဖတ်ရှုခြင်းဖြင့် အရှင်ယေရှုဘုရားနှင့် မိတ်သဟာယဖွဲ့လျက် ယုံကြည်စိတ်အားဖြင့် သမ္မာကျမ်းစာရှားပါးမှုအကြေင်းကို အသက်ဆုံးစေဖို့ သူတစ်ပါးထံ အားရပါးရ ဝေငှလိုက်ပါ။

ဤအစီအစဉ်အကြောင်း

Bible for All

ယုံကြည်သူများအားလုံးသည် သမ္မာကျမ်းစာအားဖြင့် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားစေခဲ့သည်။ လာမည့် (၃) ရက်တွင်၊ မိတ်ဆွေသည် သမ္မာကျမ်းစာရှားပါးမှုနှင့် ၎င်းအမှု၏ အဆုံးသတ်ကို ဘယ်လိုပါဝင်နိုင်မလဲဆိုသည် အကြောင်းများကို ပိုမိုသိကျွမ်းလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော WYAM Kona ကို ကျေးဇူးတင်ပါသည်။ ပိုမိုသိလိုပါက၊ http://www.endbiblepovertynow.com သို့ သွားရောက်နိုင်ပါသည်။