လူတိုင်းအတွက် သမ္မာကျမ်းစာနမူနာ

ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာ၊ ၃၄း၈)။ မြည်းစမ်း၍ သိမှတ်ခြင်းသည် လက်တွေ့အတွေ့အကြုံနှင့် စပ်ဆိုင်ပါသည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သောအခါ၊ သူ၏ ဓမ္မမင်္ဂလာတို့ကို လက်တွေ့ကြုံနိုင်ပါသည်။ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် ကျွန်တော်တို့အထဲ၌ ကြွယ်ဝစွာ တည်နေလျှင်၊ ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြပါသည် (၂ကော၊ ၃း၁၈)။ ကျွန်တော်တို့၏လက်၌ တန်ခိုးကြီးသော နှုတ်ကပတ်တော်တရားကို ရရှိခြင်းသည် အလွန်တင့်တယ်လှပသောအရာ ဖြစ်ပါသည်။ သို့သော်၊ သူတစ်ပါးသည် နှုတ်ကပတ်တော်တရားကို မသိ၊ ဧဝံဂေလိတရားကို မကြားရသေးသောကြောင့် ကျွန်တော်တို့ စိတ်မသာညည်းတွားခြင်း ရှိရမည်ဖြစ်သည်။ ယုံကြည်သူတချို့သည် ဘုရားသခင်ကို ရိုးရိုးလေး ယုံကြည်သော်လည်း နှုတ်ကပတ်တော်ကို မရှိသောကြောင့် ထာဝရကယ်တင်ရှင်မြတ်၏ မဟာရွှေဘုန်းတော်နှင့် ဂုဏ်အင်္ဂါတော်များအကြောင်းကို ဂဃနဏ မသိကြပေ။ ယုံကြည်သူ သန်းပေါင်းများစွာသည် သမ္မာကျမ်းစာကို မဖတ်ရှုနိုင်ဘဲ နေကြပါသည်။ သူတို့၏ မိခင်ဘာသာစကားဖြင့် ဘာသာပြန်ခဲ့သော ကျမ်းစာအုပ်ကို မရှိသလို၊ သူတို့၏ ဘာသာစကားကို ပြနိုင်သော သမ္မာကျမ်းစာဖုန်းအက်ပ်လည်း မရှိကြချေ။
ကျွန်တော်တို့သည် နှုတ်ကပတ်တော်ကို ဖတ်ရှုနိုင်လျက် ဘုရားသခင်နှင့်အတူ နက်နဲလှသော မိတ်သဟာယဖွဲ့အခွင့်ရှိကြလျှင်၊ ကမ္ဘာတစ်ဝန်းရှိ သမ္မာကျမ်းစာမရှိသေးသော ယုံကြည်သူများကို နှုတ်ကပတ်တော်တရားအား သက်ရောက်စေ၍ ပိုမိုနက်နဲသော မိတ်သဟာယကို ဖွဲ့စေနိုင်ဖို့ရန်အတွက် ကူညီပေးသင့်သည်။
ဆုတောင်းခြင်းသည် ကျွန်တော်တို့၏ အကြီးမားဆုံးလက်နက် ဖြစ်သည် (ဖိ၊ ၄း၆)။ ထိုနည်းတူ၊ (ဧ၊ ၁း၁၉) တွင်၊ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ သင်တို့သည်သိစေခြင်းငှာ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏ဟု တမန်တော်ကြီး ရှင်ပေါလုသည် ပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သမ္မာကျမ်းစာဘာသာပြန်သောအဖွဲ့များနှင့် သမ္မာကျမ်းစာကိုမျှဝေသောအသင်းများအဖို့ နှလုံးပါလျက် ဆုတောင်းပေးကြပါစို့။ ယုံကြည်သူများသည် ဆုတောင်းပတ္ထနာပြုသောအခါ၊ ယုံကြည်သူတချို့ ထ၍ စတင်လုပ်ဆောင်ကြပါလိမ့်မည်။ စတင်လုပ်ဆောင်သောအခါ၊ သူတစ်ပါးများကို ထိရောက်ပြီး ပြောင်းလဲကြပါလိမ့်မည်။ သူတစ်ပါးများ ပြောင်းလဲကြသောအခါ၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပါလိမ့်မည်။
ဤအစီအစဉ်အကြောင်း

ယုံကြည်သူများအားလုံးသည် သမ္မာကျမ်းစာအားဖြင့် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားစေခဲ့သည်။ လာမည့် (၃) ရက်တွင်၊ မိတ်ဆွေသည် သမ္မာကျမ်းစာရှားပါးမှုနှင့် ၎င်းအမှု၏ အဆုံးသတ်ကို ဘယ်လိုပါဝင်နိုင်မလဲဆိုသည် အကြောင်းများကို ပိုမိုသိကျွမ်းလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
More