လူတိုင်းအတွက် သမ္မာကျမ်းစာနမူနာ

ကျွန်တော်တို့သည် ဆင်းရဲနွမ်းပါးသူတစ်ဦး (သို့) တစ်စုံတစ်ရာကို ကူညီစေရန် ရှာဖွေသည့်အခါ၊ ဆင်းရဲနွမ်းပါးမှု၏ အနက်ကို တိကျစွာ သတ်မှတ်နားလည်ရန် လိုအပ်ပါသည်။
စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏တည်းဟူသော အရှင်ယေရှုဘုရား၏ အမိန့်တော်ကို နားလည်သဘောပေါက်သောအခါ၊ ဆင်းရဲနွမ်းပါးမှုကို ပိုမိုနားလည်သဘောပေါက်သွားပါလိမ့်မည်။ အရှင်းလင်းဆုံးအဖြေမှာ၊ ကျွန်တော်တို့သည် ဘုရားသခင်ထံ လာကြသောအခါ၊ မိမိ၏ အပြစ်နှင့် စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးမှုကို သိ၍ ဝန်ခံရမည်ဖြစ်သည်။ ကျွန်တော်တို့၏ စိတ်နှလုံးထဲတွင် မာန်မာန၊ ထောင်လွှားစော်ကားသဘော (သို့) ဘုရားသခင်ကို အလိုမရှိဟု မိုက်သောအထင်ကို မရှိနိုင်ရ (ယာ၊ ၄း၆)။
အရှင်ယေရှုဘုရားသည် အတုမရှိသော စိတ်နှလုံးနှိမ့်ချခြင်းကို ရှိတော်မူခဲ့သည်။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို ကျွန်တော်တို့၌လည်း ရှိလျက် စိတ်နှလုံးနှိမ့်ချသောသဘော၊ အားနည်းခြင်းသဘောနှင့် ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေပါ။ ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏ (၂ကော၊ ၁၂း၉)။ ကိုယ်တော်ဘုရားကို အားကိုးသောအခါ၊ နှုတ်ကပတ်တော်တရားအားဖြင့် ဝပြောခြင်းသို့ ရောက်ကြပါလိမ့်မည်။ (မ၊ ၄း၄) တွင်၊ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်ဟု ဖော်ပြထားပါသည်။ ထိုနည်းတူ၊ (ယောရှု၊ ၁း၈) တွင်၊ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်ဟု ဖော်ပြထားပါသည်။
လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်းဟု သဘောပေါက်၍ ယုံကြည်လက်ခံပြီနောက်ပိုင်းမှာ၊ ဆင်းရဲသောသူတစ်ပါးများကို စတင်ချမ်းသာပေးနိုင်ပါသည်။ ကျွန်တော်တို့၏ ဝိညာဉ်ရေးအားနည်းခြင်းနှင့် စိတ်နှလုံးနှိမ့်ချသောကို သိမှတ်သောအခါ၊ လောကီသားတို့ကို ကယ်တင်ခြင်းအကြောင်းကို ထိမိစွာ ဝေငှ၍ သမ္မာကျမ်းစာရှားပါးမှုကို အဆုံးသတ်စေဖို့ စတင်ကြိုးစားအားထုတ်နိုင်ပါသည်။ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောအခါ ဘုရားသခင်သည် ကျွန်တော်နှင့်အတူရှိတော်မူ၍ သူတစ်ပါးကို ကောင်းစွာ ကူညီပေးနိုင်ပါသည်။
ဤအစီအစဉ်အကြောင်း

ယုံကြည်သူများအားလုံးသည် သမ္မာကျမ်းစာအားဖြင့် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားစေခဲ့သည်။ လာမည့် (၃) ရက်တွင်၊ မိတ်ဆွေသည် သမ္မာကျမ်းစာရှားပါးမှုနှင့် ၎င်းအမှု၏ အဆုံးသတ်ကို ဘယ်လိုပါဝင်နိုင်မလဲဆိုသည် အကြောင်းများကို ပိုမိုသိကျွမ်းလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
More