ယေရှု၌တည်နေလော့ - (၄) ရက်တာ အဒ်ဝင်တုပွဲနေ့အတွက် ကိုးကွယ်ဆည်းကပ်ခြင်းနမူနာ


သို့သော်၊ ဘာဆုတောင်းရမှန်းမသိတာမျိုး ဖြစ်ဖူးပါလား။ မိတ်ဆွေ၏ ဆုတောင်းချက်များသည် ဝေဝါးခြင်း (သို့) ထပ်ခါတလဲလဲဖြစ်နိုင်ပြီး မိတ်ဆွေသည် မှားယွင်းစွာ ဆုတောင်းနေသကဲ့သို့ ခံစားရပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုတောင်းသောအခါ မိမိ၏ ဆုတောင်းချက်များအပေါ် မိမိ၏ ယုံကြည်ကိုးစားမှု အားကောင်းလာမည် ဖြစ်သည်။
သမ္မာကျမ်းစာမှာ ဆုတောင်းချက်များ ပြည့်နေသည်။ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာများအသက်ရှင်စေရန် ယူနိုင်သော ဆုတောင်းချက်များကို ကျွန်ုပ်တို့တွေ့ရှိပါသည်။ ဤအသနားခံချက်များသည် စိတ်ခံစားမှုနှင့် အတွေ့အကြုံတိုင်းကို ဖော်ပြသည့် ဆာလံကျမ်းကို ကြည့်ပါ။
ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်၌ သမ္မာကျမ်းစာ၏ ဇာတ်တော်များ၊ သမိုင်း၊ ကဗျာများနှင့် ပုံဥပမာများကို ဖတ်ရှုပြီး ဝိညာဉ်တော်ကို အာရုံစိုက်သည့်အခါ၊ ကျွန်ုပ်တို့၏ ဘဝ၊ လောကနှင့် ကျွန်ုပ်တို့သိသောလူများနှင့် သက်ဆိုင်သည့် ကျမ်းပိုဒ်များကို တွေ့ရပါမည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအတွေးများကို ဆုတောင်းခြင်းအဖြစ် ချက်ချင်းပြောင်းလဲလိုက်ခြင်းဖြင့်း ဆုတောင်းချက်များ သဘာဝကျလာလိမ့်မည်။
(လု၊ ၂:၈-၁၈) ကို ဖတ်ပါ။ ယေရှု၏ သတင်းကောင်းကို မည်သို့ကြားရပြီး ခံစားခဲ့ရသနည်း။ ဤဇာတ်တော်တွင် ကောင်းကင်တမန်တစ်ပါးသည် အလုပ်လုပ်နေသော သိုးထိန်းအဖွဲ့တစ်ဖွဲ့ထံ လာရောက်ပြီး ဗက်လင်မြို့တွင် အရေးကြီးသောအရာတစ်ခု ဖြစ်ပျက်နေကြောင်း ကြေညာခဲ့သည် (၂း၁၁)။ ၎င်းသိုးထိန်းများသည် ယေရှု၊ မာရိနှင့် ယောသပ်ကို တွေ့သည့် ဒါဝိဒ်မြို့ကို သွားကြသည်။ သူငယ်ကို မြင်သည်နှင့်၊ ယေရှုဖွားမြင်တော်မူခြင်းအကြောင်းနှင့် ကောင်းကင်တမန်များ မိန့်တော်မူကြောင်းကို သိသောလူတိုင်းကို လှည့်ပတ်ပြောပြသည် (၂း၁၇-၁၈)။
အထူးသဖြင့် ဤနှစ်ကာလတွင် ယေရှုအကြောင်း လူတိုင်းအား ပြောပြပြီး သိုးထိန်းများကဲ့သို့ မည်သို့ ပြုမူနိုင်သနည်း။ ဘုရားသခင်သည် မိတ်ဆွေသိသောသူများ၏ စိတ်နှလုံးတွင် လုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပါ။ လူများကို အကဲဖြတ်တာထက် နားထောင်တတ်သော သူငယ်ချင်းကောင်းဖြစ်ပါစေ။ ဤခရစ်စမတ်တွင် စကားလုံးများဖြင့်သာ မဟုတ်ဘဲ အမှုတော်ဆောင်ခြင်းများဖြင့် ဧဝံဂေလိသတင်းစကားကို သရုပ်ပြပါ။ မိမိဘဝနှင့် ဆက်ဆံရေးအရည်အသွေးသည် လူများကို ယေရှုထံ ပိုမိုနီးကပ်လာအောင် ကူညီပေးပါဟု ဆုတောင်းပါ။
ကျမ်းစာဆုတောင်းခြင်းဆိုင်ရာ ဝိညာဉ်ရေးအလေ့အကျင့်အပြင် ဤစာဖတ်ခြင်းအစီအစဉ်တွင် ဖော်ပြထားသော အခြားသောအလေ့အကျင့်များအကြောင်း ပိုမိုလေ့လာရန်၊ Thomas Nelson မှ Abide Bible Journals ကို ကြည့်ရှုပါ။ ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ခရစ္စမတ်ရောက်လာပါတော့မည်။ ခရစ္စမတ်နှင့်အတူ ကြွလာတော်မူခြင်းပွဲနေ့ ယေရှုမွေးဖွားခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆင်နွှဲခြင်း ရောက်ရှိလာပါသည်။ သို့သော် အားလပ်ရက်အတွက် အလုပ်များသောအချိန်ဇယားများ၊ လက်ဆောင်ကောင်းကောင်းများအတွက် ဈေးဝယ်ခြင်း (သို့) မိသားစုဆုံပွဲများ ကျင်းပခြင်းဖြင့် အဓိကအချက်ကို မေ့လျော့သွားပါသလား။ တဖြည်းဖြည်း နီးကပ်လာသော ခရစ္စမတ်ရာသီတွင် ဘုရားသခင်နှင့် ထိတွေ့ဖို့ နည်းလမ်းအသစ်များကို တွေ့ကြုံခံစားပြီး နောက်ဆုံးတွင် မိတ်ဆွေအား ကိုယ်တော်နှင့် ပိုမိုနီးကပ်စေပါ။ Thomas Nelson's Abide Bible Journals မှ ဤ (၄) ရက်တာ စာဖတ်ခြင်းအစီအစဉ်တွင် မိမိစိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ပါ။
More
ဆက်စပ်နေသောအစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ရှင်ယောဟန်၏စာစောင်များ

ထာဝရပရဟိတ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ
