ယေရှု၌တည်နေလော့ - (၄) ရက်တာ အဒ်ဝင်တုပွဲနေ့အတွက် ကိုးကွယ်ဆည်းကပ်ခြင်းနမူနာ


ဤခရစ္စမတ်ရာသီ - ကျွန်ုပ်တို့သည် နွားများကဲ့သို့ ဖြစ်သင့်သည်။
ဘယ်လိုမျိုးများလဲ
စဉ်းစားကြည့်ပါ - နွားများသည် တစ်နေကုန် မြက်စားသည်။ နွားများသည် အသက်ရှင်ရန် အာဟာရဓာတ် လိုအပ်သောကြောင့် တစ်ခါတည်းမျိုချခြင်းထက် ၎င်းတို့၏ အာဟာရအရင်းအမြစ်ကို ဖြည်းဖြည်းချင်း စားမြုံ့ပြန်ကြသည်။ အလားတူ၊ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအစာကို တစ်ခါတည်းမျိုချမည့်အစား၊ ဖြည်းဖြည်းစုပ်ယူကာ တစ်နေ့တာလုံး သမ္မာကျမ်းစာကို အကြိမ်ကြိမ် “ဝါး” ထားသင့်သည်။ ကျမ်းရေးသူများက ဒါကို တရားမှတ်ခြင်းဟု ခေါ်သည်။ နောက်ထပ်စကားတစ်ခုကတော့ ဆင်ခြင်မှုပါ။
ဆင်ခြင်မှု၏ ပန်းတိုင်မှာ ဘုရားရှင်၏ မျက်မှောက်တော်၌ ငြိမ်ဝပ်စွာနေရန် ဖြစ်သည်။ ပြောနေတာထက် သူ့စကားတော်ကို နားထောင်ရန် ဖြစ်သည်။ အထူးသဖြင့် ဤရာသီတွင် ငြိမ်သက်စွာနေရန် အားထုတ်မှု လိုအပ်သည်။ သို့သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အသက်ရှင်ရန် အလွန်လိုအပ်သောမုန့် ဖြစ်သည်။ ကိုယ်တော်၏ သမ္မာတရားနှင့်အတူ သင်ထိုင်ပြီး မိမိစိတ်ဝိညာဉ်တွင် “ကြေညက်အောင်” လုပ်နိုင်သည်နှင့်အမျှ မိမိဘဝနှင့် မိမိပတ်ဝန်းကျင်ကမ္ဘာတွင် ဘုရားသခင်တည်ရှိနေခြင်းကို ပိုမိုသိရှိနားလည်လာမည် ဖြစ်သည်။
(မ၊ ၁:၂၂-၂၅) ကို နှစ်ကြိမ်ဖတ်ပါ။ မိတ်ဆွေအတွက် ထင်ရှားသည့် စကားလုံး (သို့) စကားစုတစ်ခုကို ရှာဖွေပါ။
နောက်တစ်ခု၊ မိတ်ဆွေရွေးချယ်ထားသော စကားလုံး (သို့) စကားစုနှင့် ချိတ်ဆက်နိုင်သည့် မိမိဘဝ၏ နယ်ပယ်တစ်ခုကို ပြန်လည်သုံးသပ်ပါ။ ဒီစကားလုံးကို ဘာကြောင့် အထူးရွေးချယ်ခဲ့တာလဲ၊ မိမိဘဝနှင့် ဘယ်လိုဆက်စပ်နေလဲ။ ဤအခိုက်အတန့်တွင် မိိတ်ဆွေကို အဘယ်ကြောင့် ဆွဲခေါ်လာသည်ဟု ထင်သနည်း။
ထို့နောက်၊ ဘုရားသခင်သည် မိတ်ဆွေအား သူပြောချင်သောအရာကို ရှင်းရှင်းလင်းလင်း သိစေရန် ဆုတောင်းပါ။ မျှော်လင့်ချက်ဖြင့် ဆုတောင်းပြီး သူ၏ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ။
နောက်ဆုံးတွင်၊ မိတ်ဆွေသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့်အတူ ထိုင်နေစဉ် နားထောင်ပါ။ ပိုမိုတွေးတောဆင်ခြင်မိသောအခါတွင် ဘုရားသခင်သည် မိတ်ဆွေအား နောက်ထပ်တစုံတရာ ထုတ်ဖော်ခဲ့ပါသလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ခရစ္စမတ်ရောက်လာပါတော့မည်။ ခရစ္စမတ်နှင့်အတူ ကြွလာတော်မူခြင်းပွဲနေ့ ယေရှုမွေးဖွားခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆင်နွှဲခြင်း ရောက်ရှိလာပါသည်။ သို့သော် အားလပ်ရက်အတွက် အလုပ်များသောအချိန်ဇယားများ၊ လက်ဆောင်ကောင်းကောင်းများအတွက် ဈေးဝယ်ခြင်း (သို့) မိသားစုဆုံပွဲများ ကျင်းပခြင်းဖြင့် အဓိကအချက်ကို မေ့လျော့သွားပါသလား။ တဖြည်းဖြည်း နီးကပ်လာသော ခရစ္စမတ်ရာသီတွင် ဘုရားသခင်နှင့် ထိတွေ့ဖို့ နည်းလမ်းအသစ်များကို တွေ့ကြုံခံစားပြီး နောက်ဆုံးတွင် မိတ်ဆွေအား ကိုယ်တော်နှင့် ပိုမိုနီးကပ်စေပါ။ Thomas Nelson's Abide Bible Journals မှ ဤ (၄) ရက်တာ စာဖတ်ခြင်းအစီအစဉ်တွင် မိမိစိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ပါ။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဖတ်သောအရာကို နားလည်ပါသလား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်
