YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၌တည်နေလော့ - (၄) ရက်တာ အဒ်ဝင်တုပွဲနေ့အတွက် ကိုးကွယ်ဆည်းကပ်ခြင်းနမူနာ

Abide in Jesus - 4-Day Advent Devotional

4 ၏ နေ့ 3

ဤနှစ်အချိန်သည် ကျွန်ုပ်တို့ကို အတိတ်ကို လွမ်းဆွတ်သွားစေနိုင်ပါသည်။ ဥပမာ၊ မိတ်ဆွေရဖူးသမျှ ခရစ္စမတ်လက်ဆောင်ကို မှတ်မိနိုင်ပါသလား။

ထိုအတွေ့အကြုံကို အမှန်တကယ် ပြန်လည်အသက်သွင်းရန် ခဏအချိန်ယူပါ။ အဲဒီအခိုက်အတန့်မှာ ဘာအသံများ၊ အနံ့များကို မှတ်မိပါသလဲ။ လက်ဆောင်ထုတ်ကို ဖောက်လိုက်သော လက်ထဲက ထုပ်ပိုးထားသည့် စက္ကူ၏ ခံစားချက်ကို မှတ်မိပါသေးလား။ စက္ကူက ဘာအရောင်လဲ။ မိတ်ဆွေနှင့်အတူ ဘယ်သူရှိနေခဲ့လဲ။ မိမိစိတ်ကူးစိတ်သန်းဖြင့် ထိုဇာတ်လမ်းကို ပြန်လည်ဝင်ရောက်ခြင်းသည် အားကောင်းပြီး မိမိကြုံတွေ့ခဲ့ရသော တူညီသောခံစားချက်များကို ပြန်လည်ရရှိစေမည် ဖြစ်သည်။

ယခု၊ မိတ်ဆွေသည် သမ္မာကျမ်းစာကို ထိုနည်းအတိုင်းဖတ်လျှင် အဘယ်သို့နည်း။ မှန်ပါသည်၊ မိတ်ဆွေသည် ကျမ်းစာဆိုင်ရာ အဖြစ်အပျက်များတွင် ရုပ်ပိုင်းဆိုင်ရာ မပါရှိခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ၊ မိတ်ဆွေသည် မိမိ၏ စိတ်ကူးစိတ်သန်းကို စေ့စေ့စပ်စပ်ထားပြီး သမ္မာကျမ်းစာ၏ ကျမ်းပိုဒ်တစ်ခုထဲသို့ သင့်ကိုယ်သင် ထည့်သွင်းမည်ဆိုပါက အဘယ်နည်း။

အမြင်၊ အကြား၊ အနံ့၊ အရသာ၊ ထိတွေ့မှုဖြင့် သမ္မာကျမ်းစာကို ချဉ်းကပ်ခြင်းသည် အထူးသဖြင့် ဝါတွင်းကာလအတွင်း သမ္မာကျမ်းစာကို သိမြင်နိုင်စွမ်းသက်သက်ဖြင့် ချိတ်ဆက်လိုသူများအတွက် အထူးအထောက်အကူဖြစ်စေပါသည်။ အဖြစ်မှန်ကို အဝေးကကြည့်တာထက် နီးနီးကပ်ကပ် လေ့လာပါ။ ကျွန်ုပ်တို့၏ အာရုံငါးပါးကို အသုံးပြုခြင်းဖြင့် သမ္မာကျမ်းစာ၏ ဇာတ်တော်များထဲတွင် မိမိကိုယ်ကိုထည့်သွင်းခြင်းဖြင့် ကျွန်ုပ်တို့၏ ဘုရားသခင်ပေးထားသော စိတ်ကူးများကို ထိတွေ့ဆက်ဆံရန် အခွင့်အရေးပေးပါ။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှလူများကို စာနာနားလည်သည်နှင့်အမျှ သူတို့၏ အဖြစ်အပျက်များကို ပို၍နားလည်လာမည်။ ကျွန်ုပ်တို့က စာအုပ်တစ်အုပ်ကိုပဲ ဖတ်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် အဖြစ်အပျက်တစ်ခုကို နေထိုင်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်များကို နိုးကြားစေသည်။

မိမိကျမ်းစာမှ (မ၊ ၁:၁၈-၂၁) ကို ဖွင့်ပါ။ မိတ်ဆွေမဖတ်မီ သင့်ကိုယ်သင် နှုတ်ဆိတ်ပြီး မိမိစိတ်နှလုံးကို ပြင်ဆင်ပြီး မိမိစိတ်ကူးကို လမ်းညွှန်ပေးရန် ဘုရားသခင်ထံ တောင်းဆိုပါ။ ထို့နောက် ကျမ်းပိုဒ်ကို ဖတ်ပါ။

ယောသပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်ကို စိတ်ကူးကြည့်ပါ။ ကမ္ဘာကြီးက တိတ်ဆိတ်နေပြီး လေထုက အေးမြနေသည်။ သခင်ဘုရား၏ ကောင်းကင်တမန် ရုတ်တရက် ပေါ်လာသောအခါ ယောသပ်၏ အံ့သြမှုကို မြင်ယောင်ကြည့်ပါ။ သူအံ့သြတကြီး အော်ဟစ်နေသလား။ သူ့ကိုယ်သူ နှိမ့်ချပြီး ကိုယ်ဟန်အနေအထား ပြောင်းသလား။ သူ၏လူများ စောင့်မျှော်ခဲ့သော ကယ်တင်ရှင်သည် နောက်ဆုံးတွင် ကြွလာကြောင်းကို သူကြားသောအခါ သူ့စိတ်ထဲတွင် ဘာဖြစ်နေသနည်း။ ယောသပ်သည် သူ၏ ကတိတော်များ ပြည့်စုံစေရန် ဘုရားသခင်ကို ယုံကြည်စိတ်ချမည်မှာ သေချာသည်။ မိတ်ဆွေကော ယုံကြည်သလား။

သခင်ယေရှု၏ ကောင်းကင်တမန် လာရောက်လည်ပတ်သောအခါ ယောသပ်ကဲ့သို့ တူညီသော ယုံကြည်မှုနှင့် နားလည်မှုဖြင့် မိတ်ဆွေအား ဖြည့်ဆည်းပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ။ နိုင်ငံတော်အတွက် ကောင်းမွန်သောအလုပ်များလုပ်ဖို့ မိတ်ဆွေကို သုံးနိုင်ဖို့ မိမိဘဝ၏ နယ်ပယ်များကို ဖော်ပြဖို့ ဘုရားသခင်ကို တောင်းဆိုပါ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Abide in Jesus - 4-Day Advent Devotional

ခရစ္စမတ်ရောက်လာပါတော့မည်။ ခရစ္စမတ်နှင့်အတူ ကြွလာတော်မူခြင်းပွဲနေ့ ယေရှုမွေးဖွားခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆင်နွှဲခြင်း ရောက်ရှိလာပါသည်။ သို့သော် အားလပ်ရက်အတွက် အလုပ်များသောအချိန်ဇယားများ၊ လက်ဆောင်ကောင်းကောင်းများအတွက် ဈေးဝယ်ခြင်း (သို့) မိသားစုဆုံပွဲများ ကျင်းပခြင်းဖြင့် အဓိကအချက်ကို မေ့လျော့သွားပါသလား။ တဖြည်းဖြည်း နီးကပ်လာသော ခရစ္စမတ်ရာသီတွင် ဘုရားသခင်နှင့် ထိတွေ့ဖို့ နည်းလမ်းအသစ်များကို တွေ့ကြုံခံစားပြီး နောက်ဆုံးတွင် မိတ်ဆွေအား ကိုယ်တော်နှင့် ပိုမိုနီးကပ်စေပါ။ Thomas Nelson's Abide Bible Journals မှ ဤ (၄) ရက်တာ စာဖတ်ခြင်းအစီအစဉ်တွင် မိမိစိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ပါ။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://www.thomasnelsonbibles.com/abide-bible-journals/