(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

၆ရက်မြောက် - ကောင်းကင်တမန်တော်များ
သမ္မာကျမ်းစာတော်မြတ်တွင် ကောင်းကင်တမန်တော်နှင့်စပ်လျဉ်းပြီး ဘုရားသခင်၏လူထံသို့ ကောင်းကင်တမန်များသတင်းပို့ခြင်းအကြောင်းကို မကြာကြာဖတ်ရှုမိကြပါသည်။ ကောင်းကင်တမန်တော် ဂါဘရီအဲလ်ကိုအမှတ်ရကြမှာပါ။ ကောင်းကင်တမန်ဂါဘရီအဲလ်သည် ပရောဖက် ဇာခရိယ ထံသို့ လည်းကောင်း၊ ကျွန်ုပ်တို့သိရှိကြသည့်အတိုင်း မာရိယာထံသို့သတင်းပေးပို့ခြင်းဖြစ်စဉ်သည် ခရစ္စမတ် အဖြစ် အပျက်များကို ပိုမိုလင်းလက်တောက်ပလာစေကြောင်း (ဟေဗြဲ ၁၃း၂) တွင်ဖတ်ရှုသိနိုင်ပါသည်။
သို့သော်လည်း တမန်တော်တိုင်းသည် ဖွားတော်မူမြင်ကွင်းတွင်မြင်လေ့ရှိသော ချိုသာညင်သာသောအတောင်ပံတစုံရှိသောသက်ရှိများမဖြစ်နိုင်ပါ။ကျမ်းစာတွင်ဖေါ်ပြချက်အရ တမန်တော်များသည်ဘုရားကိုနာခံရာတွင်အင်မတန်အားမာန်ပါသည်ဟု(ဆာလံ ၁၀၃း၂၀)ဖေါ်ပြလေ့ရှိသည်။ထိုကြောင့်ပင်သိုးကျောင်းများဘုရားအာနုဘော်ဖြင့်၀န်းရံနေသောတမန်တော်ကိုလယ်ကွင်းတွင်မြင်သောအခါ
တအားထိပ်လန့်သွားသည်။ ကောင်းကင်တမန်တော်က မကြောက်ကြနှင့်(လုကာ ၂း၁၀)ပြီးနောက်၊ ရုတ်တရက်ပင် များစွာသောတမန်တော်များသည် ခရစ်တော် သခင်တည်းဟူသောကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌သင်တို့အဖို့ ယနေ့မွေးဖွားပြီဟုမိန့်ဆိုပြီး၊ ကောင်းကင် ဗိုလ်ခြအပေါင်း ပေါ်ထွက်လာ၍ ဘုရားသခင်အားချီးမွမ်းသီဆိုကြ၏”။ လောက၏အလင်းရှင် ဘုရား၏သားတော်ယေရှုခရစ်ကြွလာလေပြီ၊ အပြစ်၏အမှောင်အမိုက်များကိုသူ၏တန်ခိုးအာဏာြဖင့် သုတ်သင် နင်းချေမည့်အကောင်း ကောင်းကင်တမန်များက အားမာန်အပြည့်ဖြင့် သတင်းကောင်းများကိုဖြန့်ဝေကြ၏။
မိသားစုလှုပ်ရှားမှု ကောင်းကင်တမန်များသည်ဘုရားသခင်ကိုချီးမွမ်းခြင်းသာမက သိုးထိန်းများအပေါ်ကောင်းကင်အလင်း ထွန်းလင်းစေပြီး ကတိထားတော်မူသော မက်ဆီးယားကယ်တင်ရှင်မွေးဖွားခြင်းအားဖြင့် မှောင်မိုက်ခြင်းတန်ခိုး အင်အားကို အနိုင်ယူမည်ဖြစ်ကြောင်းကြွေးကြော်သွားပါသည်။
ယနေ့ညတွင်ခရစ္စမတ်ညဝတ်အင်္ကျီကိုဝတ်ဆင်ကာ ပြောင်းဖူးပေါက်ပေါက်ဖေါက်ပါ။ ကားမောင်းရင်း ပြောင်းဖူးပေါက်ပေါက်စားကာ အိမ်နီးနားချင်းများ ခရစ္စမတ်အလှဆင်မီးထွန်းထားသည်များကို လှည့်လည် ကြည့်ပါ။ ထွန်းလင်းတောက်ပသောခရစ္စမတ်အလင်းသည်အမှောင်ကိုထိုးဖောက်နိုင်စွမ်းရှိကြောင်းပြောဆိုကြပါ အိမ်ကိုလင်းထိန်နေအောင်ဆင်ယင်ပါ။ ထိုနည်းတူစွာ ရှင်ယောဟန် (၈း၁၂) တွင် လောက၏အလင်းရှင် ဖြစ် သော ခရစ်တော်နောက်ကိုလိုက်သည့်အခါ အသက်၏အလင်းသည် ကျွန်ုပ်တို့အတွင်းတွင် ထွန်းလင်းနေခြင်း ကြောင့် မှောင်မိုက်ထဲတွင်ဘယ်သောအခါမှ မလျှောက်လှမ်းဖို့ရန် ခွန်အားရရှိပြီးဖြစ်သည်။
ဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ
- “ အလင်းထဲတွင်လျှောက်လှမ်းခြင်း” ဟူသည့် အဓိပ္ပါယ် သင်မည်ကဲ့သို့ထင်မြင်ပါသနည်း
- လုပ်ဆောင်ရန်အတွက်ခွန်အားရရှိဖို့ရန် ဆုတောင်းခြင်းလိုအပ်ကြောင်း အဘယ့်ကြောင့်သင်ထင်မြင် သနည်း။
ဤအစီအစဉ်အကြောင်း

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။
More