(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

၂ရက်မြောက် - မာရိယာ
ဘယ်လောက်အံ့ဩဖို့ကောင်းလဲ မာရိယာဟာ ယေရှုခရစ်တော်၏မိခင်တဲ့။ ဒီလောက်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ဘုရားသခင်ကသူမကိုရွေးချယ်လိုက်တဲ့အကြောင်းကိုသင်စဉ်းစားတွေးတောမိပါသလား။ မာရိယာကို သင်ကမင်းသမီးတစ်ပါးလို့ထင်သလား။ ဒါမှမဟုတ် သူမဟာချမ်းသာကြွယ်ဝလို့လား။ သူမဟာ ထင်ပေါ်ကျော်ကြားသောသူလို့ သင်တွေးထင်ထားပါသလား။
မာရိယာဟာ မထင်မရှား တောရွာငယ်လေးမှာနေထိုင်သူဖြစ်တယ်။ ဒါ့အပြင်သူမဟာ အပျိုစင်ဖြစ်ပြီး ကလေးယူနိုင်တဲ့အရွယ်လည်းမဟုတ်သေးဘူး၊ ငယ်ရွယ်နုနယ်တယ်၊ ဆင်းရဲတယ်၊ ထင်ပေါ်ကျော်ကြားမှုလည်း မရှိဘူး။ ကလေးယူနိုင်တဲ့အနေအထားမဟုတ်ဘူး။ မာရိယာကို ယေရှုခရစ်၏မယ်တော်အဖြစ် ရွေးချယ်သင့် သလား။ မာရိယာဟာ နှိမ့်ချသောသူဖြစ်တယ်။
နှိမ့်ချသောစိတ်နှလုံးရှိပြီး ဘုရားသခင်ကိုရှေ့တန်းတင်သော သူကို ဘုရားသခင်ချီးမြှောက်တော်မူမည်ဟု သမ္မာကျမ်းစာကဖေါ်ပြထားတယ်။ နှိမ့်ချဖို့ရန် မိမိကိုယ်ကိုကြွားဝါ ခြင်းမပြုဘဲသူတစ်ပါးကိုအစေခံတတ်ပြီး ချီးမွမ်းခြင်းကိုမမြော်လင့်သောသူဖြစ်ရပါမယ်။ နှိမ့်ချသောသူ၏ပြုမူပုံ ကိုဘုရားသခင်ကြည့်ရှုတယ်၊ ကျမ်းစာဖေါ်ပြသလိုဘဲ လူသည်အဆင်းသဏ္ဌာန်ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကားနှလုံးကိုကြည့်ရှုတတ်၏။ ဘုရားသခင်က လူအများအမြင်မှာ အထင်ကြီးစရာမရှိတဲ့ မာရိယာဆိုတဲ့မိန်းမပျိုကို ကမ္ဘာလောက ကို ကယ်တင်မည့်ကယ်တင်ရှင်၏မိခင်မယ်တော်အဖြစ်ရွေးချယ်ခဲ့တယ်။ ဘာ့ကြောင့်လဲ။ မာရိယာ က ကောင်းကင် တမန်တော် ဂါဘရီအဲလ်ကိုပြန်လည်ဖြေကြားတဲ့စကားလုံးတွေဟာ သူမ၏နှိမ့်ချတဲ့နှလုံးသားကိုထင်ရှားပေါ် လွင်စေခဲ့တယ်။ “ ကျွန်မဟာဘုရားသခင်၏ကျွန်မဖြစ်တယ်၊ ဘုရားသခင်ကို ကျွန်မချစ်တယ်။ ဘုရားသခင် စေခိုင်းသမျှကိုလုပ်ဆောင်ပါ့မယ်” လို့ မာရိယာ ဖြေကြားခဲ့တယ်။
မိသားစုလှုပ်ရှားမှု လျှပ်တပြက်မီး၊ လျှပ်စစ်မီးပုံး၊ ရိုးရိုးမီးခွက်ငယ်များကိုရှာပြီးစုထားပါ။ သုံးမျိုးစလုံးစားပွဲပေါ်တင်ပါ။ မီးကိုဖွင့်ပါ၊ ထွန်းပါ။ ဖွင့်ထားတဲ့မီးသုံးမျိုးတို့၏ကွာခြားချက်များကိုဆွေးနွေးပါ။ အိမ်တွင်း လှည့်လည်ကြည့်ပြီး မီးအိမ်သုံးမျိုးဘယ်လိုခြားနားသလဲဆွေးနွေးပါ။ လူတစ်ဦးချင်းအကြိုက်ဆုံးမီးအိမ်က ဘယ်တစ်ခုလဲမေးကြည့် ပါ။ အကျည်းတန်လို့သင်မသုံးတဲ့မီးအ်မ်ရှိပါသလား။ အကျည်းတန်ဆုံးမီးအိမ်ကိုသုံးသပ်ဆုံးဖြတ်ပါ။ ပြီးရင် ဓမ္မရာဇဝင်ပထမစောင် အခန်းကြီး ၁၆ အခန်းငယ် ၇ ကိုအတူတစ်ကွဖတ်ပါ။ မီးအိမ်ဟာ ဘယ်အရာနှင့်အလားသဏ္ဌာန်တူနေပါစေအကြောင်းမဟုတ်ဘူး၊ အဓိက မီးအိမ်ထဲကထွက် လာတဲ့အလင်းရောင်အကြောင်းဆွေးနွေးပါ။ ထိုနည်းတူစွာဘဲ ဘယ်လောက်ဘဲထင်ပေါ်ကျော်ကြားနေပါစေ၊ ဘယ်လောက်ဘဲကြည့်ကောင်းနေပါစေ၊ ဘယ်လောက်ဘဲပင်ကိုယ်စွမ်းရည်ရှိနေပါစေ၊ ဘယ်လောက်ဘဲချမ်းသာ ကြွယ်ဝနေပါစေ လူတစ်ယောက်ရဲ့ပြင်ပသဏ္ဌာန်ပါဘဲ။ ဘုရားသခင်က သူရဲ့နှလုံးသားပေါ်ထွန်းလင်းတဲ့အလင်း ကိုဘဲကြည့်တယ်။ မာရိယာရဲနှလုံးသားဟာ ဘုရားသခင်ရဲ့အမြင်မှာတောက်ပထွန်းလင်းနေတယ်။
မိသားစုဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ
-ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုပြသဖို့အတွက် တစ်ပါးသူအပေါ်လုပ်ဆောင်ပေးဖို့သင်စဉ်းစားထားပြီး ပေမယ့် သင်လုပ်ဆောင်လို့မပြီးသေးတဲ့အရာတစ်ခုကဘာလဲ။
-အကယ်၍တစ်ဦးတစ်ယောက်မျှ သင်လုပ်ဆောင်မည့်အရာကိုဂရုတစိုက်ကြည့်ရှုခြင်းမရှိဘူး၊ ချီးမွမ်းခြင်း မရရှိတာတောင်မှ သင်လုပ်ဆောင်မှာလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။
More