(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

၅ ရက်မြောက် - သိုးထိန်းများ
ယေရှုခရစ်၏ခေတ်ကာလတွင် မယ်တော်မာရိယာကဲ့သို့ပင် သိုးထိန်းများသည်လည်း ဝမ်းမြောက် ပျော်ရွှင်မြူးတူးခဲ့ကြပါသည်။ သူတို့၏သိုးထိန်းကျောင်းခြင်းအလုပ်ကိုခက်ခဲသောအလုပ်တစ်ခုအဖြစ် တွေးတော ယူဆထားခြင်းမဟုတ်ပါ။ မကြာခဏ မိသားစုမှငယ်ရွယ်သောကလေးသူငယ်များအား သိုးထိန်းကျောင်းခြင်း အလုပ်ကိုထိန်းကျောင်းလုပ်ဆောင်စေခဲ့ပါသည်။ ဒါဝိဒ်သည်လည်း ဘုရင်မဖြစ်မီ သိုးထိန်းကျောင်းခြင်းကလေး ဘဝတွင် မည်သူမျှအလေးထားခြင်းမရှိဘဲ သိုးထိန်းကျောင်းခြင်းအလုပ်တွင်စေလွှတ်ထားခြင်းခံရသည်။ သို့ရာ တွင် ဘုရားသခင်က လူသားများ၏ရင်တွင်းခံစားချက်ကိုအလေးထားဂရုစိုက်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ လူသားများ အား အပြစ်မယူခွင့်လွှတ်ကာကြည့်ရှုစောင့်ရှောက်ကြောင်းမကြာခဏထုတ်ဖော်ြပသခဲ့သည်။
သူငယ်တော်ယေဇူးကိုရှာဖွေတွေ့ဆုံရန် ဗက်လင်မြို့သို့အလျင်အမြန်သွားရောက်ခဲ့ကြသော သိုးထိန်း များ၏ စိတ်ထက်သန်စွာထုတ်ဖော်ပြောဆိုသံများကို ရှင်လုကာ ဧဝံဂေလိကျမ်း အခန်းကြီး (၂ : ၈-၂၀)တွင် ကြားသိရပါမည်။ သိုးထိန်းများတို့သည် ဂျိုးဇက် မာရိယာ တို့နှင့်အတူ နွားစားခွက်ထဲတွင် သိပ်ထားလျက်ရှိသော သူငယ်တော်ယေဇူးကို တွေ့မြင်ရသောအခါ ချစ်မြတ်နိုးစွာဖြင့်ဖူးမြော်ကြပါသည်။ အပြန်လမ်းတွင် ဆိတ်ငြိမ်စွာ မနေနိုင်ဘဲ မိမိတို့တွေ့ဆုံခဲ့သော သူငယ်တော်ယေဇူး၏အကြောင်းကို နေရာအနှံ့ လူအများအားပြောကြားကြ၏။
ဧဝံဂေလိတရားတော်ကိုလှည့်လည်ဟောကြားသည့်အခါသခင်ယေဇူးက “ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည်သိုးများအတွက်မိမိအသက်ကိုစွန့်တတ်၏။ “ ဟုမိန့်တော်မူခဲ့၏။ သခင်ယေဇူးက ကျွန်ပ်တို့၏အပြစ်များအတွက်ပေးဆပ်ဖို့ ကားတိုင်ပေါ်တွင်အသေခံမည့်အကြောင်း ပြောကြားခြင်းဖြစ်သည်။ သခင်ယေဇူး၏မွေးဖွားခြင်းသတင်းကောင်းကို ဖြန့်ဝေရန် စိတ်အားထက်သန်သောသိုးထိန်းများတို့ကို ဘုရားသခင်က ပထမဦးဆုံး သတင်းသယ်ပို့သူတမန်တော်များအဖြစ်အသုံးပြုခဲ့သည်။
မိသားစုလှုပ်ရှားမှုပရောဖက်ဟေရှာယ ရေးသားထားသည်မှာ_ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကောင်းကိုကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ၊ သင်၏ဘုရားသခင်စိုးစံတော်မူ၏ ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာအလွန်တင့်တယ်လှစွာတကား။ (ဟေရှာယ ၅၂: ၇)။ သခင်ယေဇူး၏သတင်းကောင်းကို ကျေးလက်ဒေသများသို့ ကျေညာပြောကြားသော ပထမဦးဆုံး ခရစ္စမတ်သတင်းကောင်းကိုဖြန့်ဝေခဲ့ကြသော သိုးထိန်းများတို့၏ခြေများကို စိတ်ကူးစိတ်သန်းထုတ်ဖေါ် တွေးတောကြည့်ပါ။ သတင်းကောင်းကိုသယ်ယူပို့ဆောင်ဖို့ ယနေ့ည သင်၏ခြေများကိုအသုံးပြုလိုက်ပါ။ သခင်ယေဇူးအား သဒ္ဓါကြည်ညိုခြင်းတိုးပွားလာအောင် ဘုရားသခင်ထံမှ အတူတစ်ကွဆုတောင်း ခွန်အား တောင်းခံပါ။မိသားစုဆုတောင်းခြင်းအတွက် အိမ်နီးနားချင်းမိသားစုများထံသို့သွားရောက်ပြီး အိမ်အသီးသီးတွင်ရှိ လူတိုင်းအတွက် ဆုတောင်းခြင်း လုပ်ဆောင်ပါ။ဤလှုပ်ရှားမှုကို လုပ်ငန်းတစ်ရပ်သို့စတင်တက်လှမ်းရာပျဉ်ချပ်အဖြစ်အသုံးပြုပြီး သင်၏ပတ်ဝန်းကျင် တွင် သခင်ယေဇူး၏ချစ်ခြင်းမေတ္တာအကြောင်းအား မည်ကဲ့သို့ဝေမျှဖြန့်ဝေနိုင်ကြောင်းကို သင်၏ကလေးများ အား ပြောကြားပါ။
ဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ
- သင်နှစ်သက်အမြတ်နိုးဆုံးအရာသည် မည်သည့်အရာဖြစ်ကြောင်း သူတစ်ပါးအားပြောကြားပါ၊ (ကစားစရာလား၊ မိတ်ဆွေအပေါင်းအသင်းလား၊ အမှတ်ရစရာအမှတ်တရများလား စသည်ဖြင့်---)
- သခင်ယေဇူး၏အကြောင်းကိုတစ်ယောက်ယောက်အား တူညီသောစိတ်အားထက်မှုဖြင့်ပြောကြားဘူးပါ သလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။
More