YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းရှင်၊ လက်သမား၊ ဥယာဉ်စောင့်နှင့် မဟာရာဇ ဖြစ်တော်မူသော အရှင်ယေရှုဘုရားနမူနာ

Jesus the Creator, Carpenter, Gardener, and King

4 ၏ နေ့ 3

လွန်ခဲ့သောနှစ်ရက်တွင်၊ အစအဦး၌ အရှင်ယေရှုဘုရား၏ ဖန်ဆင်းရှင် အဖြစ်တော်အကြောင်းကို ကြည့်ရှုလေ့လာခဲ့ပါသည်။ မနေ့ကတွင်၊ အရှင်ယေရှုဘုရားသည် လုသမားအနေနှင့် သမ္မာအာဇီဝ ပြုခြင်းအကြောင်းကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ယနေ့၊ ကျွန်တော်တို့သည် (ယော၊ ၂ဝး၁၁-၁၆) ကို ကြည့်ရှုလေ့လာပါလိမ့်မည်။ ဤကျမ်းပိုဒ်များတွင်၊ အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ပြီးနောက် ဥယျာဉ်စောင့်အဖြစ် အထင်မှားခံရသည်ကို တွေ့ရပါသည်။

မိတ်ဆွေသည် ဤကျမ်းပိုဒ်များကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးကောင်းဖတ်ဖူးနိုင်ပါသည်။ မာရိသည် အရှင်ယေရှုဘုရားကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်ခြင်းအကြောင်းကို သေချာစွာ ဆင်ခြင်စဉ်းစားဖူးပါသလား။

အကယ်၍၊ ကျမ်းပိုဒ်တိုင်းမှာ အလွန်နက်သောအဓိပ္ပာယ်ကို ရှိကြပါသည်ဟု နာမည်ကြီးသည့် ကျမ်းပြုဆရာ အန်တီရိုက် (N.T. Wright) ပြောဆိုခဲ့ပါသည်။ တမန်တော်ကြီး ရှင်ယောဟန်သည် ဤကျမ်းပိုဒ်အားဖြင့် အလွန်ထူးဆန်းလှသော သမ္မာတရားကို ဖော်ပြထားခဲ့ပါသည်။

၎င်းသမ္မာတရားကို ရှင်းလင်းစွာ ကြည့်ရှုစေဖို့၊ ကမ္ဘာဦးကျမ်းကို အောက်မေ့သတိရကြပါစို့။ (က၊ ၂း၁၅) တွင်၊ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏ဟု ဖော်ပြထားပါသည်။ ထိုအချိန်ကာလ၌ အပြစ်တရားနှင့် ဆင်းရဲဒုက္ခတရား မရှိသော်လည်း၊ အလုပ်လုပ်ခြင်းကို ရှိခဲ့ပါသည်။ ဤအလုပ်လုပ်ခြင်းသည် စင်ကြယ်သော ဝတ်ပြုကိုးကွယ်ခြင်းတစ်မျိုး ဖြစ်ခဲ့ပါသည်။

သို့သော်၊ (က၊ ၃) အရ၊ အပြစ်တရားနှင့် ဆင်းရဲဒုက္ခတရားတို့သည် ဤလောကသို့ ရုတ်တရက် ပေါ်လာခဲ့ပါသည်။ အလုပ်လုပ်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းတစ်မျိုးဖြစ်သေးသော်လည်း ခက်ခဲကြမ်းတမ်းသဘော ရှိသွားခဲ့ပါသည်။ ဤအပြစ်တရားနှင့် ဆင်းရဲဒုက္ခတရားအားဖြင့် အရှင်ယေရှုဘုရားအား အသေခံ၍ ရှင်ပြန်ထမြောက်စေရန် လိုအပ်စေခဲ့ပါသည်။

သို့သော်၊ ရှင်ပြန်ထမြောက်တော်မူသောနေ့၌ အရာခပ်သိမ်း ပြောင်းလဲသွားခဲ့ပါသည်။ ရှင်ပြန်ထမြောက်တော်မူခြင်းသည် ဤသင်္ခါရလောကကို ပြောင်းလဲစေ၍ ဘုရားသခင်၏ နိုင်ငံတော်ကို ပိုမိုတိုးပွားစေခဲ့ပါသည်။ သို့သော်၊ သေမင်းကို အောင်၍ ရှင်ပြန်ထမြောက်တော်မူပြီမှ၊ အရှင်ယေရှုဘုရားသည် မာရိအား ဥယာဉ်စောင့်အနေနှင့် ထင်ရှားခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းအမှုကို ဘယ်ကြောင့်ပြုခဲ့ပါသလဲ။ ကျမ်းပြုဆရာ အန်တီရိုက်သည် သူ၏ အလွန်ကောင်းသောစာအုပ် အံ့ဩဖွယ်မျှော်လင့်ခြင်းတွင် ဤသို့ဆိုသည်—အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းဇာတ်တော်တွင်၊ တမန်တော်ကြီး ရှင်ယောဟန်သည် ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရသော ကနဦးလူသား၏ အမိန့်တော်အား ရှင်းလင်းစွာ အတည်ပြုသည်ဟု ဆိုခဲ့ပါသည် (က၊ ၂း၁၅)။ မာရိက အရှင်ယေရှုဘုရားကို ဥယျာဉ်စောင့်ဟု အထင်မှားသောအခါ၊ အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖန်ဆင်းမှု၏ တန်ဖိုးကို ပြန်လည်အတည်ပြုကြောင်း ပြသသည်ဟု ဖော်ပြထားခဲ့ပါသည်။

ဥယျာဉ်စောင့်အဖြစ် ထင်ရှားခြင်းဖြင့်၊ အရှင်ယေရှုဘုရားသည် ဤကမ္ဘာလောက၏ ပထမဆုံး ဥယျာဉ်စောင့်များနှင့် အလုပ်သမားများတည်းဟူသော အဒံနှင့် ဧဝတို့ကို ရည်ရွယ်ချက်ရှိရှိ ပြန်လည်ညွှန်ပြတော်မူသည်။ ၎င်းအမှုအားဖြင့်၊ အရှင်ယေရှုဘုရားသည် သမ္မာအာဇီဝကို သာသနာနှင့် အမှုတော်လိုပဲ အလွန်ရေးကြီးသည်ဟု ဖော်ပြထားခဲ့ပါသည်။ ယခု၊ ကျွန်တော်တို့သည် ဤသင်္ခါရလောကကို ပြုစုစောင့်ရှောက်လျက် မြေကြီးကို ပြည့်စေ၍ နိုင်ကြပါစို့။ ထို့ကြောင့်၊ ကျွန်တော်တို့သည် အရှင်ယေရှုဘုရားကဲ့သို့ မိမိသမ္မာအာဇီဝအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်ထံ လမ်းညွှန်ကြကုန်အံ့။

ဤအစီအစဉ်အကြောင်း

Jesus the Creator, Carpenter, Gardener, and King

သမ္မာကျမ်းစာတွင်၊ အရှင်ယေရှုဘုရားသည် သူ့ကိုယ်တော်တိုင် ဖန်ဆင်းရှင် (အစအဦး၌)၊ လက်သမား (သူ့ခမည်းတော်၏အိမ်၌)၊ ဥယျာဉ်စောင့် (ရှင်ပြန်ထမြောက်သောအချိန်၌)နှင့် မဟာရာဇ (ယေရုရှလင်မြို့သစ်၌) အဖြစ် ဖော်ပြထားစေတော်မူသည်။ ဤအစီစဉ်သည် မိတ်ဆွေအား ဤထင်ရှားမှုတစ်ခုစီကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားစေပြီး၊ မိမိနေ့စဉ်ပြုသော အလုပ်၏ နက်အဓိပ္ပာယ်ကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျော်ဒန်ရေနာ (Jordan Raynor) ကို ကျေးဇူတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://jordanraynor.com/carpenter သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။