YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းရှင်၊ လက်သမား၊ ဥယာဉ်စောင့်နှင့် မဟာရာဇ ဖြစ်တော်မူသော အရှင်ယေရှုဘုရားနမူနာ

Jesus the Creator, Carpenter, Gardener, and King

4 ၏ နေ့ 2

ခရစ္စမတ်ပွဲတော်တိုင်းမှာ အရှင်ယေရှုဘုရား၏ လူဇာတိခံတော်မူခြင်းအကြောင်းကို အောက်မေ့သတိရကြပါသည်။

အရှင်ယေရှုဘုရား၏ မွေးဖွားတော်မူခြင်းနှင့် သူဝင်စားခဲ့သော ပတ်ဝန်းကျင်အကြောင်းကို ဆင်ခြင်စဉ်းစားပါ။ ကိုယ်တော်သည် မဟာရာဇာတစ်ပါး ဖြစ်သော်ည်း သူ၏ လောကီဖခင်သည် ရိုးသားသည့် လုတ်သမားတစ်ယောက် ဖြစ်ခဲ့ပါသည်တကား။

အရှင်ယေရှုဘုရားသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာစေဖို့၊ အစအဦး၌ အကြံတော်မြတ် ရှိတော်မူသည်။ ဤမဟာအမှုတော်သည် အလွန်တရာ မြင့်မြတ်လှပါသည် မဟုတ်ပါလား။ သို့ရာတွင်၊ ဘုရားသခင်သည် အရှင်ယေရှုဘုရားကို မာရိနှင့် ယောသပ်အမည်ရှိ လက်သမားတစ်ယောက်၏ အိမ်တွင် ကြီးပြင်းစေရန် ရွေးချယ်တော်မူခဲ့သည်။ ၎င်းအမှုအကြောင်းကို ဆင်ခြင်စဉ်စားလျက် အံ့ဩခြင်းသို့ ရောက်သင့်ပါသည်။

ဘုရားသခင်သည် အရှင်ယေရှုဘုရားကို ပရောဖက်ရှမွေလ (သို့) ပတ္တိဇံဆရာယောဟန်ကဲ့သို့ ယဇ်ပုရောဟိတ် (လေဝိသား) အိမ်တွင် ကြီးပြင်းစေရန် ရွေးချယ်နိုင်သလို၊ တမန်တော်ကြီး ရှင်ပေါလုကဲ့သို့ ဖာရိရှဲတစ်ပါး၏ အိမ်တွင် ကြီးပြင်းစေရန် ရွေးချယ်နိုင်တော်မူသည်။ သို့သော်၊ ၎င်းအမှုကိုမပြုဘဲ သာမန်းအလုပ်သမား အိမ်တွင် ကြီးပြင်းစေရန် ရွေးချယ်ခဲ့တော်မူသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ကဲ့သို့ သမ္မာအာဇီဝအလုပ်ကို ပြုတော်မူသည်။

ကျမ်းပြုဆရာ ဒေါက်တာ ကန်နက်ကမ့်ဘဲလ် (Dr. Ken Campbell) က၊ (မာ၊ ၆:၃) ရှိ လက်သမား ဟု ဘာသာပြန်ထားသော ဂရိဝေါဟာရ တက်တုန် (tektōn) သည် ဗိသုကာပညာရှင်ဟု ပို၍တိကျစွာ ဘာသာပြန်သင့်ပြီး၊ ၎င်းဝေါဟာရ၏ အနက်မှာ၊ ကျောက်၊ သစ်သား၊ သတ္တုတို့နှင့် အသုံးပြုလျက် ဆောက်လုပ်မှုဆိုင်ရာ ပညာဆောက်လုပ်မှု ပညာတတ်ကျွမ်းသူဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။ အရှင်ယေရှုဘုရားနှင့် ခမည်းတော်ယောသပ်သည် မိသားစုပိုင် လုပ်ငန်းတစ်ခုကို စတင်၍၊ ဈေးနှုန်းညှိနှိုင်းခြင်း၊ ပစ္စည်းများဝယ်ခြင်း၊ စီမံကိန်းများပြီးစီးခြင်း၊ မိမိမိသားစုကိုထောက်ပံ့ခြင်းတို့ကို ပြုကြခဲ့ပါသည်။

ကျွန်တော်တို့သည်လည်း ၎င်းအမှုကို ပြုဖူးကြသည် မဟုတ်ပါလား။ အကယ်၍၊ ပထမရာစုနှစ်ရှိ ဂျူးအလုပ်အကိုင်သည် ကျွန်တော်တို့၏ ခေတ်သစ်အလုပ်အကိုင်နှင့် အလွန်တူညီပါသည်။

၎င်းသမ္မာတရားကို ထောက်လျက် မိမိနေ့စဉ်အလုပ်အား အလွန်ကြီးမြတ်သလို အလွန်ရေးကြီးပါသည်ဟု သိမှတ်လိုက်ပါ။ မိမိသမ္မာအာဇီဝအလုပ်သည် အမှုတော်ဆောင်လောက် မမြင့်မြတ်ပါဟု ထင်မြင်သောအခါ၊ ကနဦးခရစ္စမတ်ကို အောက်မေ့သတိရစေပါ။ သူငယ်တော်မြတ်သည် မဟာရာဇတစ်ပါး ဖြစ်သောလည်း ကြီးပြင်းလာသောအခါ လက်သမားအလုပ်ကို ပြုလျက် သမ္မာအာဇီဝအလုပ်၏ အရေးပါမှုကို ထင်ရှားစွာ ပြသတော်မူခဲ့သည်။

ဤအစီအစဉ်အကြောင်း

Jesus the Creator, Carpenter, Gardener, and King

သမ္မာကျမ်းစာတွင်၊ အရှင်ယေရှုဘုရားသည် သူ့ကိုယ်တော်တိုင် ဖန်ဆင်းရှင် (အစအဦး၌)၊ လက်သမား (သူ့ခမည်းတော်၏အိမ်၌)၊ ဥယျာဉ်စောင့် (ရှင်ပြန်ထမြောက်သောအချိန်၌)နှင့် မဟာရာဇ (ယေရုရှလင်မြို့သစ်၌) အဖြစ် ဖော်ပြထားစေတော်မူသည်။ ဤအစီစဉ်သည် မိတ်ဆွေအား ဤထင်ရှားမှုတစ်ခုစီကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားစေပြီး၊ မိမိနေ့စဉ်ပြုသော အလုပ်၏ နက်အဓိပ္ပာယ်ကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျော်ဒန်ရေနာ (Jordan Raynor) ကို ကျေးဇူတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://jordanraynor.com/carpenter သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။