ဖန်ဆင်းရှင်၊ လက်သမား၊ ဥယာဉ်စောင့်နှင့် မဟာရာဇ ဖြစ်တော်မူသော အရှင်ယေရှုဘုရားနမူနာ

အစအဦး၌ အရှင်ယေရှုဘုရား၏ ပထမဦးဆုံး ထင်ရှားစေတော်မူခြင်းအကြောင်းကို ဆင်ခြင်စဉ်းစားကြပါစို့။
ဤကျမ်းပိုဒ်အားဖြင့်၊ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့သည် အစအဦး၌ ရှိတော်မူသည်ကို သိရပါသည်။ ထိုသားတော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်။ (က၊ ၁) ရှိ အနန္တစကြဝဠာကို ဖန်ဆင်းသောဘုရားသခင်သည် အရှင်ယေရှုဘုရား ဖြစ်တော်မူသည်။
ဘုရားသခင်သည် သူ၏ မဟာမေတ္တာတော်၊ သန့်ရှင်းခြင်းပါရမီနှင့် ကယ်နုတ်နိုင်သောကျေးဇူးတော်ကို မဖော်ပြမီ၊ သူ၏ ဖန်းဆင်နိုင်သောတန်ခိုးတော်နှင့် အလုပ်လုပ်ခြင်းကို အစအဦး၌ ဖော်ပြထားတော်မူသည်။
အလုပ်လုပ်သောဘုရားသခင်ဟူသော သမ္မာတရားသည် ခရစ်ယာန်ဘာသာတွင်သာ တွေ့နိုင်ပါသည်။ အခြားဘာသာတရားတိုင်းမှာ၊ နတ်ဘုရားများသည် လူသားများကို အလုပ်ခိုင်းစေရန်နှင့် နတ်ဘုရားများကို ဝတ်ပြုလျက် အစေခံစေရန် ဖန်ဆင်းခဲ့သည်ဟု ဆိုကြပါသည်။ အလုပ်လုပ်သောဘုရားသည် အခြားဘာသာများ၌ မရှိပါ။ သမ္မာကျမ်းစာ၏ ပထမဆုံးဝါကျတွင်ပင် ဘုရားသခင်၏ အလုပ်လုပ်ခြင်းကို ဖော်ပြထားပါသည်တကား။
ဤသမ္မာတရားသည် ကျွန်တော်တို့၏ အလုပ်အကိုင်အတွက် အလွန်ရေးကြီးပါသည်။ အလုလုပ်ခြင်းသည် အကျိုးမဲ့လျက် အနတ္တသက်သက် မဖြစ်ပါ။ ဘုရားသခင်သည် အလုပ်လုပ်သောဘုရား ဖြစ်တော်မူသည်။ ထို့ကြောင့်၊ ကျွန်တော်တို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံသော သတ္တဝါများအနေနှင့် အလုပ်လုပ်ရမည် ဖြစ်ပါသည်။ အရှင်ယေရှုဘုရား၏ ပထမဦးဆုံး ထင်ရှားတော်မူခြင်းအားဖြင့် ၎င်းသမ္မာတရားကို ဖော်ပြထားပါသည်။
ဘုရားသခင်သည် ပစ်စလက်ခတ် လုပ်တော်မမူ။ သူသည် သူတစ်ပါး၏ အကျိုးကို ပြုစုစေဖို့ မိမိဖန်တီးစွမ်းနိုင်သောစိတ်တော်ကို အသုံးပြုလျက် အရာခပ်သိမ်းကို ထိရောက်စွာ ဖန်ဆင်းနိုင်ပါသည်။ ထို့နည်းတူစွာ၊ စီးပွားရေးသမားများ၊ အနုပညာရှင်များ၊ အလုပ်သမားများ၊ ကျောင်းဆရာ/ဆရာမများနှင့် မိခင်များတို့သည် မိမိတီထွင်နိုင်စွမ်းကို အသုံးပြုလျက် သူတစ်ပါး၏ အကျိုးကို ရှာဖွေလျက် ကြိုးစားကြပါသည်။ မနက်ဖြန်မှာ၊ အရှင်ယေရှုဘုရားသည် လက်သမားဖြစ်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာကြပါလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာတွင်၊ အရှင်ယေရှုဘုရားသည် သူ့ကိုယ်တော်တိုင် ဖန်ဆင်းရှင် (အစအဦး၌)၊ လက်သမား (သူ့ခမည်းတော်၏အိမ်၌)၊ ဥယျာဉ်စောင့် (ရှင်ပြန်ထမြောက်သောအချိန်၌)နှင့် မဟာရာဇ (ယေရုရှလင်မြို့သစ်၌) အဖြစ် ဖော်ပြထားစေတော်မူသည်။ ဤအစီစဉ်သည် မိတ်ဆွေအား ဤထင်ရှားမှုတစ်ခုစီကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားစေပြီး၊ မိမိနေ့စဉ်ပြုသော အလုပ်၏ နက်အဓိပ္ပာယ်ကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မည်။
More