YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်နမူနာ

Redemption

7 ၏ နေ့ 5

အရှင်ယေရှုဘုရား၏ ထမြောက်တော်မူခြင်းသည် လောကီသားများအတွက် မည်သို့ဆပ်ဆိုင်သနည်း

အရှင်ယေရှုဘုရား၏ ထမြောက်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်သည် ကြွရောက်လာပြီလို့ သိနိုင်သလို၊ ကိုယ်တော်ကို ယုံကြည်အားကိုးလျှင် အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်နိုင်ကြောင်း သိနိုင်ပါသည်။

အရှင်ယေရှုဘုရား၏ ထမြောက်တော်မူခြင်းသည် အံ့ဩဖွယ် အခွင့်အလမ်းများတို့ကို ပြုစုပါသည်။

ဤသည်မှာ ဧဝံဂေလိတရား ဖြစ်ပါသည်။ အရှင်ယေရှုဘုရား၏ ဓမ္မအမှုတော်၊ အသေခံတော်မူခြင်းနှင့် ထမြောက်တော်မူခြင်း သက်သေများမြင်ခဲ့သော ကနဦးတပည့်တော်များအတွက် အလွန်အံ့ဩဖွယ်လှသောအရာများ ဖြစ်သလို၊ ကျွန်တော်တို့အတွက်လည်း အလွန်အံ့ဩဖွယ်လှသောအရာများ ဖြစ်ပါသည်။

(မ၊ ၂၈း၁၈-၂၀) တွင်၊ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့ဟု ဖော်ပြထားပါသည်။

ရှင်လုကာခရစ်ဝင်၏ အဆုံးနှင့် တမန်တော်ဝတ္ထု၏ အစတွင်၊ သေခြင်းမှ ထမြောက်တော်မူသော အရှင်ယေရှုဘုရားသည် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူခြင်းကို မြင်ရပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤကမ္ဘာလောကကို လုံးဝပြောင်းလဲစေသလို၊ ကျွန်တော်တို့ကိုလည်း လုံးဝပြောင်းလဲစေ၍၊ တမလွန်အာမခံကို ပေးလျက်၊ ဘုရားသခင်၏ နိုင်ငံတော်အဖို့ အသက်ရှင်စေရန်အတွက် တန်ခိုးပေးတော်မူသည်။

ကမ္ဘာဦးကျမ်းတွင်၊ ဘုရားသခင်က အာဒံနှင့် ဧဝအပေါ် ဇီဝအသက်ကို မှုတ်တော်မူသည့်နည်းတူ၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင်၊ အရှင်ယေရှုဘုရားသည် မိမိတပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို မှုတ်တော်မူ၍၊ ဤအမှုအား အသက်သစ်ပေးတော်မူခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် အာဒံနှင့် ဧဝမှ ဆင်းသက်သော ကျွန်တော်တို့၏ ဗီဇအပြစ်နှောင်ကြိုးမှ လွတ်မြောက်စေပြီး၊ အရှင်ယေရှုဘုရားသည် ဤသင်္ခါရလောကကို ပြန်လည်ပြုပြင်တော်မူကြောင်း နိမိတ်လက္ခဏာတစ်ခု ဖြစ်ပါသည်။

သမ္မာကျမ်းစာအရ၊ အရှင်ယေရှုဘုရား၏ ထမြောက်ခြင်းသည် ဘုရားသခင်၏ နိုင်ငံတော်တည်းဟူသော လောကသစ်ကို စတင်ခဲ့ပြီး၊ ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်နိုင်ပါပြီ။

ယနေ့၊ ဘုရားသခင်သည် မိတ်ဆွေကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်စုံစေလျက် ဆင်းရဲဒုက္ခရောက်နေသည့် အပြစ်နှောင်ကြိုးဖြင့် ချုပ်နှောင်ခံရသော လောကီသားများထံ ထိထိမိမိ ဝေငှနိုင်မည်အကြောင်း ဆုတောင်းပါ။

ဤအစီအစဉ်အကြောင်း

Redemption

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။