ရွေးနုတ်တော်မူခြင်းကျေးဇူးတော်နမူနာ

အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ လူတော်များကို မည်သို့ကယ်တင်တော်မူသနည်း
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ အပြစ်များမှ လွတ်မြောက်စေဖို့ လက်ဝါးကပ်တိုင်ပေါ်တွင် မိမိအသက်တော်ကို ပေးလှူပူဇော်တော်မူသည်။ သင်္ချိုင်းမှ ထမြောက်တော်မူ၍ ကျွန်တော်တိုအဖို့ ကယ်တင်ခြင်းအကျွတ်တရား စီရင်ပေးတော်မူသည်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူ၍ မြင့်မြတ်လှသော မဟာရာဇအဖြစ် စိုးစံတော်မူသည်။
ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေသည် အခြားသူတစ်ပါးနှင့် အရှင်ယေရှုဘုရားအကြောင်းကို ပြောဆိုရန် မိနစ်အနည်းငယ်သာ ရှိခဲ့လျှင်၊ မိတ်ဆွေသည် မည်သို့ပြောပြမည်နည်း။ ဥပမာ၊ လက်ဖက်ရည်ဆိုင်တွင် လူတစ်ဆုံးတစ်ယောက်က မိမိ၏ ယုံကြည်ခြင်းအကြောင်း မေးမြန်းလာလျှင်၊ မိမိ၏ ယုံကြည်ခြင်းအကြောင်ကို မည်သို့ဝေငှမည်နည်း။
ဓမ္မသစ်တွင်၊ တမန်တော်ကြီး ရှင်ပေါလုသည် ဧဝံဂေလိသတင်းကောင်း၏ အချုပ်အခြာကို မကြာခဏ ဖော်ပြခဲ့ပါသည်။ (၁ကော၊ ၁၅း၂-၃) တွင်၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ဟု ရှင်ပေါလု ပြောဆိုခဲ့ပါသည်။
သို့ရာတွင်၊ မိမိအသိမိတ်ဆွေတစ်ယောက်သည် ထာဝရဘုရားရှင်၊ သမ္မာကျမ်းစာနှင့် အရှင်ယေရှုဘုရားအကြောင်း တစ်ခါမှာမကြားဖူးဘူးဆိုလျှင် မိတ်ဆွေမည်သို့ဟောပြောမည်နည်း။ ဧဝံဂေလိတရား၏ အနှစ်သာရတည်းဟူသော အရှင်ယေရှုဘုရား၏ အသက်စွန့်တော်မူခြင်းနှင့် ထမြောက်တော်မူခြင်းကို မည်သို့ဆက်စပ်ပြောဆိုမည်နည်း။
ဧဝံဂေလိတရားဟောပြောနည်း ဥပမာတစ်ခုကို ပြောပြပါရစေ...
ခရစ်ယာန်များအနေဖြင့်၊ ကျွန်တော်တို့သည် လောကီသားအားလုံးကို ချစ်တော်မူသော ဘုရားသခင်ကို ယုံကြည်ကြပါသည်။ အမှန်စင်စစ်၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူသည်။ ဘုရားသခင်သည် အရှင်ယေရှုဘုရားကို သေခြင်းမှ ထမြောက်စေတော်မူသည်လို့ ယုံကြည်ပါသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရရှိခံစားကြပါသည်။
၎င်းဟောနည်းသည် မစုံလင်သော်လည်း၊ ဘုရားသခင်၏ အလွန်ကြီးမားသော အနန္တမေတ္တာတော်ကို လူ့နှုတ်ဖြင့် စုံလင်စွာ မမြွက်ဆိုနိင်ပေ။ သို့ရာတွင်၊ ဧဝံဂေလိတရား၏ အဓိကသည် ဘုရားသခင်သည် ကျွန်တော်တို့ကို ကယ်တင်၍ ထာဝရအသက်ကို ပေးစေဖို့ မိမိ၏ သားတော်ကို စန့်တော်မူသည်။ ဤသည်မှာ အရှင်ယေရှုဘုရား၏ အသက်စွန့်တော်မူခြင်းနှင့် ထမြောက်တော်မူခြင်းတို့၏ ရွည်ရွယ်ချက် ဖြစ်ပါသည်။
အကယ်၍၊ ယဉ်ကျေးမှုအမျိုးမျိုး၌ ကျင်လည်သော လူမျိုးအမျိုးမျိုးထံ ဧဝံဂေလိတရားကို ဝေငှစေရန် စိန်ခေါ်ဖွယ်ရာတစ်ခု ဖြစ်ပါသည်။ သို့ရာတွင်၊ မိတ်ဆွေသည် ဧဝံဂေလိတရားကို ထိထိမိမိ ဝေငှစေဖို့ နှုတ်သတ္တိကို ပေးသနားတော်မူပါလို့ ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုလျှင်၊ ဘုရားသခင်သည် မိတ်ဆွေအဖို့ သစ္စာရှိစွာ ပေးတော်မူလိမ့်မည်။
မိမိအသက်တာတွင် အရှင်ယေရှုဘုရား၏ မင်္ဂလာသတင်းကောင်းကို ကြားလိုသောသူတစ်ယောက် ရှိပါသလား။ ယနေ့၊ ရဲရင့်သတ္တိ၊ ဉာဏ်သတ္တိနှင့် နှုတ်သတ္တိတို့ကို ရရှိခံစား၍ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှာ ဧဝံဂေလိတံခါးကို ဖွင့်တော်မူပါလို့ ဘုရားသခင်ထံ စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုလိုက်ပါ။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
More