YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိတ်ဆွေအဖို့ ခမည်းတော်ဘုရား၏ စကားတော်နမူနာ

What The Father Says

3 ၏ နေ့ 3

ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ

ငါ၏ မေတ္တာတော်ကို သင်၏ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၍ သင်၏ ကြောက်ခြင်းသံဝေဂကို ငါပယ်ရှားစေတော်မူမည်။ သင်၏ လောကီစွဲလမ်းခြင်းကို စွန့်၍ ငါကို ယုံကြည်စွဲလမ်းပါ။ ငါသည် ယေဟောဝါယိရေတူးဟူသော ပြင်ဆင်တော်မူသောဘုရား ဖြစ်ပါသည်။ ငါသည် သင်၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ ငါသည် သင်နှင့် ပဋိညာဉ်ဖွဲ့သောကြောင့် ကျေးဇူးနှင့် ကရုဏာကို တစ်သက်လုံး ခံစားရပါလိမ့်မည်။ သင်၏ မိသားစုရေး၊ စီပွားရေးနှင့် အနာဂတ်ရေးရှိသမျှတို့ကို ငါ၌ အပ်နှံ၍ ငါကို စိတ်ချယုံကြည်ပါ။ ငါ၏ ချစ်မြတ်နိုးရာ သား/သမီး၊ ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီဟု ခမည်းတော်ဘုရား မိန့်တော်မူသည်။

ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီတည်းဟူသော ဘုရားသခင်၏ ဗျာဒိတ်တော်ကို ယုံကြည်ကိုးစားစေဖို့ ကျွန်တော်တို့ကို ခေါ်တော်မူပြီ။ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း၊ မိမိလက်တော်၌ရှိလျက် ပိုင်တော်မူသည်။ လောကဓံဒုက္ခခံစဉ်တွင်၊ ခမည်းတော်၌ ခိုလှုံပြီး သူ၏ အသံတော်မြတ်ကို ကြားနာစေပါ။ ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်သည်ဟု ဘုရားရှင်မြတ် မိန့်တော်မူခဲ့ပြီ။ ကိုယ်တော်သည် ကျွန်တော်တို့၏ ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူသည်။ ခဲယဉ်းသောလက်ရှိကာလနှင့် မသေချာသောအနာဂတ်တွင်၊ ဘုရားသခင်ထံ ပြေးသွားကြပါစို့။

(၆ရာ၊ ၂ဝး၁၇) တွင်၊ ယောရှဖတ်မင်းကြီးသည် စစ်တိုက်ခဲ့သည်။ အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ်နေလျက်၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏ဟု ဘုရားသခင် မိန့်တော်မူခဲ့သည်။ ထိုနောက်၊ ယောရှဖတ်မင်းကြီးနှင့် သူ၏ စစ်သူရဲများသည် ချီးမွမ်းရာသီချင်းကို ဆိုလျက် ရန်သူများကို ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့သည်။

ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကို တိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက် ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏ (၆ရာ၊ ၂ဝး၂၂-၂၃)။

ယုံကြည်ခြင်းအားဖြင့် ခမည်းတော်ဘုရား၌ ခိုလှုံလျက် ကိုးကွယ်ကြကုန်အံ့။ ကိုယ်တော်ဘုရား၏ ကောင်းမြတ်ခြင်း၊ အောင်မြင်ခြင်းနှင့် ကတိတော်များကို အားကိုးလိုက်ပါ။ သူသည် ကျွန်တော်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် ငြိမ်ဝပ်စွာ နေနိုင်ပါသည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သောအခါ မိမိသောကမီးကို ငြိမ်းသွားပါလိမ့်မည်။ ဘုရားသခင်၏ နှလုံးတော်မြတ်သည် မိတ်ဆွေအဖို့ ဖြစ်ပါသည်။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီဟု ခမည်းတော်ဘုရား မိန့်တော်မူပြီ။

အမွေအနှစ်ချီးမွမ်းခြင်းအဖွဲ့ (Legacy Worship) စပ်ရေးသော ရှလုံး (shalom) ဟူသော သီချင်း၏ စာသားဖြင့် ခွန်အားရယူပါ...

မိမိအကြံစည်ကို မဟုတ်ဘဲ

ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ

ငါသည် သင့်ဘက်၌ ရှိ၏

ငါသည် သင့်ဘက်၌ ရှိ၏


ငါသည် ဤနေရာ၌ ရှိ၏

သင်ကို မစွန့်

သင့်ကို အလျှင်းပစ်၍ မထား

ငါ့သစ္စာလက်ယာလက်ဖြင့် သင်ကို ထောက်ပင့်မည်။

ဤအစီအစဉ်အကြောင်း

What The Father Says

အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ မိတ်ဆွေသည် ကိုယ်တော်၏ နှစ်သက်မြတ်နိုးရာ သား/သမီးတော် ဖြစ်ပါသည်။ ဤအစီစဉ်သည် မိတ်ဆွေကို ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်မြတ်၌ ဝင်စားစေခြင်းငှာ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။ သူ၏ မဟာမေတ္တာတော်မြတ်၌ ကြောက်ခြင်းသံဝေဂ မရှိသလို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုလည်း မရှိပေ။ ထာဝရဘုရားသည် ကိုယ်လက်ဝါး၌ မိတ်ဆွေကို စာထိုးတော်မူပြီ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Christ For the Nations အား ကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက၊ https://cfni.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။