YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိတ်ဆွေအဖို့ ခမည်းတော်ဘုရား၏ စကားတော်နမူနာ

What The Father Says

3 ၏ နေ့ 1

သင်သည် ငါ၏ ချစ်မြတ်နိုးရာ သား/သမီးတော်

ခမည်းတော်ဘုရား၏ စကားတော်ကား၊ သင်ကို မဖန်ဆင်းမီ၊ ငါသည် သင်ကို အကြွင်းမဲ့ သိတော်မူသည်။ သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက် ရှိသလို၊ သင်၏ နေ့ရက်တို့ကို မှတ်သား၍၊ သင်၏ နေရသော ကာလအရေအတွက်ကို သိတော်မူ၏။ သင်ကို ငါ၏ ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်တော်မူပြီ။ သင်၌ ငါ၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ငါ၏ အကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ သင်သည် ငါ၏ ဘုန်းတော်ထင်းရှားစေသော ချစ်မြတ်နိုးရာ သား/သမီးတော် ဖြစ်တော်မူ၏။

မိတ်ဆွေသည် ဘုရားသခင်၏ သား/သမီးတော် ဖြစ်ပါသည်တကား။ လူတချို့သည် ဖခင်မရှိကြသလို၊ တချို့မှာ ဖခင်ကောင်း မရှိကြပေ။ ထိုသူအမြောက်အမြားတို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘကို မှန်ကန်စွာ မမြင်နိုင်ကြပေ။

မိတ်ဆွေသည် မိမိ၏ အဗ္ဗအဘကို ဘယ်လိုမြင်သလဲ။

ကျွန်တော်တို့သည် မိမိနှလုံးမှတစ်ဆင့် ဘုရားသခင်ကို ကြည့်ရှုကြသည်။ ကျွန်တော်တို့သည် သူတစ်ပါးကို မခွင့်လွှတ်နိုင်ဘဲ မိမိနှလုံးအထဲ၌ ခါးစွာသော ပင်မြစ်ပေါက်ရှိလျှင် ဘုရားသခင်ကို ရှင်းလင်းစွာ မမြင်နိုင်ပါဟု ဆရာမအာလီဆန်းဖော့်လား (Allison Fowler) ပြောဆိုခဲ့သည်။ ထို့ကြောင့်၊ မိမိ၏ မိစ္ဆာဒိဋ္ဌိကို ပယ်ရှား၍ ဘုရားသခင်ကို မှန်ကန်စွာ ကြည့်ရှုနိုင်မည့်အကြောင်း ကိုယ်တော်မြတ်ထံ ဆုတောင်းပါ။ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို သိကျွမ်း၍ ယုံကြည်စွဲလမ်းလိုက်ပါ။ ဘုရားသခင်သည် အပြစ်ကင်းတော်မူသောဘုရား ဖြစ်၍ သူ၏ မဟာမေတ္တာကရုဏာတော်သည် စုံလင်တော်မူသည်။

ယခု၊ မိမိမျက်စိမှိတ်ပြီး ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအကြောင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။ ကျွန်တော်တို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ကျန်းမာစေသော မေတ္တာတော်ကို ကျွန်တော်တို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူပြီ။ ထိုနည်းတူစွာ၊ မာရ်နတ်၏ ဉာဏ်မျက်စိကွယ်စေခြင်းကို ပယ်ရှားလျက် ကျွန်တော်တို့ စိတ်နှလုံးထဲ၌ ဓမ္မအလင်းကို ထွန်းလင်းစေတော်မူပြီ။ မိမိစိတ်ဝိညာဉ်၌ ခမည်းတော်ဘုရား၏ ဗျာဒိတ်အသံတော်မြတ်ကို ကြားလျက် သူ၏ ချစ်ခြင်းမေတ္တာတော်ကို ခံယူလိုက်ပါ။ သင်သည် ငါ၏ ချစ်မြတ်နိုးရာ သား/သမီး ဖြစ်သည်ဟု ခမည်းတော်ဘုရား မိန့်တော်မူပြီ။

ဤအစီအစဉ်အကြောင်း

What The Father Says

အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ မိတ်ဆွေသည် ကိုယ်တော်၏ နှစ်သက်မြတ်နိုးရာ သား/သမီးတော် ဖြစ်ပါသည်။ ဤအစီစဉ်သည် မိတ်ဆွေကို ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်မြတ်၌ ဝင်စားစေခြင်းငှာ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။ သူ၏ မဟာမေတ္တာတော်မြတ်၌ ကြောက်ခြင်းသံဝေဂ မရှိသလို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုလည်း မရှိပေ။ ထာဝရဘုရားသည် ကိုယ်လက်ဝါး၌ မိတ်ဆွေကို စာထိုးတော်မူပြီ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Christ For the Nations အား ကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက၊ https://cfni.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။