မိတ်ဆွေအဖို့ ခမည်းတော်ဘုရား၏ စကားတော်နမူနာ

သင်သည် ငါ၏ စိတ်တော်ကို တွေ့ပါပြီ
ငါ၏ သား/သမီးတော်၊ သင်သည် ငါ၏ နှစ်သက်မြတ်နိုးရာ ဖြစ်သည်။ သင်၏ ကုသိုလ်ကောင်းမှုကြောင့် မဟုတ်ဘဲ ငါ၏ သား/သမီးတော် ဖြစ်သောကြောင့် နှစ်သက်မြတ်နိုးသည်။ ငါ၏ မေတ္တာတော်၌ တည်လျှင် ပင်ပန်းစွာ အားထုတ်စရာ မလိုပါ။ ငါထံသို့ လာ၍ ငါ၌ တည်နေပါ။
ငါ၏ မဟာမေတ္တာတော်ကို နှိမ့်ချစွာ ခံယူပါ။ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ သင်သည် ငါ၏ စိတ်တော်ကို တွေ့ပါပြီဟု ခမည်းတော်ဘုရား မိန့်တော်မူသည်။
ကိုယ့်ဘဝကိုယ်ပြန်ကြည့်ရင်း ကျေးဇူးတော်ချီးမွမ်းစရာ အများကြီးရှိသလို နောင်တရစရာလည်း အများကြီးရှိပါသည်။ ဥပမာ၊ တရားဟောချိန်နှင့် လေ့လာအချိန်ကို လျော့ပြီး ချစ်မိသားစုအဖို့ ပိုမိုအချိန်ပေးသင့်သည်။ ဘုရားသခင်နှင့်လည်း ပိုမိုမိတ်သဟာယဖွဲ့လျက် ခရစ်တော်ကဲ့သို့ သာ၍ဖြစ်စေဖို့ ကိုယ်တော်နှင့် သာ၍နီးစေလိုသည်ဟု ဆရာကြီး ဘီလီဂရေဟမ် (Billy Graham) ပြောဆိုခဲ့သည်။
ဆရာကြီး ဘီလီဂရေဟမ်၏ အမှုတော်အားဖြင့် လူအမြောက်အမြား ပြောင်းလဲကြခဲ့သည်တကား။ သို့သော်၊ သူ့ဘဝ၏ အဆုံးတွင်၊ တရားဟောသောအချိန်ကို လျော့၍ မိမိမိသားစုနှင့် ဘုရားသခင်နှင့်အတူ အချိန်ပေးလျက် ပိုမိုမိတ်သဟာယဖွဲ့လိုခဲ့သည်။
လူ၏ စိတ်သဘောထားမှာ အမြဲအလုပ်လုပ်ရန် ဖြစ်သည်။ ကျွန်တော်တို့၏ ကုသိုလ်ကောင်းမှုနှင့် လုပ်ရှုပ်ခြင်းဖြင့် မိမိဓမ္မအာရုံကို လွဲစေတတ်သည်။ သို့သော်၊ ဘုရားသခင်၏ ချစ်သား/သမီးတော်များအနေနှင့် ခမည်းတော်၌ ခိုလှုံ၍ ငြိမ်ဝပ်စွာ နေရမည်ဖြစ်သည်။ ကျွန်တော်တို့ အဗ္ဗအဘ၏ နှစ်သက်မှု ပေါ်ထွန်းခြင်းကို ထောက်သောအခါ၊ မိမိကြိုးစားချင်သောသဘောကို ဖြတ်တောက်ပြီး ကိုးစားချင်သောသဘောကို ပြုစုစေသည်။
ဘုရားသခင်၏ နှစ်သက်မြတ်နိုးခြင်းနှင့် စိတ်တော်တွေ့ခြင်းသည် ကျွန်တော်တို့အား အလုပ်ရှုပ်စေခြင်းငှာ ဆွဲဆောင်မည် မဟုတ်ဘဲ၊ ကျွန်တော်တို့အား ကိုယ်တော်၏ အနီးအနားသို့ ရောက်စေခြင်းငှာ ဆွဲဆောင်ပါလိမ့်မည်။ ဘုရားသခင်နှင့် ပိုမိုနီးသောခါ ဘဝကို ပိုမိုရိုးရှင်းပါစေလိမ့်မည်ဟု ဆရာအေဒဗလျူထိုဇာ (A.W. Tozer) က ပြောဆိုခဲ့သည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်တော်တို့၏ ဝိညာဉ်များကို နှိုးဆော်၍ သူ၏ ရိုးရှင်းလှသော ဝမ်းမြောက်ခြင်း၊ ချမ်းသာခြင်းနှင့် မေတ္တာတော်၌ ဝင်စားစေခြင်းငှာ ခေါ်တော်မူသည်။ စစ်မှန်သော ယုံကြည်သူများသည် ကိုယ်တော်၏ စိတ်တော်ကို တွေ့စေခြင်းငှာ မိမိကြိုးစားအားထုတ်ခြင်းကို မအားကိုးဘဲ ကိုယ်တော်ကို အားကိုးလျက် သူ၌ တည်ကြသည်။ သင်သည် ငါ၏ နှစ်သက်မြတ်နိုးရာ ဖြစ်သည်ဟု ခမည်းတော်ဘုရား မိန့်တော်မူပြီ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ မိတ်ဆွေသည် ကိုယ်တော်၏ နှစ်သက်မြတ်နိုးရာ သား/သမီးတော် ဖြစ်ပါသည်။ ဤအစီစဉ်သည် မိတ်ဆွေကို ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်မြတ်၌ ဝင်စားစေခြင်းငှာ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။ သူ၏ မဟာမေတ္တာတော်မြတ်၌ ကြောက်ခြင်းသံဝေဂ မရှိသလို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုလည်း မရှိပေ။ ထာဝရဘုရားသည် ကိုယ်လက်ဝါး၌ မိတ်ဆွေကို စာထိုးတော်မူပြီ။
More
စပ်ဆိုင်သော အစီအစဉ်များ

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
