YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

The New Testament in 90 Days

90 ၏ နေ့ 10

ရှင်မာကုခရစ်ဝင်၏နိဒါန်း

ရှင်မာကုခရစ်ဝင်သည် ဓမ္မသစ်ကျမ်းတွင် ဒုတိယမြောက်ကျမ်းစာဖြစ်သော်လည်း ခရစ်ဝင်ကျမ်းများတွင် အဦးဆုံးရေးသားခဲ့သော ခရစ်ဝင်ကျမ်းဖြစ်သည်။ အေဒီ (၅၅-၆၅) ဝန်းကျင်တွင်၊ ရှင်မာကုခရစ်ဝင်ကို ရေးသားခဲ့သည့်ဟု ကျမ်းစာပညာရှင်တချို့က ယူဆကြသည်။ ရှင်မာကုခရစ်ဝင်သည် တစ်ပါးအမျိုးသားယုံကြည်သူများနှင့် ရောမယုံကြည်သူများထံ ရေးသားသောကျမ်းဖြစ်သောကြောင့်၊ ဣသရေလ၏ဘာသာဓလေ့ထုံးစံများကို ထည့်သွင်းရှင်းပြထားခဲ့သည်။ ရှင်မာကုခရစ်ဝင်ကျမ်းထဲမှအများစုသည် အခြားခရစ်ဝင်ကျမ်းများ၏ ကိုးကားအသုံးပြုခြင်းကို ခံရသည်။

ဂျွန်မာကုဟုလည်းခေါ်ဝေါ်သမုတ်သော ရှင်မာကုသည် ရှင်ပေါလု၏ပထမဆုံးသာသနာပြုခရီးတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် ယေရှု၏တပည့်တော် (၁၂) ပါးအဝင်ဖြစ်သော ရှင်ပေတရု၏တပည့်ဖြစ်ပြီး ဗာနဗ၏ဝမ်းကွဲလည်းဖြစ်သည်ဟု ယူဆကြသည်။ ရှင်မာကုသည် ယေရှု၏မျက်မြင်သက်သေမဟုတ်သောကြောင့် ရှင်ပေတရု၏သက်သေခံချက်များကို အခြေခံ၍ ဤခရစ်ဝင်ကို ရေးသားခဲ့သည်။

ဤအစီအစဉ်အကြောင်း

The New Testament in 90 Days

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။