ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ရှင်မဿဲခရစ်ဝင်၏နိဒါန်း
လေဝိဟုခေါ်သော ရှင်မဿဲသည် အခွန်ခံသူတစ်ယောက်ဖြစ်ပြီး အရှင်ယေရှုဘုရားနောက်တော်သို့ လိုက်ဖို့ရန် အရာခပ်သိမ်းကို စွန့်ပစ်၍ တပည့်တော် (၁၂) ပါးတွင် တစ်ပါးအဝင် ဖြစ်လာခဲ့ပါသည်။ အေဒီ (၆၀-၆၅) ဝန်းကျင်တွင်၊ ရှင်မဿဲသည် ဤခရစ်ဝင်ကျမ်းစာကို ရေးသားခဲ့သည်ဟု ယူဆကြသည်။ သူသည် အရှင်ယေရှုဘုရား၏ အံ့ဩဖွယ်နိမိတ်လက္ခဏများ၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံထံသို့ ပြန်ကြွသွားခြင်းများကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေခံတစ်ဦးလည်း ဖြစ်ခဲ့သည်။
ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဣသရေလလူမျိုးအများစုထံသို့ ရေးသားခဲ့သည့်ကျမ်းစာဟု ဓမ္မဟောင်းတွင်ပါရှိသော ပရောဖက်ပြုချက် (၆၀) ကျော်ကို ကိုးကားထားခြင်း၊ အရှင်ယေရှုဘုရားကို ဒါဝိဒ်၏သားတော် ဟု ခေါ်ဝေါ်သမုတ်ခြင်းနှင့် ဣသရေလလူမျိုးများ၏ ဘာသာဓလေ့ ထုံးစံများကို ရှင်းမပြထားခြင်းစသည့် အချက် (၃) ချက်အားဖြင့် ကျမ်းစာပညာရှင်များ အများလက်ခံကြသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဓမ္မသစ်ကျမ်းတွင် ပထမမြောက် ကျမ်းစာဖြစ်သော်လည်း ရှင်မာကုခရစ်ဝင်ကျမ်းသည် အရင်ရေးသားခဲ့သောကျမ်းဖြစ်သည်။ အကယ်စင်စစ်၊ ရှင်မာကုခရစ်ဝင်ကျမ်း၌ပါသော စာသား (၉၇) ရာခိုင်နှုန်းသည် ရှင်မဿဲခရစ်ဝင်အတွင်းတွင်လည်း ပါဝင်ပါသည်။
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
