YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3

3
လက်​တစ်​ဖက်​သေ​သော​သူ
(မ၊ ၁၂:၉-၁၄။ လု၊ ၆:၆-၁၁)
1တ​ရား​ဇ​ရပ်​သို့ တစ်​ဖန် ဝင်​တော်​မူ၍၊ ထို​ဇ​ရပ်၌ လက်​တစ်​ဖက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။- 2ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။- 3ကိုယ်​တော်​က​လည်း၊ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု လက်​တစ်​ဖက်​သေ​သော​သူ​အား မိန့်​တော်​မူ​ပြီး​မှ၊- 4ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သ​လော၊ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော၊ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိ​သတ်​တို့​အား မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။- 5ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- 6ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု ဟေ​ရုဒ်​တ​ပည့်​တို့​နှင့် ချက်​ချင်း တိုင်​ပင်​ကြ၏။
အိုင်​နားမှ​ပ​ရိ​သတ်
7ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အိုင်​နား​သို့ ပြောင်း​ကြွ​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်၊- 8ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဣ​ဒု​မဲ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​နှင့် တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​သည် ပြု​တော်​မူ​သ​မျှ​ကို ကြား​လျှင် အ​ထံ​တော်​သို့ လာ​ကြ၏။- 9လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။-#မာ၊ ၄:၁။ လု၊ ၅:၁-၃။ 10အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။- 11ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။- 12သ​တင်း​တော်​ကို မ​ပွင့်​စေ​မည်​အ​ကြောင်း သူ​တို့​အား ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။#ဟေ​ရှာ၊ ၆း၉-၁၀။
တ​ပည့်​တော်​တစ်​ကျိပ်နှစ်​ပါး​ကိုရွေး​ချယ်​ခြင်း
(မ၊ ၁၀:၁-၄။ လု၊ ၆:၁၂-၁၆)
13ထို​အ​ခါ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ အ​လို​တော်​ရှိ​သော​သူ​တို့​ကို ခေါ်​တော်​မူ​လျှင်၊ အ​ထံ​တော်​သို့ လာ​ကြ၏။- 14ကိုယ်​တော်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တ​ရား​ဟော​သော​အ​ခွင့်၊ အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ၍၊- 15နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နိုင်​သော​အ​ခွင့်​နှင့် စေ​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တည်း​ဟူ​သော၊- 16ပေ​တ​ရု​အ​မည်​သစ်​ကို ပေး​တော်​မူ​သော​ရှိ​မုန်၊- 17မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊- 18အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ သ​ဒ္ဒဲ၊ ကာ​န​နိတ်​လူ​ရှိ​မုန်၊- 19ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တို့​ကို ခန့်​ထား​တော်​မူ၏။
ယေ​ရှု​နှင့်ဗေ​လ​ဇေ​ဗု​လ
(မ၊ ၁၂:၂၂-၃၂။ လု၊ ၁၁:၁၄-၂၃)
20ထို​သူ​တို့​သည် အိမ်​သို့​ဝင်​ကြ​လျှင်၊ အ​စာ​ကို မ​စား​နိုင်​သည်​တိုင်​အောင် လူ​များ​တို့​သည် တစ်​ဖန် စု​ဝေး​ကြ​ပြန်၏။- 21ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။- 22ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-#မ၊ ၉:၃၄၊ ၁၀:၂၅။ 23ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။- 24တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- 25အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- 26စာ​တန်​သည် မိ​မိ​တစ်​ဖက်၌ ထ၍ မိ​မိ​နှင့် မ​သင့်​မ​တင့်​ကွဲ​ပြား​လျှင် မ​တည်​နိုင်​ဘဲ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။- 27သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ သူ၏​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ​နိုင်။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- 28ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။- 29သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-#လု၊ ၁၂:၁၀။ 30အ​ဘယ်​ကြောင့် ဤ​သို့ မိန့်​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ညစ်​ညူး​သောနတ်​စွဲ​သော​သူ ဖြစ်​သည်​ဟု ဆို​ကြ​သ​တည်း။
မယ်​တော်​နှင့်​ညီ​များ
(မ၊ ၁၂:၄၆-၅၀။ လု၊ ၈:၁၉-၂၁)
31ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။- 32ခြံ​ရံ​လျက် ထိုင်​သော​သူ​များ​တို့​က၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် ပြင်​မှာ​ရှိ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- 33ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၍၊- 34ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- 35ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကု 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။