YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 21

21
ကျွန်​နှင့်​ဆိုင်​သော​ပ​ညတ်
(တ​ရား၊ ၁၅:၁၂-၁၈)
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ စီ​ရင်​ရ​သော ဓ​မ္မ​သတ်​ဟူ​မူ​ကား၊ 2ဟေ​ဗြဲ​အ​မျိုး​ဖြစ်​သော ကျွန်​ကို​ဝယ်​လျှင်၊ ခြောက်​နှစ်​သာ​အ​စေ​ကျွန်​ခံ​စေ​ရ​မည်။ သ​တ္တ​မ​နှစ်​ရောက်​သော်၊ ကိုယ်​ဖိုး​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။ 3ကျွန်​ခံ​စ​က တစ်​ယောက်​တည်း​ခံ​လျှင်၊ တစ်​ယောက်​တည်း​ထွက်​ရ​မည်။ လင်​မ​ယား​နှစ်​ယောက်​ခံ​လျှင်၊ မ​ယား​နှင့်​တ​ကွ​ထွက်​စေ​ရ​မည်။ 4သို့​မ​ဟုတ် သ​ခင်​ပေး​စား​သော​မ​ယား​ရှိ၍ ထို​မ​ယား​သည် သား​သ​မီး​ကို​ဖွား​မြင်​လျှင်၊ မ​ယား​နှင့်​သား​သ​မီး​တို့​ကို သ​ခင်​ပိုင်​ရ​မည်။ ကျွန်​မူ​ကား၊ တစ်​ယောက်​တည်း​ထွက်​ရ​မည်။ 5သို့​မ​ဟုတ် ကျွန်​က၊ ကျွန်​တော်​သ​ခင်​နှင့် မ​ယား​သား​သ​မီး​တို့​ကို ကျွန်​တော်​ချစ်​ပါ၏။ မ​ထွက်​မ​သွား​လို​ပါ​ဟု အ​တည့်​အ​လင်း​ပြော​ဆို​လျှင်၊ 6သ​ခင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့​လည်း​ကောင်း၊ အိမ်​တံ​ခါး​တိုင်​သို့​လည်း​ကောင်း ဆောင်​ယူ၍၊ နား​ရွက်​ကို စူး​ဖြင့်​ဖောက်​ပြီး​မှ၊ ထို​ကျွန်​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။#ဝတ်၊ ၂၅:၃၉-၄၆။
7အ​ဘ​သည် သ​မီး​ကို​ကျွန်​ခံ​စေ​ခြင်း​ငှာ​ရောင်း​လျှင် ထို​မိန်း​မ​သည် ကျွန်​ယောက်ျား​ကဲ့​သို့ လွတ်​ရ​သည်​မ​ဟုတ်။ 8သ​ခင်​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍​မ​ကြိုက်​လျှင်၊ ရွေး​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ရ​မည်။ သူ့​ကို လှည့်​ဖြား​မိ​သော​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​သို့ ရောင်း​ချ​ပိုင်​သော​အ​ခွင့်​မ​ရှိ။ 9မိ​မိ​သား၌​ပေး​စား​လျှင်​မူ​ကား၊ သ​မီး​ကဲ့​သို့​ပြု​စု​ရ​မည်။ 10အ​ခြား​မိန်း​မ​ကို​သိမ်း​ပြန်​လျှင်၊ အ​ရင်​သိမ်း​သော မိန်း​မ၏​အ​ဝတ်​အ​စား​နှင့် မ​ယား​ဝတ်​ကို​မ​လျှော့​ရ။ 11ထို​သုံး​ပါး​ကို​မ​ပြု​လျှင်၊ ကိုယ်​ဖိုး​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။
ထိ​ခိုက်​နာ​ကျင်​စေ​မှု​ဆိုင်​ရာ​ပ​ညတ်
12လူ​ကို​အ​သေ​သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။#ဝတ်၊ ၂၄:၁၇။ 13အ​သေ​သတ်​မည်​အ​ကြံ​မ​ရှိ​ဘဲ၊ သူ၏​လက်၌ လူ​အ​သက်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မူ​လျှင်၊ ပြေး​ရ​သော​အ​ရပ်​ကို ငါ​ခန့်​ထား​မည်။#တော၊ ၃၅:၁၀-၃၄၊ တရား၊ ၁၉:၁-၁၃၊ ယောရှု၊ ၂၀:၁-၉။ 14အိမ်​နီး​ချင်း​ကို သတ်​မည်​အ​ကြံ​ရှိ၍ အ​နိုင်​တိုက်​သော​သူ​ကို​ကား၊ ငါ့​ယဇ်​ပ​လ္လင်၌ ခို​လှုံ​သော်​လည်း၊ ဆွဲ​ယူ၍​သတ်​ရ​မည်။ 15မိ​ဘ​ကို​အ​သေ​သတ်​သော​သူ​သည်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 16လူ​ကို​ခိုး​သော​သူ​သည်၊ ရောင်း​သည်​ဖြစ်​စေ၊ သူ၏​လက်၌​ရှိ​သည်​ဖြစ်​စေ၊ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။#တရား၊ ၂၄:၇။ 17မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။#ဝတ်၊ ၂၀:၉၊ မ၊ ၁၅:၄၊ မာ၊ ၇:၁၀။ 18လူ​ချင်း​ခိုက်​ရန်​ပြု၍ တစ်​ယောက်​သည် ကျောက်​ခဲ​နှင့် ထု​သည်​ဖြစ်​စေ၊ လက်​သီး​နှင့်​ထိုး​သည်​ဖြစ်​စေ၊ အ​ရိုက်​ခံ​ရ​သော​သူ​သည် မ​သေ​သော်​လည်း၊ အိပ်​ရာ၌ တုံး​လုံး​နေ​ရ​လျှင်​လည်း​ကောင်း၊ 19တစ်​ဖန်​ထ၍​တောင်​ဝှေး​နှင့်​သွား​လျှင်​လည်း​ကောင်း၊ ရိုက်​သော​သူ​ကို အ​ပြစ်​လွှတ်​ရ​မည်။ သို့​ရာ​တွင် နာ​သော​သူ​သည် အ​လုပ်​ပျက်​ရ​သည်​အ​တွက်၊ အ​နာ​ပျောက်​စေ​ခြင်း​ငှာ ကု​သ​ရ​သည်​အ​တွက်၊ ငွေ​ကို​လျော်​ရ​မည်။ 20သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​တုတ်​နှင့်​ရိုက်၍ ထို​ကျွန်​သေ​လျှင်၊ သ​ခင်​သည် လေး​သော​ဒဏ်​ကို​ခံ​ရ​မည်။ 21သို့​ရာ​တွင် ကျွန်​သည် တစ်​ရက်​နှစ်​ရက်​နာ၍ မ​သေ​ဘဲ​နေ​လျှင်၊ သ​ခင်​သည် ထို​ကျွန်​ကို​ပိုင်​သော​ကြောင့်၊ ဒဏ်​နှင့်​လွတ်​ရ​မည်။
22လူ​ချင်း​ခိုက်​ရန်​ပြု​ကြ၍၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​ကို ထိ​ခိုက်​သ​ဖြင့် ကိုယ်​ဝန်​ပျက်၍ အ​ခြား​သော​အ​နာ​မ​ဖြစ်​လျှင်၊ မိန်း​မ​လင်​စီ​ရင်​သည်​အ​တိုင်း ဒဏ်​ခံ​ရ​မည်။ မင်း​စီ​ရင်​သည်​အ​တိုင်း​လည်း ငွေ​ကို​လျော်​ရ​မည်။ 23အ​ခြား​သော​အ​နာ​ဖြစ်​လျှင်၊ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ 24မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊#ဝတ်၊ ၂၄:၁၉-၂၀၊ တရား၊ ၁၉:၂၁၊ မ၊ ၅:၃၈။ 25မီး​လောင်​ခြင်း​အ​တွက် မီး​လောင်​ခြင်း​ကို​လည်း​ကောင်း၊ ရှ​န​ခြင်း​အ​တွက် ရှ​န​ခြင်း​ကို​လည်း​ကောင်း၊ ဒဏ်​ချက်​ရာ​အ​တွက် ဒဏ်​ချက်​ရာ​ကို​လည်း​ကောင်း ခံ​ရ​မည်။ 26သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​မျက်​စိ​ကို ပျက်​အောင်​ရိုက်​လျှင်၊ မျက်​စိ​ပျက်​သည်​အ​တွက် လွှတ်​ရ​မည်။ 27ထို​အ​တူ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​သွား​ကို ကျိုး​အောင်​ရိုက်​လျှင်၊ သွား​ကျိုး​သည်​အ​တွက် လွှတ်​ရ​မည်။
တိ​ရ​စ္ဆာန်​ပိုင်​ရှင်​တို့​၏​တာ​ဝန်
28နွား​သည် လူ​ယောက်ျား၊ မိန်း​မ​ကို​ခွေ့၍ လူ​သေ​လျှင်၊ စင်​စစ်​ထို​နွား​ကို ကျောက်​ခဲ​နှင့်​ပစ်၍​သတ်​ရ​မည်။ အ​သား​ကို​လည်း မ​စား​ရ။ နွား​ရှင်​ကို​ကား၊ အ​ပြစ်​လွှတ်​ရ​မည်။ 29၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး၍၊ ခွေ့​ကြောင်း​ကို နွား​ရှင်​ကြား​သိ​လျက် မ​ချည်​မ​နှောင်​အ​လွတ်​ထား၍၊ နွား​သည် ယောက်ျား၊ မိန်း​မ​ကို​သတ်​မိ​လျှင်၊ ထို​နွား​ကို ကျောက်​ခဲ​နှင့် ပစ်​သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း အ​သေ​သတ်​ရ​မည်။ 30သို့​မ​ဟုတ် ငွေ​လျော်​စေ​ဟု​စီ​ရင်​လျှင်၊ စီ​ရင်​သည်​အ​တိုင်း မိ​မိ​အ​သက်​ရွေး​ရန် အ​ဖိုး​ကို​လျော်​ရ​မည်။ 31သူ​တစ်​ပါး၏​သား​သ​မီး​ကို ခွေ့​လျှင်၊ စီ​ရင်​သည်​အ​တိုင်း​ခံ​ရ​မည်။ 32ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​ခွေ့​လျှင်​မူ​ကား၊ နွား​ရှင်​သည် ကျွန်​ရှင်​အား ငွေ​အ​ကျပ်​သုံး​ဆယ်​ကို​လျော်​ရ​မည်။ နွား​ကို​လည်း ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ 33လူ​သည် တွင်း​ကို​ဖွင့်၍ ထား​သည်​ဖြစ်​စေ၊ တွင်း​ကို​တူး၍ မ​ပိတ်​ဘဲ​ထား​သည်​ဖြစ်​စေ၊ သူ​တစ်​ပါး၏​မြင်း၊ နွား​သည် ထို​တွင်း၌​ကျ​လျှင်၊ 34တွင်း​ရှင်​သည် မြင်း၊ နွား​အ​ဖိုး​ကို​လျော်၍ အ​သေ​ကောင်​ကို​ယူ​ရ​မည်။ 35အ​ကြင်​သူ၏​နွား​သည်၊ သူ​တစ်​ပါး၏​နွား​ကို အ​သေ​ခွေ့​လျှင်၊ နွား​ရှင်​နှစ်​ဦး​တို့​သည်၊ အ​သက်​ရှင်​သော နွား​ကို​ရောင်း၍ အ​ဖိုး​ကို​ဝေ​ယူ​ရ​မည်။ သေ​သော​နွား​ကို​လည်း ဝေ​ယူ​ရ​မည်။ 36၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး​ကြောင်း​ကို၊ နွား​ရှင်​သိ​လျက်​နှင့် မ​ချည်​မ​နှောင် အ​လွတ်​ထား​လျှင်၊ နွား​သေ​ကောင်​ကို ကိုယ်​တိုင်​ယူ​ရ​မည်။ ထို​နွား​တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​အ​မှန်​လျော်​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။