YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 22

22
ပြန်​လည်​ပေး​ဆပ်​ခြင်း​ဆိုင်​ရာ​ပ​ညတ်
1လူ​သည် သိုး​နွား​ကို​ခိုး၍ သတ်​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ နွား​တစ်​ကောင်​အ​တွက် နွား​ငါး​ကောင်​ကို​လည်း​ကောင်း၊ သိုး​တစ်​ကောင်​အ​တွက် သိုး​လေး​ကောင်​ကို​လည်း​ကောင်း ပြန်​ပေး​ရ​မည်။ 2သူ​ခိုး​သည် အိမ်​ကို​ထွင်း​ဖောက်​စဉ်၊ သူ​တစ်​ပါး​တွေ့၍ သေ​အောင်​သတ်​သော်​လည်း၊ သေ​စား​မ​သေ​စေ​ရ။ 3သို့​သော်​လည်း နေ​ထွက်​လျှင် သေ​စား​သေ​စေ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပြန်​ပေး​စ​ရာ​အ​ကြောင်း​ရှိ၏။ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​လျှင်၊ ခိုး​သည်​ဥ​စ္စာ​အ​တွက် ကိုယ်​ကို​ရောင်း​ရ​မည်။ 4သူ​ခိုး​လက်၌ ခိုး​သော​နွား၊ သိုး​ကို​အ​သက်​ရှင်​လျက် အ​မှန်​တွေ့​လျှင်၊ နှစ်​ဆ​ပြန်​ပေး​ရ​မည်။
5သူ့​လယ်၊ သူ့​စ​ပျစ်​ဥ​ယျာဉ်​ကို စား​စေ​သော်​လည်း​ကောင်း၊ မိ​မိ​တိ​ရ​စ္ဆာန်​ကို သူ့​လယ်၌​ထိန်း​ကျောင်း​သော်​လည်း​ကောင်း၊ မိ​မိ​လယ်၊ မိ​မိ​စ​ပျစ်​ဥ​ယျာဉ်​ထဲ​က​အ​ကောင်း​ဆုံး​ကို ထုတ်၍ ပြန်​ပေး​ရ​မည်။ 6မီး​ရှို့​သော​အ​ခါ မြက်​ပင်​ကြောင့် အ​စဉ်​အ​တိုင်း​လျှောက်​၍​လောင်​လျက်၊ ကောက်​လှိုင်း၊ စ​ပါး​ပင်၊ လယ်၌​ရှိ​သော​အ​ရာ​တို့​ကို လောင်​လျှင်၊ မီး​ရှို့​သော​သူ​သည် အ​မှန်​လျော်​ရ​မည်။
7လူ​တစ်​ဦး​သည် အိမ်​နီး​ချင်း​တစ်​ဦး​၌ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​အပ်​နှံ၍၊ အပ်​နှံ​ခံ​သော​သူ၏​အိမ်​မှ သူ​ခိုး​ခိုး​သွား​လျှင်၊ သူ​ခိုး​ကို​တွေ့​မိ​သော​အ​ခါ နှစ်​ဆ​လျော်​စေ။ 8သူ​ခိုး​ကို​မ​တွေ့​လျှင်၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​နီး​ချင်း​ဥ​စ္စာ​ကို ယူ​သ​လော၊ မ​ယူ​လော​ဟု ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​မည်။ 9သူ့​ဥ​စ္စာ​ကို ပြစ်​မှား​သည်​အ​မှု​မှာ၊ နွား၊ မြည်း၊ သိုး၊ အ​ဝတ်​အ​စ​ရှိ​သော ပျောက်​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​တွေ့၍၊ ဤ​ဥ​စ္စာ​ကား၊ ငါ၏​ဥ​စ္စာ​ဖြစ်​သည်​ဟု တစ်​စုံ​တစ်​ယောက်​ဆို​လျှင်၊ အ​မှု​သည်​နှစ်​ဦး​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​၍၊ တ​ရား​ရှုံး​သော​သူ​သည် နှစ်​ဆ​လျော်​ရ​မည်။ 10လူ​သည် အိမ်​နီး​ချင်း​လယ်၌ မြည်း၊ နွား၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​ကို အပ်​နှံ၍၊ ထို​တိ​ရ​စ္ဆာန် သေ​သော်​လည်း​ကောင်း၊ ထိ​ခိုက်၍ နာ​သော်​လည်း​ကောင်း၊ သက်​သေ​မ​ရှိ​ဘဲ သူ​တစ်​ပါး​မောင်း၍​သွား​သော်​လည်း​ကောင်း၊ 11အပ်​နှံ​ခံ​သော​သူ​သည် ငါ့​အိမ်​နီး​ချင်း​၏​ဥ​စ္စာ​ကို ငါ​မ​ယူ​ဟု နှစ်​ဦး​သ​ဘော​တူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​ကျိန်​ခံ​ရ​လျှင်၊ ဥ​စ္စာ​ရှင်​သည် ဝန်​ခံ​ရ​မည်။ အပ်​နှံ​ခံ​သူ​လည်း မ​လျော်​ရ။ 12သို့​ရာ​တွင် သူ​တစ်​ပါး​ခိုး​သွား​လျှင်၊ အပ်​နှံ​ခံ​သူ​သည် ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။ 13သား​ရဲ​ကိုက်​လျှင် သက်​သေ​ဖို့ အ​သေ​ကောင်​ကို​ပြ​စေ။ ပြ​နိုင်​လျှင် အ​လျော်​မ​ခံ​ရ။ 14လူ​သည်​အိမ်​နီး​ချင်း၌ တစ်​စုံ​တစ်​ခု​ကို​ငှား၍ ဥ​စ္စာ​ရှင်​မ​ပါ​ဘဲ သေ​သော်​လည်း​ကောင်း၊ ထိ​ခိုက်၍​နာ​သော်​လည်း​ကောင်း၊ အ​မှန်​လျော်​ရ​မည်။ 15ဥ​စ္စာ​ရှင်​ပါ​လျှင်၊ ငှား​သော​သူ​သည် မ​လျော်​ရ။ အ​ခ​နှင့် ငှား​လျှင်​မူ​ကား၊ ဥ​စ္စာ​ရှင်​သည် အ​ခ​ကို​သာ​တောင်း​ရ​မည်။
ကျ​င့်​ဝတ်​နှင့်​ဘာ​သာ​ရေး​ဆိုင်​ရာ​ပ​ညတ်
16မ​ပေး​စား​လို​သော​အ​ပျို​ကို၊ အ​ကြင်​ယောက်ျား​သည် ချော့​မော့၍​သင့်​နေ​လျှင်၊ ကန်​တော့​ဥ​စ္စာ​ကို​ပေး၍ ထို​မိန်း​မ​ကို မ​ယား​အ​ရာ၌ မြှောက်​ထား​ရ​မည်။ 17မိန်း​မ၏​အ​ဘ သ​ဘော​မ​တူ မ​ပေး​စား​လို​လျှင်၊ ကန်​တော့​ရ​သည်​နှင့်​အ​မျှ ငွေ​ကို လျော်​ရ​မည်။#တရား၊ ၂၂:၂၈-၂၉။ 18စုန်း​မ​ကို အ​သက်​ရှင်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​ရ။#တရား၊ ၁၈:၁၀-၁၁။ 19တိ​ရ​စ္ဆာန်​နှင့်​သင့်​နေ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။#ဝတ်၊ ၁၈:၂၃၊ ၂၀:၁၅-၁၆၊ တရား၊ ၂၇:၂၁။ 20ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော​သူ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။#တရား၊ ၁၇:၂-၇။
21တစ်​ပြည်​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​နှောင့်​ယှက်​မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ 22မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို သင်​တို့​သည်​မ​နှောင့်​ယှက်​ရ။#ထွ၊ ၂၃:၉၊ ဝတ်၊ ၁၉:၃၃-၃၄၊ တရား၊ ၂၄:၁၇-၁၈၊ ၂၇:၉။ 23နှောင့်​ယှက်​ခြင်း တစ်​စုံ​တစ်​ခု​ကို​ပြု၍ သူ​တို့​သည် ငါ့​အား​အ​နည်း​ငယ်​အော်​ဟစ်​လျှင်၊ ငါ​သည် ထို​အ​သံ​ကို​အ​မှန်​ကြား၍၊ 24ငါ​အ​မျက်​ပြင်း​စွာ​ထွက်​လျက် သင်​တို့​ကို ဓား​ဘေး​ဖြင့်​ကွပ်​မျက်​မည်။ သင်​တို့​မ​ယား​များ​သည်​လည်း မု​ဆိုး​မ​ဖြစ်၍၊ သား​သ​မီး​များ​သည်​လည်း မိ​ဘ​မ​ရှိ​သော သူ​ငယ်​ဖြစ်​ကြ​လိမ့်​မည်။
25ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။#ဝတ်၊ ၂၅:၃၅-၃၈၊ တရား၊ ၁၅:၅-၇၊ ၂၃:၁၉-၂၀။ 26အိမ်​နီး​ချင်း​သည် မိ​မိ​စောင်​ကို သင်၌​ပေါင်​ထား​လျှင်၊ မိုး​မ​ချုပ်​မီ ပြန်​ပေး​ရ​မည်။#တရား၊ ၂၄:၁၀-၁၃။ 27အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ခြုံ​စ​ရာ​မ​ရှိ။ ကိုယ်​ခြုံ​ဖို့​ဖြစ်၏။ သူ​သည် အ​ဘယ်​သို့​အိပ်​နိုင်​သ​နည်း။ ငါ့​အား​အော်​ဟစ်​လျှင် ငါ​ကြား​မည်။ ငါ​သည် သ​နား​သော​သ​ဘော​ရှိ၏။
28ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​မ​ပြော​ရ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို မ​ကျိန်​ဆဲ​ရ။#တ၊ ၂၃:၅။ 29အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။ 30ထို​နည်း​တူ သိုး​နွား​တို့​ကို​ပြု​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး သိုး​နွား​သ​ငယ်​ကို အ​မိ​နှင့်​အ​တူ​နေ​စေ၍၊ အ​ဋ္ဌ​မ​နေ့​ရောက်​မှ ငါ့​အား​ဆက်​ကပ်​ရ​မည်။ 31သင်​တို့​သည် ငါ့​ထံ၌ သန့်​ရှင်း​သော​သူ​ဖြစ်​ရ​ကြ​မည်။ တော၌ သား​ရဲ​ကိုက်​သော အ​မဲ​သား​ကို​မ​စား​ရ။ ခွေး​တို့​အား​ပစ်​ပေး​ရ​မည်။#ဝတ်၊ ၁၇:၁၅။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။