YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 20

20
ပ​ညတ်​တော်​ဆယ်​ပါး
(တ​ရား၊ ၅:၁-၂၁)
1ထို​အ​ခါ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​ဟူ​မူ​ကား၊ 2ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ 3ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။ 4အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။#ထွ၊ ၃၄:၁၇၊ ဝတ်၊ ၁၉:၄၊ ၂၆:၁၊ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။ 5ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊ 6ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင်၊ က​ရု​ဏာ​ကို​ပြ​သော ဘု​ရား​ဖြစ်၏။#ထွ၊ ၃၄:၆-၇၊ တော၊ ၁၄:၁၈၊ တရား၊ ၇:၉-၁၀။ 7သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။#ဝတ်၊ ၁၉:၁၂။ 8ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​အောက်​မေ့​လော့။#ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။ 9ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို​ကြိုး​စား၍ လုပ်​ဆောင်​လော့။#ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃။ 10သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ 11အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ခြောက်​ရက်​တွင်​ဖန်​ဆင်း​၍ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သ​တ္တ​မ​နေ့​ရက်​ကို ကောင်း​ချီး​ပေး​၍ သန့်​ရှင်း​စေ​တော်​မူ​၏။#က၊ ၂:၁-၃၊ ထွ၊ ၃၁:၁၇။ 12သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။#တရား၊ ၂၇:၁၆၊ မ၊ ၁၅:၄၊ ၁၉:၁၉၊ မာ၊ ၇:၁၀၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ဧ၊ ၆:၂၊ ဧ၊ ၆:၃။ 13လူ​အ​သက်​ကို မ​သတ်​နှင့်။#က၊ ၉:၆၊ ဝတ်၊ ၂၄:၁၇၊ မ၊ ၅:၂၁၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 14သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။#ဝတ်၊ ၂၀:၁၀၊ မ၊ ၅:၂၇၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 15သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။#ဝတ်၊ ၁၉:၁၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉။ 16ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။#ထွ၊ ၂၃:၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀။ 17ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။#ရော၊ ၇:၇၊ ၁၃:၉။
လူ​တို့​ကြောက်​ရွံ့​ခြင်း
(တရား၊ ၅:၂၂-၃၃)
18လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။ 19မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။#ဟေဗြဲ၊ ၁၂:၁၈-၁၉။ 20မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။ 21လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။
ယဇ်​ပ​လ္လင်​ဆိုင်​ရာ​ပ​ညတ်
22ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ကောင်း​ကင်​ဘုံ​မှ သင်​တို့​နှင့် နှုတ်​ဆက်​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။ 23ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။ 24ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။ 25သင်​သည် ကျောက်​ယဇ်​ပ​လ္လင်​ကို ငါ့​အ​ဖို့​တည်​လျှင်၊ ဆစ်​သော​ကျောက်​ကို မ​တည်​ရ။ သံ​တန်​ဆာ​ပါ၍ တည်​သော​ယဇ်​ပ​လ္လင်​သည် ညစ်​ညူး​ခြင်း​ရှိ၏။#ဟေဗြဲ၊ ၁၂:၁၈-၁၉။ 26သင်၌ ရှက်​စ​ရာ​အ​ကြောင်း မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​သို့ လှေ​ကား​ဖြင့်​မ​တက်​ရ​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။