YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 19

19
သိ​နာ​တောင်​သို့​ရောက်​ရှိ​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။ 2ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။ 3မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊ 4ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​ပြု​သော​အ​ကြောင်း၊ သင်​တို့​ကို ရွှေ​လင်း​တ​အ​တောင်​ဖြင့် ထမ်း၍ ကိုယ်​ဖို့​သိမ်း​ယူ​သော​အ​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ရ​ကြ​ပြီ။ 5ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။#တရား၊ ၄:၂၀၊ ၇:၆၊ ၁၄:၂၊ ၂၆:၁၈၊ ၁ ပေ၊ ၂:၉၊ တိ၊ ၂:၁၄။ 6သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။#ဗျာ၊ ၁:၆၊ ၅:၁၀၊ ၁ ပေ၊ ၂:၉။
7မော​ရှေ​သည်​ပြန်​လာ၍ လူ​တို့​တွင် အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​အ​လုံး​စုံ​တို့​ကို ပြန်​ပြော​လေ​၏။ 8လူ​အ​ပေါင်း​တို့​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု တ​ညီ​တ​ညွတ်​တည်း ပြန်​ပြော​ကြ၏။ မော​ရှေ​သည်​လည်း သူ​တို့​၏​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​လေ​၏။ 9ထာ​ဝ​ရ​ဘု​ရား​က​လည်း ကြည့်​ရှု​လော့။ သင်​နှင့်​ငါ​ပြော​သော​အ​ခါ လူ​များ​တို့​သည်​ကြား​၍ အ​စဉ်​အ​မြဲ သင့်​ကို​ယုံ​မည်​အ​ကြောင်း၊ မိုး​တိမ်​တိုက်၌ သင့်​ဆီ​သို့​ငါ​လာ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို လူ​များ​တို့​အား ပြန်​ပြော​လေ​၏။
10ထာ​ဝ​ရ​ဘု​ရား​က​လည်း လူ​တို့​ရှိ​ရာ​သို့​သွား​၍၊ ယ​နေ့​နှင့် နက်​ဖြန်၌ သူ​တို့​ကို​သန့်​ရှင်း​စေ​လော့။ သူ​တို့​အ​ဝတ်​ကို​လျှော်​စေ​၍၊ 11သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။ 12လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။ 13ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။#ဟေဗြဲ၊ ၁၂:၁၈-၂၀။ 14မော​ရှေ​သည် တောင်​ပေါ်​မှ လူ​တို့​ရှိ​ရာ​သို့​ဆင်း​သက်၍၊ သူ​တို့​ကို သန့်​ရှင်း​စေ၏။ သူ​တို့​သည် မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ကြ​၏။ 15မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။
16သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။#ဗျာ၊ ၄:၅။ 17မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။ 18ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။#တရား၊ ၄:၁၁-၁၂။ 19တံ​ပိုး​မြည်​သံ​သည်​ကြာ​ကြာ​မြည်​လျက်၊ အ​သံ​တိုး၍ ကြီး​သော​အ​ခါ၊ မော​ရှေ​သည်​ခေါ်၍၊ ဘု​ရား​သ​ခင်​သည် စ​ကား​သံ​နှင့်​ထူး​တော်​မူ​၏။ 20ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သိ​နာ​တောင်​ထိပ်​ပေါ်​သို့​ဆင်း​သက်၍၊ မော​ရှေ​ကို တောင်​ထိပ်​ပေါ်​သို့​ခေါ်​တော်​မူ​လျှင်၊ မော​ရှေ​သည်​တက်​လေ​၏။ 21ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။ 22ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ​ရ​မည်။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ 23မော​ရှေ​က​လည်း၊ လူ​တို့​သည် သိ​နာ​တောင်​သို့​မ​တက်​နိုင်​ကြ​ပါ။ အ​ကြောင်း​မူ​ကား၊ မ​ကျော်​ရ​သော​အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သန့်​ရှင်း​စေ​လော့​ဟု မှာ​ထား​တော်​မူ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လျှောက်​လေ​၏။ 24ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဆင်း​သွား​လော့။ သင်​နှင့် အာ​ရုန်​သာ​လျှင် တက်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​တက်​ခြင်း​ငှာ မ​ကျော်​မ​ဝင်​စေ​နှင့်။ သို့​မ​ဟုတ် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်​ဟု မိန့်​တော်​မူ၏။ 25မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​ဆင်း၍ ကြား​ပြော​လေ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။