ရှင်ဧလိရှဲ၏ ထူးဆန်းလှသော သဒ္ဓါယုံကြည်ခြင်းနမူနာ

မိတ်ဆွေသည် စိတ်ဖိစီးမှုကို အလွန်များပြီး ပြင်းထန်လှသော လောကံမုန်တိုင်းများကို ဖြတ်သန်းရနေပါသလား။ မိမိဝမ်းမြောက်ခြင်းနှင့် အစွမ်းသတ္တိကို ကုန်သွားနေပါသလား။ (၄ရာ၊ ၄:၁-၇) ရှိ သေဆုံးသွားသော ပရောဖက်၏ ဇနီးသည် ၎င်းင်ခံစားချက်များကိုလည်း ကိုယ်တိုင်ခံစားဖူးပါသည်။ သူမသည် ဧလိရှဲထံသို့ လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှာလာပါပြီဟု ကြွေးကြော်ခဲ့ပါသည်။ သူမသည် ရှင်ဧလိရှထံ အကူအညီကို တောင်းဆိုခဲ့ပါသည်။ ဧလိရှဲကလည်း၊ သင့်အဖို့ အဘယ်သို့ ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုခဲ့ပါသည်။ မိတ်ဆွေ၏ အခြေနေသည် ထိုမုတ်ဆိုးမ၏ အခြေနေနှင့် တူနေပါသလား။ မိတ်ဆွေ၌ လုံလောက်မှုမရှိဟု ထင်သောအခါ၊ စိတ်ဓာတ်ကျပြီး မိမိ၏ ကန့်သတ်ချက်များကိုသာ အာရုံစိုက်လွယ်ပါသည်။ သို့သော်၊ မိတ်ဆွေ၏ အမြင်နှင့် ဘုရားသခင်၏ အမြင်တော်ကို အလွန်တရာ ကွဲပြားပါသည်။
သမ္မာကျမ်းစာတွင်၊ ဘုရားသခင်သည် နည်းပါးသောအရာတို့ကို အလွန်တိုးပွားစေဖို့ မကြာခဏ ပြုတော်မူသည်။ ဤဇာတ်တော်ရှိ နိမိတ်လက္ခဏာသည် နောက်ထပ် ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။ လောကီသားတို့သည် ၎င်းနိမိတ်လက္ခဏာအပေါ် မယုံဘဲ မထီမဲ့မြင်ပြုသော်လည်း ဘုရားရှင်မြတ်သည် ၎င်းနိမိတ်လက္ခဏာများတို့ကို အားရနှစ်သက်တော်မူသည်။ ဘုရားသခင်သည် ဆီအိုးတစ်လုံးကို ယူ၍ ဆီကို အလွန်တိုးပွားစေတော်မူသဖြင့် မုတ်ဆိုးမ၏ အကြွေးများကို ဆပ်စေတော်မူခဲ့သည်။ မိတ်ဆွေသည် မျှော်လင်းမဲ့ပြီး ဆင်းရဲဒုက္ခကြုံရသောအခါ၊ ဘုရားသခင်သည် မိမိလက်ရှိဥစ္စာများကို သဘာဝအလွန်နည်းလမ်းများဖြင့် အသုံးပြုနိုင်သည်ဟု အောက်မေ့သတိရလိုက်ပါ။ ကျွန်တော်တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။ မိတ်ဆွေသည် စိတ်ရှုပ်ထွေးပြီး မိမိပစ္စည်းဥစ္စာများကို နည်းလှပါပြီဟု ခံစားနေပါသလား။ ဘုရားသခင်၏ သမ္မာတရားနှင့် ကတိတော်များကို ပိုမိုအာရုံစိုက်စေဖို့ မိမိဓမ္မအာရုံကို မည်သို့ပြောင်းလဲနိုင်မနည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ရှင်ဧလိရှဲသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အလွန်ထင်ရှားလှသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ သူသည် ပရောဖက်တစ်ပါး ဖြစ်ပြီး မိမိထူးဆန်းသော ယုံကြည်ခြင်းအားဖြင့် ထူးဆန်းသော တန်ခိုးဣဒ္ဓိပါဒ်များကို ပြခဲ့ပါသည်။ ဤ (၁၃) ရက်တာအစီအစဉ်တွင် ရှင်ဧလိရှဲ၏ ဇာတ်တော်ကို ဖတ်ရှုလေ့လာ၍ ထူးဆန်းသော ယုံကြည်ခြင်းကို ပြုစုသော အသက်တာထဲသို့ ဝင်စားလိုက်ပါ။
More