ရှင်ဧလိရှဲ၏ ထူးဆန်းလှသော သဒ္ဓါယုံကြည်ခြင်းနမူနာ

ရှင်ဧလိရှဲ၏ အသက်တာတွင် ထူးဆန်းသော တန်ခိုးဣဒ္ဓိပါဒ်များကို မကြာခဏ တွေ့ရခဲ့ပါသည်။ (၄ရာ၊ ၆း၁-၇) တွင်၊ သဘာဝအလွန် နိမိတ်လက္ခဏာတစ်မျိုးကို တွေ့နိုင်ပါသည်။ ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။၊ အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ ဝိုင်း၍ သစ်သားကို ခုတ်ပြီးလျှင်၊ ကိုယ်နေစရာဖို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။ အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန်တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊ သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကို ခုတ်ကြ၏။ တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှားခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊ ဘုရားသခင်၏ လူက၊ အဘယ်မှာကျသနည်းဟု မေးသော်၊ ကျရာအရပ်ကို ပြပြီးမှ၊ တုတ်ကို ခုတ်၍ ထိုအရပ်၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကို ဆန့်၍ ဆယ်ယူ၏ (၄ရာ၊ ၆း၁-၇)။ ဤဇာတ်တော်ကို စတင်ဖတ်သောအခါ နက်သောအဓိပ္ပာယ်ကို မရှိဘူးဟု ထင်နိုင်သောလည်း အမှန်မှာ အလွန်တရာ နက်လှသောအဓိပ္ပာယ်ကို ရှိပါသည်။ ဘုရားသခင်သည် မိမိဆုံးရှုံးသောဥစ္စာများကို အလေးထား၍ သတိနှင့်ကြည့်ရှုတော်မူသည်။ ဘုရားသခင်သည် ၎င်းပရောဖက်တစ်ပါးကို သတိနှင့်ကြည့်ရှုလျက် ကူညီမစမူခဲ့သလို မိတ်ဆွေ၏ အမှုကိစ္စတိုင်းကို မစကူညီစေဖို့ စေတနာစိတ် ရှိတော်မူသည်။
မိတ်ဆွေသည် မည်သို့ရှုံးဆုံးခဲ့ပါနည်း။ မိမိ၏ ကောင်းကြီးဩဘာ၊ လူမူရေးဆက်ဆံခြင်း၊ ငြိမ်သက်ခြင်း၊ စီးပွားရေး၊ ဂုဏ်အသရေစသည့် ရှုံးဆုံးခဲ့ပါသလား။ မင်္ဂလာသတင်းကောင်းက၊ ဘုရားသခင်သည် မိတ်ဆွေကို အလွန်ချစ်တော်မူသောကြောင့် မိမိရှုံးဆုံးသောအရာများကို ပြန်လည်ရစေဖို့ ကူညီမစတော်မူလိမ့်မည် ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိ၏ ပျောက်ဆုံးသည့်အရာကို ပြုတ်ကျရာနေရာမှ စတင်ရှာဖွေခြင်းဖြင့် ပြန်လည်ရှာတွေ့စေရန် တတ်နိုင်တော်မူသည်။ ဘုရားသခင်၏ ကူညီမစခြင်းအားဖြင့် မှားသောလမ်းမှ ထွက်၍ သမ္မာတရားလမ်း၌ ပြန်ရောက်စေပါ။ မိမိနည်းလမ်းနှင့် အကျင့်တရားကို ပြောင်းလဲစေပါ။ အကယ်၍၊ မိမိ၏ ပုဆိန်သည် ပျောက်မသွားပါ။ ၎င်းပုဆိန်သည် မိတ်ဆွေထားခဲ့ရာ၌သာ ရှိကောင်းရှိနိုင်ပါသည်။ ဘုရားသခင်သည် သဘာဝအလွန် နည်းလမ်းများဖြင့် ပြန်ပေးတတ်ပါသည်။ မိတ်ဆွေ၏ ပျောက်ဆုံးသွားသော အရာများထဲမှ ဘုရားသခင်က ပြန်လည်ရယူရန် လိုအပ်သည်မှာ အဘယ်နည်း။ ၎င်းအရာကို ပြန်လည်ရစေဖို့ မည်သို့ပြုလုပ်မည်နည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ရှင်ဧလိရှဲသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အလွန်ထင်ရှားလှသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ သူသည် ပရောဖက်တစ်ပါး ဖြစ်ပြီး မိမိထူးဆန်းသော ယုံကြည်ခြင်းအားဖြင့် ထူးဆန်းသော တန်ခိုးဣဒ္ဓိပါဒ်များကို ပြခဲ့ပါသည်။ ဤ (၁၃) ရက်တာအစီအစဉ်တွင် ရှင်ဧလိရှဲ၏ ဇာတ်တော်ကို ဖတ်ရှုလေ့လာ၍ ထူးဆန်းသော ယုံကြည်ခြင်းကို ပြုစုသော အသက်တာထဲသို့ ဝင်စားလိုက်ပါ။
More