က~မ္ဘာ~ဦး~ကျမ်း။ 3

3
1မြွေ သည် ထာ ဝ ရ ဘု ရား သ ခင် ဖန် ဆင်း တော် မူ သော မြေ သ တ္တ ဝါ ခပ် သိမ်း တို့ ထက် လိ မ္မာ သည် ဖြစ် ၍ မိန်း မ အား၊ သင် တို့ သည် ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင် ၏ အ သီး ကို မ စား ရ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဧ ကန် စင် စစ် လော ဟူ ၍ မေး သော်၊ 2မိန်း မ က၊ ငါ တို့ သည် ဥ ယျာဉ် ၌ ရှိ သော အ ပင် များ ၏ အ သီး ကို စား ခွင့် ရှိ ၏။ 3ဥ ယျာဉ့် အ လယ်၌ ရှိ သော အ ပင် ၏ အ သီး ကို ကား သင် တို့ မ သေ​ စေ ခြင်း ငှါ မ ကိုင် မ စား ပဲ နေ ကြ လော့ ဟု ဘု ရား သ ခင် အ မိန့် တော် ရှိ သည် ဟူ၍ မြွေ အား ပြန် ဆို ၏။ 4မြွေ က လည်း သင် တို့ သည် မု ချ သေ ရ မည် မ ဟုတ်။ 5စင် စစ် မူ ကား ထို အ သီး ကို စား သော နေ့ ၌ သင် တို့ သည် မျက် စိ ပွင့် လင်း လျက် အ ကောင်း အ ဆိုး ကို သိ ၍၊ ဘုရား သ ခင် ကဲ့ သို့ ဖြစ် ကြ လ တ္တံ့ သည် ကို ဘု ရား သ ခင် သိ တော် မူ သည် ဟု မိန်း မ အား ဆို ၏။ 6ထို အ ပင် သည် စား ဖွယ် ရှု ဖွယ် ကောင်း သည် ကို လည်း ကောင်း၊ ပ ညာ ရ စေ ရန် နှစ် သက် ဖွယ် သော အ ပင်ဖြစ် သည် ကို လည်း ကောင်း၊ မိန်း မ သိ မြင် လျှင် အ သီး ကို ယူ စား သည့် ပြင် ပေး သည့် အ တိုင်း ယောက်ျား လည်း စား သ ဖြင့်၊ 7ထို သူ နှစ် ဦး တို့ သည် မျက် စိ ပွင့် လင်း ၍ အ၀တ် အ ချည်း စည်း ရှိ သည် ကို သိ မြင် သည် နှင့် သ ဖန်း ရွက် များ ကို တွယ် စပ်၍ ၀တ် စည်း ရန် လုပ် ကြ ၏။ 8နေ အေး သော အ ချိန် တွင် ထို ဥ ယျာဉ် ၌ ထာ ဝ ရ ဘု ရား သ ခင် ကြွ တော် မူ သံ ကို လူ လင် မ ယား တို့ ကြား လျှင် ဥ ယျာဉ် ရှိ အ ပင် များ တွင် မျက် မှောက် တော် မှ ပုန်း ရှောင် လျက် နေ ကြ ၏။ 9ထာ ဝ ရ ဘု ရား သ ခင် က လည်း သင် သည် အ ဘယ် မှာ ရှိ သ နည်း ဟု လူ ကို ခေါ် တော် မူ ရာ၊ 10လူ က၊ ဥ ယျာဉ် ၌ အ သံ တော် ကို ကျွန် တော် ကြား ရ လျှင် အ ဝတ် အ ချည်း စည်း ရှိ သော ကြောင့် ကြောက် ၍ ပုန်း ရှောင် လျက် နေ ပါ သည် ဟု လျှောက် သော်၊ 11အ၀တ် အ ချည်း စည်း ရှိ သည် ကို မည် သူ ပြော သ နည်း။ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား ပြီ လော ဟူ ၍ မေး တော် မူ ၏။ 12လူ က လည်း ကျွန် တော် အား အပ် ပေး တော် မူ သော မိန်း မ သည် ထို အ ပင် ၏ အ သီး ကို ပေး ၍ ကျွန် တော် စား မိ ပါ သည် ဟု လျှောက် သော်၊ 13သင် သည် မည် သို့ ပြု ဘိ သ နည်း ဟု မိန်း မ အား ထာ၀ ရ ဘု ရား သ ခင် မေး တော် မူ လျှင် မိန်း မ က မြွေ လှည့် စား သ ဖြင့် ကျွန် တော် မ စား မိ ပါ ပြီ ဟု လျှောက် လေ ၏။ 14ထို အ ခါ မြွေ အား ထာ၀ ရ ဘု ရား သ ခင် က၊ ဤ အ မှု ကို ပြု သော ကြောင့် သား ယဉ် သား ရဲ အ ပေါင်း တို့ အ နက် သင် သည် အမင်္ဂ လာ ကို ခံ ရ လျက် တစ် သက် လုံး ၀မ်း ဖြင့် တွား ၍ မြေ မုန့် ကို စား ရ မည်။ 15သင် နှင့် ထို မိန်း မ ကို လည်း ကောင်း၊ သင်၏ အ မျိုး အ နွယ် နှင့် မိန်း မ၏ အ မျိုး အ နွယ် ကို လည်း ကောင်း၊ ငါ သည် ရန် ငြိုး ဖွဲ့ စေ မည်။ သူ သည် သင့် ဦး​ ခေါင်း ကို ပေါက် လိမ့် မည်၊ သင် လည်း သူ ဖ နောင့် ကို ပေါက် လိမ့် မည် ဟု မိန့် တော် မူ ၏။ 16မိန်း မ အား လည်း သင်၌ ကိုယ် ဝန် ဆောင် ခြင်း ဒု က္ခ ကို ငါ အ လွန် များ ပြား စေ မည်။ ဒု က္ခ ဝေ ဒ နာ နှင့် သား ဖွား ရ မည်။ ကိုယ့် ယောက်ျား ကို စုံ မက် ခင် မင်၍ သူ့ အ နော် အ တာ ကို လည်း ခံ ရ မည် ဟု မိန့် တော် မူ ၏။ 17အာ ဒံ အား လည်း သင် သည် မ ယား ၏ စ ကား ကို နား ထောင် ၍ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား မိ သော ကြောင့် မြေ သည် သင့် အ တွက် အမင်္ဂ လာ ကို ခံ ရ သ ဖြင့် မြေ၏ အ သီး ကို တစ် သက် ပတ် လုံး ဒု က္ခ ခံ လျက် သင် စား ရ မည်။ 18ဆူး ပင် ပေါင်း ပင် လည်း သင် အ ဖို့ မြေ က ပေါက် ရ မည်။ ကွင်း ပြင် မှ ထွက် သော ကောက် ပဲ များ ကို သင် စား ရ မည်။ 19မြေ သို့ မ ပြန် မ ချင်း န ဖူး မှ ချွေး ထွက် လျက် အ စာ ကို စား ရ မည်။ သင် သည် မြေ မှ ထွက် ခဲ့၍ မြေ မုန့် ဖြစ် သ ဖြင့် မြေ မုန့် သို့ ပင် ပြန် ရ မည် ဟု မိန့် တော် မူ ၏။ 20ထို မိန်း မ သည် အ သက် ရှင် သော လူ အ ပေါင်း တို့၏ အ မိ ဖြစ် သော ကြောင့် ဧ၀ အ မည် ဖြင့် လူ မှည့် လေ ၏။ 21ထာ ဝ ရ ဘု ရား သ ခင် လည်း အာ ဒံ နှင့် သူ့ မ ယား အ ဖို့ သား ရေ အ၀တ် ကို ဖန် ဆင်း ၍ ၀တ် ခြုံ စေ တော် မူ ၏။#3.21 အ နက် ကား - အသက်။
22ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် အ ကောင်း အ ဆိုး ကို သိ ၍ ငါ တို့ တွင် တစ် ပါး ပါး ကဲ့ သို့ ဖြစ် လေ ပြီ။ ယ ခု မှာ ထာ၀ ရ အ သက် ရှင် ခြင်း ငှါ လက် ဆန့် လျက် အ သက် ပင်၏ အ သီး ကို ဆွတ် စား မည် စိုး သည် ဟု မိန့် တော် မူ၍ ထွက် ခဲ့ ရင်း မြေ၌ လုပ် ကိုင် စေ ရန်၊ 23ထာ ဝ ရ ဘု ရား သ ခင် သည် ဧ ဒင် ဥ ယျာဉ် ထဲ မှ လွှတ် လိုက် တော် မူ ၏။ 24ထို သို့ လူ ကို နှင် ထုတ် ပြီး လျှင် အ သက် ပင် လမ်း ကို စောင့် ရှောက် စေ ခြင်း ငှါ မီး စက် လက် နက် နှင့် တ ကွ ခေ ရု ဗ တို့ ကို ဧ ဒင် ဥ ယျာဉ် အ ရှေ့ ဘက်၌ ထား တော် မူ ၏။

Highlight

Kongsi

Salin

None

Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk

YouVersion menggunakan kuki untuk memperibadikan pengalaman anda. Dengan menggunakan laman web kami, anda menerima penggunaan kuki kami seperti yang diterangkan dalam Polisi Privasi kami