က~မ္ဘာ~ဦး~ကျမ်း။ 2

2
1မိုး မြေ နှင့် တ ကွ #2.1 ပါ ဠိ ဗိုလ် ခြေ တို့။ရှိ ရှိ သ မျှ သည် ပြီး စီး လျက် ရှိ ကြ ကုန် ၏။  2သ တ္တ မ နေ့ ရက် ရောက် လျှင် ဘု ရား သ ခင် သည် ယ မန် ဖန် ဆင်း ခဲ့ သော အ မှု ကို လက် စ သတ် တော် မူ၍ အ မှု အ ရာ ရှိ သ မျှ ကို ဖန် ဆင်း ပြီး မှ ထို သ တ္တ မ နေ့ ၌ ငြိမ် ဝပ် စွာ နေ တော် မူ ၏။ 3ဘု ရား သ ခင် သည် အ မှု အ ရာ ရှိ သ မျှ ကို ဖန် ဆင်း ပြု ပြင် ပြီး မှ သ တ္တ မ နေ့ ရက် ၌ ငြိမ် ၀ပ် စွာ နေ တော် မူ သော ကြောင့် ထို နေ့ ရက် ကို ကောင်း ကြီး ပေး ၍ သီး သန့် ထား တော် မူ ၏။
4ဤ အ ကြောင်း အ ရာ ကား ထာ ဝ ရ ဘု ရား သ ခင် သည် မိုး မြေ ကို ဖန် ဆင်း တော် မူ သော နေ့၊ ဖန် ဆင်း ရာ ကာ လ တွင် မိုး မြေ ၏ မူ လ အ တ္ထု ပ္ပ တ္တိ ပေ တည်း။ 5ထာ၀ ရ ဘု ရား သ ခင် သည် မြေ ပေါ်၌ မိုး ကို ရွာ စေ တော် မ မူ။ မြေ၌ လုပ် သော သူ လည်း မ ရှိ သေး သည် ဖြစ်၍ မြေ ပေါ် တွင် ကွင်း ပြင် မှာ အ ပင် အညှောက် မ ပေါ်။ ကောက် ပဲ လည်း မ ပေါက် သေး။ 6သို့ ရာ တွင် မြေ မှ ထွက် သော အ ခိုး အ ငွေ့ သည် မြေ တစ် ပြင် လုံး ကို စို​ စေ လေ ၏။ 7ထို နောက်၊ ထာ ဝ ရ ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍ သူ့ နှာ ခေါင်း ထဲ သို့ ဇီ ဝ အ သက် ကို မှုတ် သွင်း တော် မူ ရာ လူ သည် အ သက် ရှင် သော သ တ္တ ဝါ ဖြစ် လေ ၏။ 8ထာ ဝ ရ ဘု ရား သ ခင် လည်း အ ရှေ့ မျက် နှာ၊ ဧ ဒင် အ ရပ် ၌ ဥ ယျာဉ် ကို စိုက် ပျိုး ပြီး လျှင် ဖန် ဆင်း တော် မူ သော လူ ကို ထို ဥ ယျာဉ် ၌ နေ ရာ ချ ထား တော် မူ ၏။ 9ထာ၀ ရ ဘု ရား သ ခင် သည် ထို မြေ ထဲ မှ ရှု ဖွယ် စား ဖွယ် ကောင်း သော အ ပင် အ မျိုး မျိုး ကို လည်း ကောင်း၊ ဥယျာဉ် အ လယ် ၌ အ သက် ပင် ကို လည်း ကောင်း၊ အ ကောင်း အ ဆိုး သိ ကျွမ်း ရာ အ ပင် ကို လည်း ကောင်း ပေါက် စေ တော် မူ ၏။ 10ထို ဥ ယျာဉ် ကို စို စွတ် စေ ရန် မြစ် တစ် မြစ် သည် ဧ ဒင် အ ရပ် ထဲ က စီး ထွက် သ ဖြင့် ဥ ယျာဉ့် ပြင် မှ ကွဲ၍ မြစ် ကြီး လေး သွယ် ဖြစ် လေ ၏။ 11ပ ဌ မ မြစ် ကား ဖိ ရှုန် အ မည် ရှိ၏။ ထို မြစ် သည် ရွှေ ရှိ သော ဟ ဝိ လ ပြည် တစ် လျှောက် လုံး ကို လှည့် ၍ စီး သွား လေ ၏။ 12ထို ပြည် မှ ထွက် သော ရွှေ သည် ကောင်း လှ ၏။ ပ ယင်း နှင့် မ ဟူ ရာ ကျောက် လည်း ရှိ ၏။ 13ဒု တိ ယ မြစ် ကား ဂိ ဟုန် အ မည် ရှိ၏။ ထို မြစ် သည် ကု ရှ ပြည် တစ် လျှောက် လုံး ကို လှည့် ၍ စီး သွား လေ ၏။ 14တ တိ ယ မြစ် ကား တိ ဂ ရစ် အ မည် ရှိ၏။ ထို မြစ် သည် အာ ရှု ရိ တိုင်း အ ရှေ့ သို့ စီး သွား လေ၏။ စ တု တ္ထ မြစ် ကား ဥ ဖ ရတ် အ မည် ရှိ ၏။
15ထို အ ခါ ထာ ဝ ရ ဘု ရား သ ခင် သည် လူ ကို ခေါ် ဆောင် ၍ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် ထိန်း စေ ခြင်း ငှါ ထား တော် မူ ၏။ 16ထာ ဝ ရ ဘု ရား သ ခင် က လည်း ထို ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင်၏ အ သီး ကို သင် စား ခွင့် ရှိ ၏။ 17အ ကောင်း အ ဆိုး သိ ကျွမ်း ရာ အ ပင် ၏ အ သီး ကို ကား မ စား ရ။ စား သော နေ့ တွင် မု ချ သေ ရ မည် ဟု လူ ကို ပ ညတ် ထား တော် မူ ၏။
18ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် တစ်​ယောက် တည်း မ နေ စ ကောင်း။ သူ့ အ ဖို့ တော် သော အ ထောက် အ မ ကို ငါ ဖန် ဆင်း ဦး မည် ဟု မိန့် တော် မူ ၏။ 19ထာ၀ ရ ဘု ရား သ ခင် သည် မြေ သ တ္တ ဝါ နှင့် လေ သ တ္တ ဝါ အ ပေါင်း တို့ ကို မြေ ဖြင့် ဖန် ဆင်း တော် မူ ပြီး လျှင် လူ သည် မည် သို့ ခေါ်​ဝေါ် သည် ကို သိ ခြင်း ငှါ ဆောင် ခဲ့ တော် မူ၍ လူ မှည့် ခေါ် သည့် အ တိုင်း သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ အ မည် အ သီး အ သီး ရှိ ကြ ၏။ 20ထို သို့ လူ သည် သား ယဉ် သား ရဲ နှင့် လေ သ တ္တ ဝါ အ ပေါင်း တို့ ကို အ မည် မှည့် လေ ၏။ သို့ သော် လည်း လူ့ အ ဖို့ တော် သော အ ထောက် အ မ မ ရ မ ရှိ သေး။ 21ထို အ ခါ ထာ ဝ ရ ဘု ရား သ ခင် သည် လူ ကို အိပ် မော ကျ စေ တော် မူ ၍ အိပ် ပျော် စဉ်၊ နံ ရိုး တစ် ချောင်း ကို ထုတ် ပြီး လျှင် ထို အ ရိုး အ စား အ သား ကို စေ့ စပ် စေ တော် မူ ၏။ 22ထာ ဝ ရ ဘု ရား သ ခင် သည် လူ ထဲ မှ ထုတ် သော နံ ရိုး ဖြင့် လူ မိန်း မ ကို ဖန် ဆင်း ၍ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။ 23လူ က လည်း ယ ခု မှ ဤ သူ သည် ငါ့ အ ရိုး ၏ အ ရိုး၊ ငါ့ အ သား ၏ အ သား ဖြစ် ၏။ လူ ယောက်ျား ထဲ မှ ထုတ် သော ကြောင့် လူ မိန်း မ ဟူ ၍ ခေါ်​ဝေါ် အပ် သည် ဟု ဆို လေ ၏။ 24ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ ၍ မ ယား နှင့် စုံ ဖက် သ ဖြင့် ထို သူ တို့ သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။ 25ထို သူ လင် မ ယား နှစ် ဦး တို့ သည် အ ဝတ် အ ချည်း စည်း နေ ရ သော် လည်း ရှက် ကြောက် ခြင်း နှင့် ကင်း လွတ် ကြ ၏။

Highlight

Kongsi

Salin

None

Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk

YouVersion menggunakan kuki untuk memperibadikan pengalaman anda. Dengan menggunakan laman web kami, anda menerima penggunaan kuki kami seperti yang diterangkan dalam Polisi Privasi kami