YouVersion Logo
Search Icon

ဇေဖနိ 3

3
ယေ​ရု​ရှ​လင်​မြို့​၏​အ​ပြစ်
1ဆန့်​ကျင်​ဘက်​ပြု၍ ညစ်​ညူး​လျက် ညှဉ်း​ဆဲ​တတ်​သော မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ 2နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ ဆုံး​မ​တော်​မူ​ခြင်း​ကို​မ​ခံ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ မိ​မိ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ မ​ချဉ်း​ကပ်၊ 3မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။ 4ပ​ရော​ဖက်​တို့​သည် လျှပ်​ပေါ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ​ဖြစ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍ တ​ရား​တော်​ကို​လည်း ရှုတ်​ချ​ကြ၏။ 5သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​အ​လယ်၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ၏။ မ​တ​ရား​သော အ​မှု​ကို ပြု​တော်​မ​မူ။ နံ​နက်​အ​စဉ်​အ​တိုင်း မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို မ​ချွတ်​မ​ယွင်း ဖော်​ပြ​တော်​မူ၏။ သို့​သော်​လည်း၊ အ​ဓ​မ္မ​လူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ကြ။ 6လူ​အ​မျိုး​မျိုး​တို့​ကို ငါ​ပယ်​ဖြတ်၍ သူ​တို့​ရဲ​တိုက်​များ​ကို ဖျက်​ဆီး​လေ​ပြီ။ လမ်း​တို့၌ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ​စေ​ခြင်း​ငှာ လူ​ဆိတ်​ညံ​စေ​ပြီ။ မြို့​တို့​ကို​လည်း လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​စေ​ခြင်း​ငှာ ဖျက်​ဆီး​လေ​ပြီ။ 7ထို​အ​ခါ ငါ​က၊ အ​ကယ်​စင်​စစ် ဤ​မျှ​လောက်​ငါ​ဆုံး​မ​ပြီး​မှ သင်​သည် ကိုယ်​နေ​ရာ​ကို မ​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ့​ကို​ကြောက်​ရွံ့၍ နည်း​ခံ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ကြိုး​စား၍ မှား​ယွင်း​သော​အ​ကျင့်​ကို​သာ ကျင့်​ကြ၏။
8သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖမ်း​ဆီး​လု​ယက်​ခြင်း​ငှာ ငါ​မ​ထ​မီ​တိုင်​အောင် ငါ့​ကို ငံ့​လင့်​ကြ​လော့။ တိုင်း​နိုင်​ငံ ပြည်​သား​အ​မျိုး​မျိုး​တို့​ကို စု​ဝေး​စေ၍၊ ငါ့​အ​မျက်၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို အ​ကုန်​အ​စင် သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ ငါ့​ဒေါ​သ​မီး​သည် မြေ​တစ်​ပြင်​လုံး​ကို လောင်​ရ​လိမ့်​မည်။ 9အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။ 10ကု​ရှ​ပြည်၏​မြစ်​တို့​တစ်​ဖက်၊ အ​ရပ်​ရပ်၌ ကွဲ​ပြား​လျက်​နေ​သော ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ ငါ့​ကို တောင်း​ပန်​သော သူ​တို့​သည် ငါ့​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​မည်။ 11ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။ 12နှိမ့်​ချ​ဆင်း​ရဲ​သော အ​မျိုး​ကို သင့်​အ​လယ်၌ ငါ​ချန်​ထား​မည်။ ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ခို​လှုံ​ကြ​လိမ့်​မည်။ 13ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​တ​ရား​သော​အ​မှု​ကို မ​ပြု​ရ​ကြ။ မု​သား​မ​ပြော​ရ​ကြ။ သူ​တို့ နှုတ်၌ လှည့်​စား​တတ်​သော လျှာ​မ​ရှိ​ရ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ စား​သောက်​လျက်၊ အိပ်​လျက် နေ​ရ​ကြ​လိမ့်​မည်။#ဗျာ၊ ၁၄:၅။
ဝမ်း​မြောက်​ဖွယ်​သီ​ချင်း
14အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကြွေး​ကြော်​လော့။ အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ 15ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပြစ်​ဒဏ်​တို့​ကို ပ​ပျောက်​စေ၍၊ သင်၏​ရန်​သူ​တို့​ကို ပယ်​ရှား​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌ ရှိ​တော်​မူ၏။ သင်​သည် နောက်​တစ်​ဖန် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​မ​ကြုံ​ရ။ 16မ​စိုး​ရိမ်​ပါ​နှင့်​ဟု၊ ယေ​ရု​ရှ​လင်​မြို့​အား​လည်း​ကောင်း၊ လက်​အား မ​လျှော့​စေ​နှင့်​ဟု၊ ဇိ​အုန်​တောင်​အား​လည်း​ကောင်း ထို​အ​ခါ ဆို​ရ၏။ 17သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ 18ကဲ့​ရဲ့​ခြင်း​ဝန်​ကို သင်​ထမ်း​ရာ​အ​ကြောင်း​တည်း​ဟူ​သော၊ သင်​နှင့်​ဝေး၍ ဓ​မ္မ​ပွဲ​ကို မ​ခံ​ရ​ဘဲ ညှိုး​ငယ်​လျက်​ရှိ​သော သူ​တို့​ကို ငါ​စု​ဝေး​စေ​မည်။ 19သင့်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ထို​အ​ခါ ငါ​စီ​ရင်​မည်။ နာ​သော​သူ​ကို ချမ်း​သာ​ပေး​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​ကို သင်း​ဖွဲ့​စေ​မည်။ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​ရ​ရာ ပြည်​အ​ရပ်​ရပ်​တို့၌ ချီး​မွမ်း​ခြင်း ဂုဏ်​အ​သ​ရေ​ကို ပေး​မည်။ 20ထို​ကာ​လ၌ သင်​တို့​ကို တစ်​ဖန် ငါ​ဆောင်​ခဲ့၍ စု​ဝေး​စေ​သ​ဖြင့်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ တစ်​ဖန် ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​တို့​တွင် ချီး​မွမ်း​ခြင်း​ဂုဏ်​အ​သ​ရေ​ကို သင်​တို့​အား​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ပ​ရော​ဖက်​ဇေ​ဖ​နိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

Currently Selected:

ဇေဖနိ 3: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy